Friday, January 30, 2015

သြစီတွေအတွက် ထပ်အယူခံဝင် ခွင့်မရပေမယ့် လျှောက်လွှာတင်ဦးမယ်


တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ သြစတြေးလျ နိုင်ငံသား နှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံက နောက်တစ်ကြိမ် အယူခံဝင်ခွင့်အပေးပေမယ့် ရှေ့နေတွေကတော့ ဆက်လက်အယူခံဝင်ခွင့် လျှောက် လွှာ တင်မယ်လို့ ပြောနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ချမှတ်ခံနေရတဲ့ Andrew Chan ကို အင်ဒိုနီးရှား သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် မပေးဖို့ ဆုံးဖြတ်တာ တစ်ပတ်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Andrew Chan လိုပဲ မူးယစ်ဆေးဝါး ကုန်ကူးခဲ့တဲ့ Myuran Sukumaran ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အင်ဒိုနီးရှားက ငြင်းဆိုခဲ့တဲ့အတွက် အဆိုပါ သြစတြေးလျနိုင်ငံသား နှစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ပေး ခံရမယ့် သူတွေ ဖြစ်နေပါတယ်။

သူတို့ရဲ့ သေဒဏ်အပေါ် ပြန်လည် ဆန်းစစ်ပေးဖို့ အယူခံဝင်ခွင့်ရခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ပါဘူး။

အခု ဒုတိယအကြိမ် အယူခံ ဝင်ခွင့်ပေးဖို့ ရှေ့နေတွေက ကြိုးစားပေမယ့် အယူခံဝင်ခွင့် မရှိဘူးလို့ အင်ဒိုနီးရှား ရှေ့နေ ချုပ်က ပြောပါတယ်။

ဒါပေမဲ့ တရားခံတွေရဲ့ ရှေ့နေတွေကတော့ ဒီတစ်ပတ်အတွင်း ထပ်မံ အယူခံဝင်မယ်လို့ ပြောနေပါတယ်။

သြစတြေးလျနိုင်ငံသားတွေကတော့ အဲဒီ လူနှစ်ယောက်ကို သေဒဏ်မပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုထားပြီး မနေ့ညတုန်းက မီးထွန်းဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ပါတယ်။

ဆစ်ဒနီမြို့မှာ ပြုလုပ်ခဲ့တဲ့ မီးထွန်းဆုတောင်းပွဲကို လူပေါင်း တစ်ထောင်လောက် တက်ရောက်ပြီး အင်ဒိုနီးရှား အစိုးရကို ထပ်မံ အသနားခံခဲ့ကြပါတယ်။

ဂီတပညာရှင် တချို့ကလည်း သီချင်းတွေနဲ့ ဖျော်ဖြေ နှစ်သိမ့်မှု လုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ Andrew Chan နဲ့ Myuran Sukumaran ကတော့ အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုအခါမှာတော့ သူတို့တွေဟာ လူလိမ္မာ လူကောင်းတွေ ဖြစ်နေကြပြီလို့ ဆွေမျိုးတွေက တဆင့် ပြောသွားခဲ့ပါတယ်။ 

ABC

No comments:

Post a Comment

My Blog List