Tuesday, January 27, 2015

ပါတီနှစ်ခု အခြေအတင်ဖြစ်ရာမှ ဗိုလ်ချုပ်ရာပြည့်အကြိုဆိုင်းဘုတ်အထိနာ


ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်၊ ကဇင်းတောကျေးရွာမှ စိုက်ထူ ထားသော ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့် အကြိုလှုံ့ဆော်ရေး ဆိုင်း ဘုတ်ကို ပြန်လည်ဖြုတ်ချပေးရန် ရွာသား (၇၀)ဦးကလက်မှတ်ထိုးကာ ဓနုဖြူမြို့ နယ် အုပ်ချုပ်ရေးအဖွဲ့ထံသို့ တိုင်ကြားထားသည်ဟု သိရှိရသည်။


ဓနုဖြူမြို့နယ်၊ ရွှေအိုင်ကျေးရွာ ၌ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်ပြုလုပ်မည့် ဗိုလ်ချုပ်အောင် ဆန်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲ အား ကြော်ငြာထားသည့် ဆိုင်းဘုတ်ကို ကဇင်းတောကျေးရွာတွင် ဒီဇင်ဘာ လ နောက်ဆုံးအပတ်တွင်း စိုက်ထူခဲ့ခြင်းဖြစ် ပြီး ထိုရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ပါတီဝင်အချို့ အခြေအတင် ဖြစ်ရာမှ ယခုကဲ့ ရွာသားများက တိုင် ကြားခြင်းဖြစ် သည်ဟု ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ထံမှ သိရှိရသည်။

““စိုက်ထားတာလဲ ရွာနှစ်ရွာသွားတဲ့ လမ်းမကြီးအလယ်ခေါင်မှာလည်း ဖြစ် နေတယ်။ တစ်ဖက်ပါတီက လူတွေက သူတို့ရွာမှာကျူးကျော်ပြီး လာစိုက်တယ် လို့ ရွာသားတွေကလည်း မြင်တယ် နောက်ပြီးစိုက်ထားတဲ့ ဆိုင်းဘုတ်မှာ လည်း ရွှေဖားအိုင်ရွာဆိုပြီး ရေးထားတာ မကျေနပ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြ တာပါ””ဟု ဓနုဖြူမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်က ပြောသည်။ အဆိုပါ ဆိုင်း ဘုတ်စိုက်ထူထားသောနေရာမှာ စည်ပင် သာယာနယ်နိမိတ်တွင် ဖြစ်နေသဖြင့် အုပ်ချုပ်ရေးအဖွဲ့မှ ၀င်ရောက်စွက်ဖက် သွားမည်မဟုတ်ကြောင်း ယခုအခါ ဆိုင်း ဘုတ်မှာ ရွှေဖားအိုင် ကျေးရွာဆိုသည့် စာသားကိုသာ အုပ်ချုပ်ရေးအဖွဲ့မှ ဖယ် ရှားခိုင်းထားကြောင်း ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကဇင်း တောကျေးရွာသည် သပြုတိုက်နယ် အတွင်းမှ ရွာတစ်ရွာဖြစ်ပြီး တိုက်နယ် အတွင်းပြုလုပ်မည့် ဗိုလ်ချုပ်အောင် ဆန်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲ အား ထိုရွာရှိ ဒေသခံ များလည်း ပါဝင်နိုင် ရန်အတွက် ဆိုင်းဘုတ်စိုက်ထူခြင်းဖြစ် သည်ဟု ဆိုင်းဘုတ်စိုက်ထူခဲ့သည့် ရွှေအိုင်ကျေး ရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများက ဆိုသည်။

““ကျွန်တော်တို့ကတော့ အများနဲ့ ဆိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာ ပြည့် အထိမ်းအမှတ်ကို အများပြည်သူ တွေမြင်အောင်လို့ ပါတီအနေနဲ့ မဟုတ် ဘဲ ရွာသူရွာသား လယ်သမားတွေနဲ့ ပူပေါင်းစိုက် ထူထားတာဖြစ်တဲ့အတွက် ဘယ်လိုအဖွဲ့အစည်းကပဲ ပြောပြောဆိုင်း ဘုတ်ကို ဖြုတ်ချမပေးနိုင်ပါဘူး”” ဟု ရွှေ အိုင်ကျေးရွာ NLD ပါတီဝင် ကိုပေါက် ကျော်ကပြောသည်။

ကဇင်းတောကျေး ရွာသည် ဓနုဖြူမြို့နယ်နှင့် ညောင်တုန်း မြို့နယ်အကြားတွင် တည်ရှိသော အိမ် ခြေ(၂၀၀) ခန့်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့်နှစ် များကလည်း ရွာထိပ်တွင် ကြံ့ခိုင်ရေးပါတီစံပြရွာဟု ဆိုင်းဘုတ် လာ ရောက်ထူ စဉ်ညဘက်၌ ဖျက်ဆီးခံခဲ့ရဖူးသည်ဟု ဒေသခံများထံမှ သိရှိရသည်။ဧရာဝတီ တိုင်းဒေသကြီး အတွင်း ဗိုလ် ချုပ်ရာပြည့်ပွဲအတွက် ဆိုင်းဘုတ်များစွာ စိုက်ထူ ခဲ့သော်လည်း ဖြုတ်ချပေးရန် တောင်းဆိုခံ ရခြင်းမှာ ယခုတစ်ကြိမ်မှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

Hot News Journal

No comments:

Post a Comment

My Blog List