Wednesday, January 28, 2015

၎ ပွင့်ဆိုင်တွေ့ဆုံဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံဖို့ သဘောတူ

 
ကျောင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီတို့ လာမယ့် ဖေဖ်ာဝါရီလ ၁ ရက်နေ့မှာ ၄ ပွင့်ဆိုင်တွေ့ဆုံဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံဖို့ သဘောတူ လိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ပညာရေးဝန်ကြီး အစည်းအဝေးခန်းမမှာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အမျိုးသားပညာရေးဥပဒေကို လမ်းလျှောက်ဆန္ဒပြနေတဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ အစိုးရအဖွဲ့က သဘောတူလိုက်တာဖြစ်ပါတယ်။

ရိုက်ကူး - မျိုးသန့်ခိုင်
RFA Burmese

No comments:

Post a Comment

My Blog List