Tuesday, January 27, 2015

မန္တလေးတိုင်းရှိ ပြည်ခိုင်ဖြိုးအမည် ကျေးရွာများ စာရင်းကောက်မည်


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်ခိုင်ဖြိုးအမည်ဖြင့် ကျေးရွာများကို စာရင်းကောက်ယူသွားမည်ဟု မန္တလေးတိုင်းဒေ သကြီး ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက်၊ မေတ္တာကမ်ပိန်းမှ ကိုညီညီကျော်က ပြောသည်။''အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ပါတီရဲ့အမှတ်အသားတွေ ရာသက်ပန် ချိတ်ဆွဲထားတာကတော့ တကယ် သန့်ရှင်းမျှတ တဲ့ ရွေးကောက် ပွဲတစ်ခု လုပ်မယ်ဆိုရင် ဖယ်ရှားပေးသင့်တယ်။ ဒါတွေကို သိနိုင်ဖို့အတွက် မန္တလေးတိုင်း အနေနဲ့ ပြုစုဖို့ ကြိုးစားနေတယ်။ တိုင်းဒေသကြီး တစ်ခုလုံးက တိကျတဲ့ အ ရေအတွက် ကောက်ယူဖို့ ဒီရက်ပိုင်းအတွင်း စတင် လုပ်ဆောင် သွားမယ်'' ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးအမည်ဖြင့် ကျေးရွာများကို မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦး စသည့် နေရာများသာမက မြို့နယ်တိုင်းနီးပါးတွင် တွေ့နိုင်သည်ဟု ဆိုသည်။

''ဒီလိုတွေ ရှိနေတာက ၂ဝ၁၅ ရွေးကောက်ပွဲ ကို အဓိပ္ပာယ်တစ်မျိုး လွဲသွားစေနိုင်တဲ့ အနေအထားတွေ ရှိ နေတယ်။ တချို့ မြို့နယ်တွေမှာ ဆိုင်းဘုတ်တွေဖြုတ်တယ်လို့ ကြားပေမယ့် ဒါကို ရွေးကောက်ပွဲကော်မရှင် အနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ညှိနှိုင်းပြီး ရှင်းလင်းတာမျိုး မရှိသေးတာက ၂ဝ၁၅ ရဲ့ သန့်ရှင်းမျှတမှုအတွက် အဓိက ထိခိုက်လာလိမ့်မယ်'' ဟု ၎င်းက ပြောသည်။

မြို့ရွာများ၏ အရှေ့တွင် ရှိနေသည့် ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ ဆိုသည့် ဆိုင်းဘုတ်များကြောင့် ရွေးကောက်ပွဲအပေါ် ကြိုတင်သံသယဝင်မှုများ ရှိလာနိုင်သဖြင့် ၎င်းဆိုင်းဘုတ်များကို ရွေးကောက်ပွဲ မတိုင်မီ ဖြုတ်သင့်သည်ဟု ဆိုသည်။

''ကျွန်တော်တိုရဲ့ ထောက်ပြမှုက မြို့ရွာ ဆိုင်းဘုတ်တွေမှာ ပါတီတံဆိပ်ကြီးတွေက ထင်ထင်ရှားရှား ဖြစ်နေတယ်။ ပါတီ တစ်ခုကို ကိုယ်စားပြုတယ်ဆိုတာက ထင်ထင်ရှားရှား ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေတုန်းက ဒီဆိုင်းဘုတ်ကိစ္စတွေ ကိုပြောတော့ ဒါက အုပ်ချုပ်ရေးပိုင်းနဲ့ပဲ ဆိုင်တယ် လို့ ပြောတယ်'' ဟု ကိုညီညီကျော် က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List