Tuesday, January 27, 2015

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ



အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လမ်းလျှောက် ဆန္ဒပြလျက်ရှိသော ကျောင်းသားအဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီ မိနစ်(၄၀)တွင် ညအိပ်ရပ်နားခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်း တိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင် (၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊ ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်း ပါဝင် လာခြင်း ဖြစ် သည်။

ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဗကသမှ အောင်မှိုင်းဆန်းဦးဆောင်သည့် အဖွဲ့နှင့် ၄င်းမြို့နယ်ရှိ အဖွဲ့အစည်းအချို့ ပူးပေါင်း အင်အား(၂၇၅)ဦးသည် မြင်းခြံမြို့တွင်း လှည့်လည် လမ်းလျှောက်ခဲ့ပြီး ရွာစည်ကျေးရွာအနီးရှိ မြင်းခြံ ဒီဂရီကောလိပ် သို့ ရောက်ရှိခဲ့ရာ မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်း မ၀င်ရန် တားမြစ်ခဲ့သော်လည်း ပိတ်ထားသော ကျောင်း တံခါးအားအတင်းတွန်း ဖွင့်ဝင်ရောက်ခဲ့ကြောင်း၊ ပင်မကျောင်းဆောင်ရှေ့သို့ ရောက်ရှိပြီး ပင်မကျောင်း ဆောင်ရှေ့ရှိ လွှင့်ထူ ထားသော နိုင်ငံတော်အလံအားဖြုတ်ချ ကာ ကျောင်းသား သမဂ္ဂအလံအား လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ လွှင့်ထူ စဉ် ကျောင်းစောင့် (၃)ဦးက တားမြစ်သော် လည်း ကျောင်းသားများက တွန်းဖယ်ပြီး ဆက်လက်ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မြင်းခြံမြို့မ ရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရ ရှိသည်။
MOI Webportal Myanmar

No comments:

Post a Comment

My Blog List