Monday, January 26, 2015

သန်လျင်ရေနံချက်စက်ရုံအနီး ရှာဖွေခွင့်ကျမှသာ ဓမ္မစေတီခေါင်းလောင်းပြန် ရှာမည်


ဓမ္မစေတီခေါင်း လောင်းကြီးအား သံလျင် ရေနံချက်စက်ရုံ အနီးတွင် ဆက်လက်ရှာဖွေခွင့်ရရန် စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဌာနမှခွင့်ပြုသည့်အခါမှသာ လုပ်ငန်းများ ပြန်လည်စတင်မည်ဟု ခေါင်းလောင်း ရှာဖွေနေ သူ ဦးကျော်ဝင်းက ပြောသည်။
''လောလောဆယ်တော့ ခွင့်ပြု မိန့် စောင့်နေတယ်။ သူတို့ အထက်ကို တင် ထားတယ်ပေါ့လေ။ စွမ်းအင် ဝန်ကြီးအထိ တင်ရတယ်။ Security Pass ရမှ ဆက်လုပ် လို့ရမှာ''ဟု ယင်းက ပြောသည်။

၎င်းရှာဖွေမည့် ရေနံချက်စက် ရုံအနီးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ကန့်သတ်ထားသည့်အတွက် ယင်းနေရာ တွင် ရှာဖွေ မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် စွမ်း အင်ဝန်ကြီးဌာနသို့ ဇန်နဝါရီ ဒုတိယပတ် က ခွင့်ပြုချက် တင်ထားခြင်းဖြစ်
သည်။

သမိုင်းမှတ်တမ်းများအရ ရေ အောက်တွင် နှစ်ပေါင်း ၄ဝဝ ကျော်ပျောက်ဆုံးနေသည့် ဓမ္မစေတီခေါင်းလောင်း ကြီး အား ၂ဝ၁၄ ခုနှစ်တွင် ဦးစံလင်းဆိုသူက ရှာဖွေရာ မအောင်မြင်ခဲ့ဘဲ သင်္ဘောအရာရှိဟောင်းတစ်ဦးဖြစ် သူ ဦးကျော်ဝင်းက ၄င်း၏အိပ်မက်အရ ခေါင်းလောင်းရှာဖွေရန် တဖန် ဆောင်ရွက်နေခြင်းသည်။

ခေါင်းလောင်းအား အင်တာနက် မှတစ်ဆင့် ရှာဖွေနေပြီး အင်တာနက် ဓာတ်ပုံများမှတစ်ဆင့် သံလျင်ရေနံ ချက်စက်ရုံ အနီးတွင် ခေါင်းလောင်းအား တွေ့ရှိသည်ဟု ဦးကျော်ဝင်းက ပြောသည်။

ဦးကျော်ဝင်း ရှာဖွေသည့်နေရာ မှာ သမိုင်းမှတ်တမ်းတချို့နှင့် ကိုက်ညီမှု မရှိ သော်လည်း ၄င်းတွေ့ရှိသည့် ပုံရိပ်နှင့် ခေါင်း လောင်း၏ အတိုင်းအထွာများ ကိုက်ညီသည် ဟု ၄င်းကယူဆထားပြီး ရေအောက်သို့ကြည့် ရှုနိုင်ရန် ဖန်တီးထားသည့်ကင်မရာဖြင့် ဆက် လက်ရှာဖွေရန် ပြင်ဆင်နေသည်ဟု ¤င်း ကဆိုသည်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် စက်လှေမောင်းသူ ဦးကျော်ယက ''ခေါင်း လောင်းတွေ့မယ်၊ မတွေ့ဘူး ကတော့ တပ် အပ် မခန့်မှန်းဝံ့ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာ သာတွေအယူအဆအရဆိုရင်တော့ ဖြစ်ချင် ဖြစ်နိုင်
တာပေါ့''ဟု ပြောသည်။

ဦးကျော်ဝင်းအား ခေါင်းလောင်း ရှာဖွေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က တဖန်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါ ရီ ၁၂ ရက်မှ စတင်ကာ ၁၉ ရက်အထိ လေး ကြိမ် ရှာဖွေခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List