Thursday, January 29, 2015

တပ်အဝင်/ အထွက်ဂိတ်အား သံတံခါး တပ်ဆင်ရာတွင် နှောင့်ယှက်မှုဖြစ်ပွား.






မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ၊ တပ်မတော် အင်ဂျင်နီယာ သင်တန်းကျောင်း အနေဖြင့် ရပ်ကွက် ကြီး(၁)၊ (၁၃) ညံကွဲရပ်ကွက်နှင့် ထိစပ်လျက်ရှိသော တပ်ပိုင်မြေ ဧရိယာ အတွင်း အုတ်တံတိုင်း ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၁၅ရက် ည၆နာရီခွဲခန့်၌ တပ်အဝင်/အထွက် ဂိတ်အား သံတံခါး တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ပြင်ပရပ်ကွက် နေထိုင်သူ အင်အား ၅ဝဦးခန့်သည် သံတံခါး တပ် ဆင်ခြင်း လုပ်ငန်း မပြု လုပ်နိုင်စေရန် အတွက် ဝိုင်းဝန်းကန့်ကွက် တားဆီးခြင်း၊ ဂဟေဆော် ဝရိန်စက် တပ်ဆင်ထား သည့် ယာဉ်အား တွန်းရွှေ့ ဖယ်ရှားခြင်း၊ တပ်မတော် အင်ဂျင်နီယာ သင်တန်း ကျောင်းမှ စစ်သည်များနှင့် လုပ်သား ဝန်ထမ်းများအား ရိုင်းစိုင်းစွာ ပြောဆိုခြင်းတို့ကြောင့် ပြဿဿနာ ပိုမိုမကြီးထွား စေရန် အတွက် ဆောက်လုပ်မှု လုပ်ငန်းအား ခေတ္တ ရပ်ဆိုင်းခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၇ ရက်တွင် ၎င်းအုတ်တံတိုင်း ဂိတ်အဝင်/ အထွက်သံတံခါး တပ်ဆင်ခြင်း လုပ်ငန်းအား တပ်မတော် အင်ဂျင်နီယာ သင်တန်းကျောင်းမှ စစ်သည် များနှင့် လုပ်သား ဝန်ထမ်းများ ဆက်လက် ဆောင် ရွက်စဉ် နံနက် ၈နာရီခွဲခန့်၌ အင်အား ၅ဝဦးခန့်သည် တပ်ခြံစည်းရိုးသံ တံခါး တပ်ဆင်ခြင်း လုပ်ငန်းအား တားဆီး နှောင့်ယှက်ခြင်း၊ သံတံခါးများအား တွန်းထိုးဖယ်ရှားခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများ ဆောင်ရွက်ပြီး လုပ်ငန်း ခွင် ဆောင်ရွက်လျက်ရှိသော စစ်သည်များနှင့် လုပ်သား ဝန်ထမ်းများအား အုတ်ကျိုးများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခြင်း အစရှိသည့် လူစုလူဝေးဖြင့် အကြမ်းဖက်မှုအသွင် ဝင်ရောက် နှောင့်ယှက် ခဲ့သည်။

ထိုကဲ့သို့ နှောင့်ယှက်မှုကြောင့် တပ်မတော် အင်ဂျင်နီယာ သင်တန်းကျောင်းမှ တပ်သား ချစ်ပိုင်ဦးသည် ဦးခေါင်းနောက်စေ့ (ဝဲ)တွင် အုတ်ခဲကျိုး ထိမှန်ပြီး ၂လက်မခန့် ပေါက်ပြဲ ဒဏ်ရာ၊ တပ်သား အောင်ဇင်ဖြိုးတွင် ဦးခေါင်း နောက်စေ့ (ယာ)တွင် တုတ်ဖြင့် အရိုက်ခံရသဖြင့် ၁လက်မခန့် ပေါက်ပြဲ ဒဏ်ရာနှင့် တပ်သား ဝေယံမြင့်တွင် ယာမေးရိုး ကျောက်ခဲထိမှန် ဖူးရောင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

တပ်ပိုင်မြေ ဧရိယာအတွင်း သံတံခါးတပ် ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်စဉ် အကြမ်းဖက် ဝင်ရောက်နှောင့် ယှက်ခဲ့သူများအား ပြင်ဦးလွင် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ထားပြီး တရား ဥပဒေ နှင့်အညီ အရေး ယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment

My Blog List