Friday, January 30, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြေလည်လျှင် သပိတ်ကို အရှိန်မြှင့်သွားမည်ဟု သပိတ်မှောက်ကျောင်းသားများပြော

လေးပွင့် ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည့်နေ့တွင် လမ်းလျှောက်သပိတ်လမ်း ကြောင်းကို ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပြီး ထိုနေ့တွင် တောင်းဆိုချက်များ ပြေလည်မှုမရရှိပါက သပိတ်ကိုအရှိန်မြှင့်တင်သွား မည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။
‘‘ဆွေးနွေးပွဲလုပ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရောက်တဲ့မြို့မှာ သပိတ်ကို ထိုင်သပိတ်ပုံစံမျိုး လုပ်ပြီး ခဏရပ်ထားမယ်။ အဲဒီနေ့မှာ ဟောပြောပွဲတွေလုပ်ချင်လုပ် မယ်။ ဆွေးနွေးပွဲမှာ တောင်းဆို ထားတဲ့ အချက်တွေမလိုက်လျော ဘူး။ နောက်ထပ်ဆွေးနွေးပွဲကို လည်း အချိန်အကြာကြီးမှ ပြန်ချိန်းထားတွေလုပ် ရင် နောက်နေ့မှာ သပိတ်ကို အရှိန်မြှင့်သွား မယ်။ အစိုးရရုံးတွေ ပိတ်ဆို့တား ဆီးတာတွေ လုပ်မယ်။ ပုံစံအမျိုး မျိုးနဲ့ တိုက်ပွဲဝင်သွားမယ်။ ဒီ သပိတ်လမ်းကြောင်းကြီးကို ရပ် လိုက်မှာတော့ မဟုတ်ဘူး’’ ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က 7 Day Daily အား ပြောသည်။

သပိတ်မှောက်ကျောင်းသား များသည် ကျောက်ပန်းတောင်းမြို့ တွင် ရှေ့ဆက်သွားမည့် သပိတ် ပုံစံများနှင့် ပတ်သက်၍ ခရိုနီအ သီးသီးမှ ကျောင်းသားကိုယ်စား လှယ်များနှင့် ဆွေးနွေးဆုံးဖြတ် သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘တောင်းဆိုထားတဲ့အချက် တွေ လိုက်လျောလိုက်မှသာ သပိတ်ကို ရပ်သွားမှာဖြစ်တယ်။ သူတို့က ဆွေးနွေး ပွဲကို အချိန်အ ကြာကြီး လုပ်ချင်လုပ်ထားမယ်။ အဲဒီလောက်အကြာကြီးကို စောင့် မနေနိုင်ဘူး။ ဆွေးနွေး ပွဲကြာမယ် ဆိုရင် သပိတ်ပုံစံအမျိုးမျိုးတွေနဲ့ လုပ်သွားမယ်။ ရန်ကုန်ရောက်ရင် လည်း လုပ်မယ့်ပုံစံတွေ အများ ကြီးရှိသေးတယ်’’ ဟု သပိတ် မှောက် ကျောင်းသား ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ကိုရဲရင့် ကျော်ကပြော သည်။

မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည် ခြေလျင်ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားများကို မြင်းခြံ ခရိုင် တောင်သာမြို့ အ၀င်တွင် အာဏာပိုင်များကပိတ်ဆို့တားဆီးခဲ့ပြီး လေးပွင့်ဆိုင် ဆွေးနွေးရန် တောင်း ဆို ခဲ့ခြင်းဖြစ်သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန် မြို့ရှိ စိန်ရတုခန်းမ၌ ပြုလုပ်သွား မည်ဖြစ်ပြီး ထိုသို့ ပြုလုပ်သည့်နေ့တွင် သပိတ်လမ်းကြောင်းရပ်ဆိုင်းထားမည်ဟု ဆွေးနွေးပွဲ တွင် နှစ်ဖက်သဘောတူ ညီမှုရရှိ ခဲ့သည်။

သပိတ်မှောက်ကျောင်းသား များသည် ၁၀ ရက်မြောက်နေ့ တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာ ခဲ့သည်။ ကျောက် ပန်းတောင်းမြို့တွင် သောင်းနှင့် ချီသော ဒေသခံများက သပိတ် မှောက် ကျောင်းသားများ အား ကြိုဆိုခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသား များ ဖြတ်သန်းရာလမ်းခရီးတစ် လျှောက်တွင် ရောက်ရှိသည့် မြို့ ရွာများမှ ဒေသ ခံများသည် သပိတ်မှောက်ကျောင်းသားများကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ရသည်။ သပိတ်မှောက်ကျောင်းသားများ၏ သပိတ်လှုပ်ရှားမှုသည် လက်ရှိအချိန်တွင် လူထုစိတ်ဝင်စားမှု မြင့်တက်နေ သည်။

သပိတ်မှောက်ကျောင်းသား များသည် ဇန်န၀ါရီ ၂၈ ရက်ည တွင် ကျောက်ပန်းတောင်းမြို့၌ တည်းခိုခဲ့ကြပြီး ဇန်န၀ါရီ ၂၉ ရက်နံနက်တွင် မကွေးတိုင်းဒေသကြီး ဂွေးပင်ရွာသို့ ဆက်လက်ချီတက်သွားကြောင်း ကျောင်း သားများထံမှ သိရသည်။

သပိတ်မှောက်ကျောင်းသားများကို လမ်းလုံးပြည့်အားပေးနေသည့် ကျောက်ပန်းတောင်းမြို့ခံများနှင့် အတူတွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List