Tuesday, January 27, 2015

ဆရာမနှစ်ဦးအသတ်ခံရမှုတွင် ဒေသခံများ အမှန်အတိုင်း သက်သေထွက်ပေးရန် KBC တိုက်တွန်း


ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်၊ အသတ်ခံခဲ့ရသည့် ကောင်းခါးကျေးရွာမှ ဒေသခံများအနေဖြင့် အမှု မှန်ပေါ်ပေါက်ရေးအတွက် အမှန်အတိုင်း သက်သေထွက်ဆိုကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန်န၀ါရီ ၂၆ ရက်တွင် တိုက်တွန်း တောင်းဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်၊ ကောင်းခါးကျေးရွာ၌ အဓမ္မပြု ကျင့်အသတ်ခံခဲ့ရသော KBC မှ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦးအား အောက်မေ့သတိရ ဆု တောင်းပွဲကို ဇန်န၀ါရီ ၂၆ ရက် က ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ပြုလုပ်ခဲ့ရာ ဦးဆောင်သူများက ယင်းအချက်ကို အလေးပေးပြောကြားသွားခဲ့ခြင်းဖြစ်သည်။ ပုံမှန် အားဖြင့် ကောင်းခါး အပါအ၀င် နယ်ဒေသများတွင်ရွာထဲရှိအိမ်မွေးကြက်များကို တောကြောင်က ၀င်ဆွဲသည့် အခါမျိုး၌ပင် တစ်ရွာလုံးက သိရှိကာ ၀ိုင်းဝန်းအော်ဟစ် ခြောက် လှန့်မောင်းထုတ်တတ်ကြသော်လည်း ယခုဆရာမနှစ်ဦး၏ အမှုဖြစ်စဉ်တွင် အော်ဟစ်အကူအညီတောင်းသံကြားခဲ့ရကြောင်းကိုပင် ရွာသားတို့က သတ္တိရှိရှိ ၀န်ခံ ထုတ်ဖော်ပြောကြားဝံ့ခြင်း မရှိသည်ကို တွေ့ရကြောင်း ကချင်ဘာသာရေးခေါင်းဆောင်များ ကဆိုသည်။

‘‘မိမိအသက်ကို ကြောက် ရတဲ့အတွက်ကြောင့် သူများဘယ် လောက်အော်အော်မသိချင် ယောင် ဆောင်နေ ရတာမျိုးက မဖြစ်သင့်ပါဘူး’’ ဟု သိက္ခာတော်ရ ဆရာတော် ဖော်ယောင်တူးမိုင်ကဆိုသည်။

လူဆိုးအဖွဲ့တစ်ဖွဲ့၏ ခြိမ်း ခြောက်ခံနေရ၍ အဖြစ်မှန်ထုတ် မပြောဝံ့ကြခြင်းလား ဟူ၍လည်း ၎င်းက မေးခွန်း ထုတ်ကာ ဘာသာတရားအဆုံးအမနှင့်အညီ အမှန်တရားကို ဖွင့်ဟကြရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် အမျိုးသမီးများကို အသုံးချ၍ ဘာသာရေး၊ လူမျိုး ရေး ပဋိပက္ခဖြစ်အောင် လုပ်သည့်လှည့်ကွက်များ ထဲ မပါအောင် သတိဖြင့် နေထိုင်ရေး၊ မည်သည့် ဘာသာ၊ လူမျိုးထဲတွင်မဆို ရှိနေသည့် ဓမ္မအင်အားစုများနှင့် လက်တွဲ၍ ကချင်ဆရာမနှစ်ဦးအမှု တရားမျှတစွာ ပေါ်ပေါက်ရန် ကြိုးပမ်းသွားရေးတို့ကို ကချင်တိုင်းရင်း သားခေါင်းဆောင်တို့က ထပ်တလဲလဲ တိုက်တွန်းလိုက်ကြသည်။

ယခုပြဿနာသည် ဘာသာ၊လူမျိုး၊ ပါတီတစ်ခုခုအပေါ်တွင် အခြေခံသော တစ်ဖက်နှင့်တစ် ဖက်ကြား တိုက်ပွဲ မဟုတ်ဘဲ ဓမ္မ နှင့် အဓမ္မကြားက တိုက်ပွဲသာဖြစ် ကြောင်း ခရစ်ယာန်ဘာသာ ဆရာကြီး ပါမောက္ခဒေါက် တာစောလှိုင်ဘွားက သတိပေးပြောကြားခဲ့သည်။

‘‘ဘယ်ဘာသာ၊ လူမျိုးထဲမှာ မဆို ရှိနေတဲ့ ဓမ္မအင်အားစုတွေနဲ့အတူ သွေးစည်း ညီညွတ်ပြီးတော့ လက်တွဲ တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာရှိနေတဲ့ ဓမ္မအင်အားစုတွေနဲ့အတူ လက်တွဲရမှာ ဖြစ် ပါတယ်’’ဟုဒေါက်တာစောလှိုင်ဘွား က ပြောသည်။

ထို့အပြင် အမှုမှန်ပေါ်ပေါက် ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အပါ အ၀င် တရားမျှတမှု ရှိနိုင်သည် ဟု ထင်ရသည့် နေရာများသို့ စာပေးပို့တောင်းဆို ထားကြောင်း ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်(GEN) ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူ (ခ) အယ်လ် ခေါန်ထွယ်က ဆိုသည်။

လူပရိသတ် ၅၀၀ ခန့်တက် ရောက်ခဲ့သော ရန်ကုန် ကချင်နှစ် ခြင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်း ဆုတောင်းပွဲတွင် ကွယ်လွန်သူဆရာမနှစ်ဦးအ တွက်သတိတရဆုတောင်းခဲ့ကြပြီး မြန်မာအမျိုးသမီးထု၏ ဘ၀လုံခြုံမှုမရှိကြောင်း တရားဥပဒေစိုးမိုးမှုလိုအပ်ကြောင်းတို့ကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

KBC အစီအစဉ်ဖြင့် ရှမ်း ပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ကောင်းခါး ကျေးရွာတွင် အခမဲ့ ပညာသင် ကြားပေးနေသော ဆရာမနှစ်ဦး၏ အလောင်းကို ဇန်န၀ါရီ ၂၀ ရက် နံနက်ကတွေ့ရှိခဲ့သည်။ အမှုကျူးလွန်သူ တရားခံများကို ဖော်ထုတ် အရေးယူရန်နှင့် တရားဥပဒေနှင့်အညီပြစ်ဒဏ်ပေးရန် အမေရိ ကန် အစိုးရက မြန်မာအစိုးရအာဏာ ပိုင်များအား ဇန်န၀ါရီ ၂၂ ရက်တွင်တိုက်တွန်းခဲ့သည်။ ဤအမှုအတွက် တရားမျှတမှု ရှာဖွေပေးရန် ဆုတောင်း၊၀တ်ပြုတောင်းဆိုပွဲများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကလည်း ဇန်န၀ါရီ ၂၆ ရက်တွင် ပြည်နယ် နှင့်တိုင်း အသီသီးရှိမြို့နယ် ၁၃ မြို့နယ်ခန့်၌ တစ်ပြိုင်နက် ပြုလုပ် ခဲ့သည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ဆရာမနှစ်ဦးအတွက် အောက်မေ့သတိရ ဆုတောင်းပွဲပြုလုပ်နေစဉ်(ဓာတ်ပုံ - နစ်ကီ)
7Day Daily

No comments:

Post a Comment

My Blog List