Friday, January 30, 2015

သြစီရဲ့ အမျိုးသမီးဆိုင်ရာ သံအမတ် မြန်မာကို လာမယ်


သြစတြေးလျနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးဆိုင်ရာ သံအမတ်က ဖေဖော်ဝါရီလ ၂ ရက်ကနေ ၄ ရက်နေ့အထိ မြန်မာနိုင် ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ သံအမတ် Natasha Stott Despoja အတွက် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ အာရှ ပစိဖိတ်ဒေသအတွင်းက အမျိုးသမီးတွေ ဘယ်လောက်အထိ အကြမ်းဖက်ခံနေရသလဲ ဆိုတာကို အချက်အလက်တွေ မှတ်တမ်းတွေ အမြဲတမ်း ပြုစုခဲ့ပေမယ့် မြန်မာနဲ့ ပတ်သက်လာရင် အချက်အလက် စုဆောင်းဖို့ အခက်အခဲ ဖြစ်တယ်လို့ သံအမတ် နာတာသျှာ က အခုလို ပြောပါတယ်။

အကြမ်းဖက် ခံရတဲ့ အမျိုးသမီးဦးရေ ဘယ်လောက်အထိ ရှိသလဲဆိုတာကို သေခြာမသိနိုင်ပေမယ့်လည်း သုတေသနတွေ အရ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ အိမ်တွင်းအကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ခံနေရတာကို ပြသထားသလို ၂၀၁၄ ခုနှစ် မြန်မာ့အမျိုးသမီး သမဂ္ဂရဲ့ အစီရင်ခံစာအရ စစ်ဖြစ်ပွားရာဒေသမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ စနစ်တကျ မုဒိမ်းကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံရတုန်းပဲ ဆိုတာကို ပြသထားတယ်လို့ ဆိုပါတယ်။ 

စစ်ဖြစ်ပွားရာ ဒေသမှာ အမျိုးသမီးတွေ အမြတ်ထုတ်ခံရတဲ့အပေါ် သြစတြေးလျက စိုးရိမ်တာကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဦးဆောင်ပြီး အဓိကကြတဲ့ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေနဲ့ ဆွေးနွေးမှု လုပ်မယ်လို့ ပြော ပါတယ်။ 

ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးတွေနဲ့ တွေ့ဆုံလိုသလိုအတိုက်အ ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံက CARE လို့ ခေါ်တဲ့ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု တွေကိုလည်း သွားရောက်လေ့လာမယ့် အကြောင်း သြစတြေးလျနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးဆိုင်ရာ သံအမတ် Natasha Stott Despoja က ပြောသွား ခဲ့ပါတယ်။

သံအမတ်နဲ့ ဆက်သွယ်မေးမြန်းမှု အပြည့်အစုံကို နောက်တပါတ်မှာ ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List