Friday, January 30, 2015

လွှတ်တော်တွင်း အခြေခံဥပဒေမပြင်ခင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုမျိုး အရင်လုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့


လွှတ်တော်တွင်း အခြေခံဥပဒေမပြင်ခင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုမျိုး အရင်လုပ်သင့်ကြောင်း ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် နဝမနေ့အစည်းအဝေးမတိုင်ခင် သတင်းထောက် များ မေးမြန်းမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ် သည်။
''ခြောက်ပွင့်ဆိုင်ဆိုတာလုပ်သင့် တယ်ပေါ့နော်။ လုပ်မယ် မလုပ်မယ်ဆိုတာက ထားလိုက်။ ဒါကတော့ အဓိကကတော့ သမ္မတပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ အမေကတော့ ရှင်းရှင်းလင်းလင်းပြောချင်တယ်။ ဒီလိုဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စတွေကို စောစောစီးစီးလုပ်တာအကောင်း ဆုံးပဲ။ အခုလိုပေါ့နော်။ ဖိအားပေးမှ တော်တော်မကျေနပ်မှုတွေက အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင် တယ်။ လက်ခံတယ် ဆိုတာဟာ ဒါဟာ ဒီမိုကရေစီ စံချိန်စံနှုန်ေးတွနဲ့မကိုက် ညီဘူးလို့ ဒီလိုပဲမြင်တယ်။ ဒီမိုကရေစီဆိုတာ ညှိနှိုင်းဆွေးနွေးတယ်ဆိုတဲ့ဟာကို လိုလိုလားလားနဲ့၊ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်ခံရ မှာပဲ။ အတင်းဖိအားပေး လို့ ပြသနာ တွေမဖြေရှင်းနိုင်တော့မှ၊ ပြသနာတွေ ပွားလာတော့မှ ဆွေးနွေး ပါမယ် ဆိုတာဟာ ဒီဟာကတော့ ဆွေးနွေး ညှိနှိုင်းတဲ့တန်ဖိုးကို တကယ်နားမလည် သေးလို့ပဲ။ အမေဒီလိုပဲမြင် တယ်ဟု သူမ၏အမြင်ကို သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်အစည်းအဝေး အပြီး ခြောက်ပွင့်ဆိုင်အစည်းအဝေးတွင် တိုင်းရင်းသားများကိုယ်စားလှယ် အဖြစ်ပါဝင်ခွင့်ရထားသောအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ အေးမောင်အား ဆက်လက်မေးမြန်းခဲ့ရာ ကျွန်တော်တို့ကဖွဲ့စည်းပုံဆိုင်ရာ တစ်ဆို့မှုကိုကြုံရတော့မယ်။ ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မကို ဘယ်လိုပြင်မယ်။ ဘယ်လိုလုပ်မယ်။ အဲ့ဒီအခါမှာ ၇၅ ရာခိုင်နှုန်းကျော်မရခဲ့လို့ရှိရင် ဆိုတဲ့ ပြသနာ ရှိလာမယ်။ အဲ့တော့မတင် ခင်၊ မပြင်ခင်အကြိုတွေ့ဖို့လိုတယ်။

ဒါတွေဖြစ်လာနိုင်တယ်။ ဘယ်လိုဖြေ ရှင်းမလဲ၊ ဘာတွေကို အာမကတိခံ မယ်၊ ဘယ်လိုအကျပ်အတည်း ကို ကျော်မယ်။ အဲ့ဒါက အင်မတန်အရေး ကြီးတဲ့ဥစ္စာ၊ ဒီဖွဲစည်းပုံအခြေခံဥပဒေ လက်ရှိနှစ်ပေါင်း ၆ဝကျော် လက်နက် ကိုင်လာတဲ့ပဋိပက္ခအားလုံးရဲ့ ဇာစ်မြစ်ပဲ။ ကျွန်တော်တို့က ဖွဲစည်းပုံအခြေ ခံဥပဒေကို အသစ်ရေး ဖို့ကြိုးစားတာ မဟုတ်ဘူးနော်။

လက်ရှိအတိုင်းတည် တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ ဘယ်လိုစတင်ကြမလဲဆိုတဲ့နည်းနဲ့ချဉ်း ကပ်တာ။ အခြေခံဥပဒေကိုမပြင်ခင် ပြင်ဖို့ပြည်ထောင်စုလွှတ်တော်မတင် ခင်မှာတွေ့သင့်တယ်။ ဒီဘက်က ဘာတွေ အခက်အခဲတွေရှိတယ်ဆိုတာ တစ်ဖက်က ပုဂ္ဂိလ်တွေကို သိစေချင်လို့ ကြားမှာအပေးအယူတွေလုပ်စေချင် လို့ အင်မတန်အရေးကြီးတဲ့ကာလမို့လို့ တင်ပြီးကာမှ ပြင်လို့မရမတဲ့ အခြေအနေဖြင့် လူထုဘယ်လိုသုံးသပ် မလဲ''ဟု ပြောကြားသွားခဲ့သည်။

MP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List