Tuesday, January 27, 2015

Alexis Tsipras ဂရိနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်


ဂရိနိုင်ငံက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘယ်ဘက်ယိမ်းတဲ့ Syriza ပါတီဟာ ညာဘက်ယိမ်း ပါတီအဖွဲ့ဝင် တချို့နဲ့ ပူးပေါင်းပြီးတော့ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး Syriza ပါတီခေါင်းဆောင် Alexix Tsipras ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။နှစ်ပေါင်း ၁၅၀ အတွင်း အသက် ၄၀ အရွယ် Alexis Tsipras အနေနဲ့ ဂရိနိုင်ငံရဲ့ အသက်အငယ်ဆုံးသော ဝန်ကြီးချုပ် ဖြစ်လာတာပါ။
ဂရိအစိုးရသစ်အနေနဲ့ အသုံးစရိတ် လျော့ချတဲ့ လုပ်ငန်းစဉ်တွေကို အဆုံးသတ်မယ်လို့ ကတိပေးထားပါတယ်။

ကမ္ဘာ့ငွေကြေးပျက်ကပ်မှုအတွင်း အကြွေးတွေ များပြားခဲ့တဲ့ ဂရိနိုင်ငံက အသုံးစရိတ်ကို ငါးနှစ် နီးပါးခန့်ကြာအောင် လျှော့ သုံးခဲ့ရပြီး ကမ္ဘာ့အလည်မှာ ဂုဏ်ငယ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီတချီမှာတော့ အစိုးရသစ်ကြောင့် ကမ္ဘာအလယ်မှာ ဂရိအနေနဲ့ ဂုဏ်ငယ်စရာ မလိုတော့မယ့် မျော်လင့် ချက် ရောင်ခြည် သန်းလာတယ်လို့ ပြောကြပါတယ်။

သာမာန်အားဖြင့်ဆိုရင် လက်ဝဲယိမ်းပါတီကို မဲပေးလေ့မရှိတဲ့ ဂရိပြည်သူတွေ ဟာ လက်ဝဲယိမ်းတဲ့ ဝန်ကြီးချုပ်သစ် မစ္စတာ Tispras အပေါ် မျော်လင့်ချက် ထားပြီး မဲပေးခဲ့ကြတယ်လို့ ပြောပြခဲ့ပါတယ်။

မစ္စတာ Tispras ဟာ ကိန်းဂဏန်းကြီးကြီးနဲ့ နေထိုင် ဝတ်စားသူမဟုတ်သလို ကျမ်းသစ္စာ ကျိန်ဆိုရာမှာလည်း ဘာသာရေး ကျမ်း ကျိန်ဆိုမှုမလုပ်ခဲ့ပဲ "ဂရိပြည်သူတွေရဲ့ အကျိုးအတွက်ကိုသာ ရည်ရွယ်လုပ်ဆောင်သွားပါမယ်' လို့သာ ကျိန်ဆိုမှု လုပ်ခဲ့ပါတယ်။

မစ္စတာ Psipras ဦးဆောင်တဲ့ ပါတီဟာ ရွှေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အစိုးရ ဖွဲ့နိုင်လောက်တဲ့ အနေအထားမရှိ တာကြောင့် လက်ယာယိမ်းတဲ့ ပါတီငယ် Independent Greeks ပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူခဲ့ ပါတယ်။

နှစ်ဖက်ပါတီအနေနဲ့ လူမှုရေးကိစ္စရပ်တွေမှာ အမြင်မတူမှုတွေ များပြားလှပေမယ့် ဥရောပအဖွဲ့ကနေ ဂရိနိုင်ငံကို အသုံး စရိတ် လျှော့ချရမယ်လို့ သတ်မှတ်ထားတဲ့အပေါ်ကိုတော့ နှစ်ဖက်စလုံးက ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

ဂရိအစိုးရသစ်အနေနဲ့ အကြွေးရှင်တွေဖြစ်တဲ့ ဥရောပအဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ပြော လိုက်ပါတယ်။

အကြွေးရှင်နိုင်ငံတွေကလည်း ဂရိအစိုးရသစ်နဲ့ ဘယ်လို ဆွေးနွေးမှု လုပ်ရမလဲ ဆိုတာကို စဉ်းစားစောင့်ကြည့်နေကြပါ တယ်။

ဂရိအနေနဲ့ အကြွေးတွေကို လျော်ပစ်ပေးဖို့ တောင်းဆိုတုန်းက ပေးခဲ့တဲ့ ကတိအတိုင်း အသုံးစရိတ်လျှော့ချမယ်ဆိုတာကို ဆက်လက် ထိန်းသိမ်းသင့် တယ်လို့ ပြောဆိုနေကြပါတယ်။

ပေးထားတဲ့ ကတိအတိုင်း မလုပ်ဆောင်ရင် ဂရိနိုင်ငံအနေနဲ့ ဥရောပငွေကြေး အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲခံရနိုင်တယ်လို့ လည်း ပြောဆိုနေကြပါတယ်။

ဒီအချိန်မှာ အသုံးစရိတ် တိုးမြင့်တာတွေကို ဂရိနိုင်ငံအနေနဲ့ မလုပ်သင့်သေးဘူး လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောလိုက် ပါတယ်။

ABC

No comments:

Post a Comment

My Blog List