Friday, January 30, 2015

နတ်မောက်ဗိုလ်ချုပ်ပြတိုက်တွင် ပြသရန် ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တု ထုလုပ်


ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း သတင်းစာ ဖတ်နေသည့်ပုံတူ ဆီလီကွန်ရုပ် တု ထုလုပ်နေပြီး ဗိုလ်ချုပ်အောင် ဆန်းပြတိုက်တွင် အမှတ်တရ ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မကွေးတိုင်း၊ နတ်မောက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အစီအစဉ်ဖြင့် အဆိုပါ ဗိုလ်ချုပ်အောင် ဆန်းရုပ်တုအတွက် ပန်းရဲ့လမ်း တေးဂီတအဖွဲ့ လှည့်လည်ဖျော်ဖြေခဲ့ရာမှ ရရှိ သော အလှူငွေများဖြင့် ဗိုလ်ချုပ် ပုံတူကို ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ရုပ်တုကို ငွေကျပ် သိန်း ၃၀ အကုန်အကျခံကာ ရန် ကုန်မြို့၊ တာမွေမြို့ နယ်တွင် ထုလုပ်နေပြီး ၈၀ ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကာ ဖေဖော်ဝါရီ ၃ ရက် ၌နတ်မောက်မြို့သို့ သယ်ယူမည် ဖြစ်သည်။ နတ်မောက်မြို့ တွင် ဖေဖော်ဝါရီ ၅ ရက်မှစကာ အများ ပြည်သူလေ့လာနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ ပြသထား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီလီကွန်ရုပ်တုဆိုသည်မှာ လူပုံစံတူထုလုပ်သော ဖယောင်း ရုပ်တုပြီးနောက် ထပ်မံပေါ်ပေါက် သော လူနှင့် ချွတ်စွတ်တူအောင် ထုလုပ်နိုင်သည့် နောက် ဆုံးပေါ် နည်းပညာ ဖြစ်သည်။

‘‘လူအသားကိုင်ကြည့်နေသ လို၊ ဆံပင်အစစ်၊ မျက်လုံးအတုနဲ့ လက်သည်းက အစ၊ အ၀တ်အစားအစစ်တွေ နဲ့ ဆင်ပြီး၊ ဆီလီကွန်လူ အသားအရောင်ဖန်တီးပြီး ထုရ တာ’’ဟု ထုဆစ်နေသော ပန်းချီ ဆရာ ဦးအောင်ကျော်ထွန်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်နည်းပညာဖြင့် ထုဆစ် နေသူ ကိုအောင်ကျော်ထွန်းမှာ ဒသဂီရိဘီလူးပုံ များရေးသော ပန်းချီဆရာအဖြစ် လူသိများသည်။

ဗိုလ်ချုပ်ပုံတူရုပ်တုထုလုပ် နိုင်ရန် ဘန်ကောက်ရှိ မဒမ်တူးဆော့ ဖယောင်းပုံတူ ပြတိုက်တွင် ကနဦး စုံစမ်း ခဲ့ပြီး ထိုပြတိုက်က မထုလုပ် ပေးနိုင်သဖြင့် အမေရိကန်၊ အင်္ဂ လန်နိုင်ငံတို့ရှိ ပြတိုက်များသို့ မှာရန် စုံစမ်း ခဲ့သော်လည်း ကုန်ကျ စရိတ်မတတ်နိုင်သဖြင့် ပြည်တွင်း မှ ဆီလီကွန်ရုပ်တုပညာရှင် ကို အောင်ကျော်ထွန်း ကို ထုလုပ်စေခဲ့ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List