Friday, January 30, 2015

MH370 လေယာဉ် မတော်တဆမှုကြောင့်ဖြစ်လို့ တရားဝင်ကြေညာ


ပြီးခဲ့တဲ့ နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 ဟာ မတော်တဆမှုကြောင့် ဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူ လူပေါင်း ၂၃၉ ဦးစလုံး သေဆုံးသွားပြီလို့ ယူဆရကြောင်း မလေးရှား အာဏာပိုင်တွေက တရားဝင် ကြေ ညာခဲ့ပါတယ်။
လေယာဉ် ပျောက်ဆုံးမှုဟာ သာမာန် မတော်တဆမှုသာ ဖြစ်ပြီး အဲဒီ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်မှာ ရောက် ရှိနေတယ်လို့ မလေးရှားနိုင်ငံ လေကြောင်းအရာရှိက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံ ဘေ ကျင်းမြို့ကို အသွားမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ်ကို သြစတြေးလျနိုင်ငံ အပါအဝင် အသဲအသန် ရှာဖွေကြပေမယ့်လည်း မတွေ့ခဲ့ကြပါဘူး။ အခုအချိန်အထိ လည်း အိန္ဒိယ သမုဒ္ဒရာမှာ အဲဒီလေယာဉ်ကို ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

လေယာဉ်နဲ့ လိုက်ပါသွားသူတွေ သေဆုံးသွားပြီလို့ ယူဆရတဲ့အတွက် ကျန်ရစ်သူတွေအနေနဲ့ နစ်နာကြေးတွေကို ထုတ် ယူနိုင်ကြမှာ ဖြစ်တယ်လို့လည်း မလေးရှား အာဏာပိုင်တွေကပြောပါတယ်။

MH370 လေယာဉ်ပေါ်မှာ သြစတြေးလျနိုင်ငံသား ၆ ယောက်လိုက်ပါ သွားခဲ့ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူ အားလုံး သေဆုံးပြီလို့ ယူဆကြောင်း မလေးရှား အစိုးရက တရားဝင်ကြေညာပေးတာဟာ သူတို့ကို ယုန်ထင်ကြောင်ထင် မဖြစ်စေတော့ပဲ ဖြေသိမ့်မှုတစ်ခုလိုတောင် ဖြစ်စေတယ်လို့ ကျန်ရစ်သူ မိသားစုဝင် တစ်ဦး က ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List