Thursday, January 29, 2015

ချေးငွေများကို နိုင်ငံစီးပွားဖွံ့ဖြိုးရေး အရင်းအနှီးဟု ရှုမြင်ကြရန် သမ္မတ ဦးသိန်းစိန် ပြောကြား


အစိုးရသစ်လက်ထက် နိုင်ငံတကာမှ ချေးငွေနှင့် အကူအညီများရယူနေခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ပြီး ချေးငွေကို ချေးငွေဟုမမြင်ဘဲ အရင်းအနှီးအဖြစ် ရှုမြင်ကြရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် က တောင်သူများအား ပြောကြားသည်။
ဇန်န၀ါရီ ၂၇ ရက် နံနက်တွင် ကျောက်ဆည်မြို့ ရွှေသိမ် တော်စေတီဝင်း၌ သမ၀ါယမ၀န်ကြီးဌာနက ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေးတောင်သူများနှင့် တွေ့ဆုံ ပွဲအခမ်းအနား၌ သမ၀ါယမ၀န်ကြီးဌာန အပါအ၀င် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများမှ ချေးငွေများ ရယူနေ မှုနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်သမ္မတကအထက်ပါအ တိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ချေးငှားရင် အကြွေးတင်မှာ ပဲ။ ဒီအကြွေးကို ပြန်ဆပ်ရမှာပဲ။ ဒီသမ္မတကြီးလက်ထက်မှာတော့ ဟိုက ချေး လိုက်၊ ဒီကချေးလိုက်နဲ့ တို့တိုင်းပြည်တော့ အကြွေးတွေနဲ့ ချည်းပဲ ကျန်ခဲ့မှာပဲဆိုပြီးတော့ အဲဒီလို ကျွန်တော်တို့ တွက်လို့မရပါ ဘူး’’ဟု နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြောကြားသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပိတ်ဆို့မှုများခံခဲ့ရပြီးနောက် လက်ရှိမြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံ (LDC) စာရင်းဝင် နိုင်ငံဖြစ်နေသည်။ နိုင်ငံလူဦးရေ၏ ၂၆ရာခိုင်နှုန်းသည်လည်း ဆင်းရဲမွဲ တေလျက်ရှိပြီး အစိုးရအနေဖြင့် နိုင်ငံလူဦးရေ၏ ဆင်းရဲမွဲတေမှု အား ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန် ကြိုးစားလုပ် ဆောင်နေသည်ဟု သမ္မတက ဆိုသည်။

နိုင်ငံတကာမှ ရရှိလာသော ချေးငွေများကို အရင်းအနှီးလိုအပ် နေသည့် ပြည်သူများအား ပြန် လည်ချေး ငှားပေးခြင်းဖြစ်ပြီး တောင်သူလယ်သမား၊ ပြည်သူများအနေ ဖြင့်လည်း ရရှိလာသည့် ငွေကြေး အရင်း အနှီးကို အကျိုးရှိရှိ အသုံး ချကာ အလုပ်ကြိုးစားလုပ်ကြရန် သမ္မတက တိုက်တွန်းပြောကြား သည်။

ယခင်မအောင်မြင်ခဲ့သော သမ၀ါယမစနစ်ကို   သမ္မတ ဦး သိန်းစိန်လက်ထက် ပြန်လည်အ သက်သွင်းမှုနှင့် သမ၀ါယမ၀န် ကြီးဌာနအတွက် တရုတ်နိုင်ငံမှ ကန်ဒေါ်လာ သန်းရာချီချေးယူနေမှုများအပေါ် ဝေဖန်ခံရ မှုများရှိနေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်က သမ၀ါယမ၀န်ကြီးဌာနသည် အစိုးရအဖွဲ့ ဦးတည်ဆောင်ရွက်နေသည့် ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေးလုပ်ငန်းများကို အဓိကအကောင်အ ထည်ဖော်နေခြင်းဖြစ်သလို တရုတ်နိုင်ငံမှ ကန်ဒေါ်လာ သန်းရာချီချေးယူမည့်အစီအစဉ်သည်လည်း အရင်းအနှီးမရှိ၍ ချေးယူရခြင်းသာဖြစ်သည်ဟု ကာကွယ်ပြောကြားသည်။

သမ၀ါယမ၀န်ကြီးဌာနအ နေဖြင့် ပြည်တွင်းတွင် ထပ်မံငွေ ချေးပေးနိုင်ရန် တရုတ်နိုင်ငံမှ အ မေရိ ကန်ဒေါ်လာသန်း ၃၀၀ ထပ် မံချေးယူရန် နှစ်နိုင်ငံသဘောတူ ညီမှုရထားသည်ဟု ၀န်ကြီး ဦး ကျော်ဆန်း က ပြောသည်။

တိုင်းပြည်ချမ်းသာရေး စက်မှုနိုင်ငံထူထောင်နိုင်ရန် လိုအပ်ပြီး စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် တောင်သူများ လိုအပ်သော အ ရင်းအနှီးနှင့် စက်ကိရိယာများကို အစိုးရက ထောက် ပံ့ပေးနိုင်ရန် စီစဉ်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List