Thursday, January 29, 2015

တစ်ယောက်တည်း နေရာတာကိုကြိုက်လို့ တစ်ယောက်တည်းပဲ နေဖြစ်နေပါတယ် ဆိုလာတဲ့ သင်ဇာဝင့်ကျော်

အချစ်ရေးကတော့ စိတ်ရှုပ်မခံချင်လို့ single ပဲ နေတယ်လို့ ပြောပြလာတဲ့ သင်ဇာဝင့်ကျော်က အဆုတ် အအေးပတ် ရောဂါကြောင့် အနုပညာ အလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန်ပဲ လုပ်ကိုင်နေသူပါ။ သူခံစားခဲ့ရ တဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး သူမက “အဆုတ်အအေးပတ်တုန်းကဆို တော်တော်လေး ခံလိုက်ရတယ် မဖျားပဲနဲ့ ချောင်းတွေပဲ လှိမ့်ဆိုးတယ်။ အသက်ရှုတွေကြပ်ပြီးတော့ပေါ့။ ကားရိုက်တွေလဲ ဖျက်လိုက်ရတယ်။ ရက်ခဏ နားလိုက်ရတယ်။ 


အစကတော့သင်ဇာအမေတိုက်တဲ့ ဆေးပဲသောက်တယ်။ နောက်ဆရာဝန် ပြကြည့်လိုက်တော့ ဆေးပြောင်းပြီး အရမ်းပြင်းတဲ့အတွက် မထနိုင်တော့ဘူး။ အဲ့မှာ ရှုတင်ပျက်ပြီး တဖြည်းဖြည်းနဲ့အသံကပြန်ထွက်တယ်။ ချောင်းအရမ်းဆိုးပြီး စကားတောင် ထွက်အောင် မနည်းပြောရတယ်။

သီချင်းဆိုဖို့က အရမ်းဝေးသွားတယ်။ ခုတောင်မှ အသံက အော်ပြောလိုက်ရင် ပြန်ဝင်ချင်တယ်။ ပုံမှန်ပြန် မဖြစ်သေးပါဘူး”တဲ့။

မကြာခင်မှာ ကျရောက်တော့မယ့် ချစ်သူများနေ့နဲ့ပတ်သတ်ပြီးတော့လဲ “ကားပဲရိုက်ဖြစ်ပါတယ်။ အောင် မင်းခန့်နဲ့ပါ။ အရင်နှစ်တွေကလဲ ကားရိုက်ပါပဲ။ အပြင်တွေဘာတွေလဲ မသွားဖြစ်ဘူးလေ။

အဲ့ဒီနေ့လေးကတော့ ဘာပဲဖြစ်ဖြစ် ချစ်သူတွေ ပျော်ကြမယ့် နေ့လေးပေါ့။ ဒါပေမဲ့ တကယ်ချစ်ကြတဲ့ အတွဲတွေဆိုရင်တော့ ဘယ်နေ့ဖြစ်ဖြစ် ချစ်သူများနေ့က ဖြစ်နေမှာပါပဲ။

အဲ့ဒီနေ့လေးကတော့ အထိမ်းအမှတ်နေ့လေး တစ်နေ့ပေါ့။ အတွဲလေးတွေ ဆင်တူ အကျီင်္လေးတွေ ၀တ်ပြီး လျှောက်သွားကြတယ်။ လက်ဆောင်ပစ္စည်းလေးတွေ လဲကြပေါ့။ အဲ့လိုလုပ်ကြတာကလဲ ဆယ်ကျော်သက်လေးတွေ များပါတယ်။ အချိန်အားနေလို့ လုပ်နေကြတာပေါ့။ တကယ်တမ်း လုပ်နေတဲ့ သူတွေက အဲလိုမျိုးတွေ မဆင်နွှဲနိုင်တော့ဘူးပေါ့။ လက်ဆောင် ပစ္စည်းလဲတာလောက်ပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့နေ့လေး တစ်နေ့လို့တော့ မြင်မိပါတယ်။ 

အဲ့ဒီနေ့မှာ တော့ ၁၅၀၀ နဲ့မဟုတ်ပဲ ၅၂၈ နဲ့တော့ လက်ဆောင်ပေးဖြစ်မယ် ထင်ပါတယ်။ အရင်နှစ်တွေ တုန်းကတော့ ချစ်သူရှိတဲ့နှစ်ဆို လက်ဆောင်ရတယ်။ ချစ်သူမရှိရင်တောင် ပရိသတ်တွေ၊ သူငယ်ချင်းတွေ က လက်ဆောင်တွေပေးကြတယ်။

လက်ရှိအချစ်ရေးကတော့ Single ပါပဲ။ ဒီဖြတ်သန်းမှုကိုလဲ ကြိုက်တယ်။ အရမ်း လွတ်လပ်ပြီး အပူပင် မရှိဘူး။ ကိုယ့်အတွက်ပဲ ကိုယ်ပူရပြီး သူများအတွက် ပူစရာ မလိုတဲ့တွက် တစ်ယောက်တည်းပဲ နေဖြစ် ပါတယ်။” လို့ သူမက ပြောပြခဲ့ ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List