မြန်မာ့ဆက်သွယ်ရေးလောကတွင် မိုဘိုင်းအော် ပရေတာများ၏ ဝန်ဆောင်မှုသည် ဈေးကွက်အတွင်း အပြိုင်အဆိုင် ထိုးဖောက် လျက်ရှိရာ မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း၏ MEC Tel CDMA 800MHz ဖုန်းအနေဖြင့် လည်း ဖေဖော်ဝါရီ အတွင်း ဖော် ဆောင်သွားမည့် ဈေးကွက်နှင့် ဝန် ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပုသူများက စိတ်ဝင်တစားစောင့်ကြည့် လျက်ရှိနေကြောင်း သိရသည်။
ယခုအခါအဆိုပါ MEC Tel CDMA 800MHz သည် EV DO အင်တာနက်လိုင်း ကောင်းမွန်သည့်အပြင်၊ အသံလှိုင်းကောင်း မွန်ခြင်းတို့ကြောင့် မြို့ကြီးများအပြင် ကျေးလက်ဒေသများတွင်ပါ ယခင်ထက်အသုံးများ လာကြကြောင်း သိရသည်။
''အသံလှိုင်းရော၊ အင်တာနက် လိုင်းရော နှစ်မျိုးလုံးကောင်းတယ်။အသံ လှိုင်းကောင်းတော့ နယ်ကလူ တွေက ပိုပြီးတော့ အားကိုးအားထား ပြုကြပြီး၊ မြို့ပေါ်မှာကျတော့ အင်တာနက်လိုင်း ကောင်းတာကြောင့် ပိုပြီး အသုံးများလာကြတယ်''ဟု မိုဘိုင်းဖုန်းအရောင်းဆိုင် တစ်ခုမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
အဆိုပါ MEC Tel CDMA 800MHz မိုဘိုင်းဖုန်းတွင် ယခုလအတွင်း Bonus ၇၀ ရာခိုင်နှုန်းအပို ထပ်ဆောင်းပေးထား သဖြင့် ၁၇၀ မိနစ် အထိ သုံးစွဲနိုင် သဖြင့် ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် ၂၉ ကျပ်ပြား ၄၀ သာ ကုန်ကျခြင်းကြောင့် MEC Tel CDMA 800MHz Sim Card နှင့် ငွေဖြည့် ကတ်များမှာ အရောင်းအဝယ် အားကောင်းလျက်ရှိကြောင်း သိရသည်။
''မဆိုးပါဘူး၊ MEC ဖုန်းကလိုင်း ဆွဲအားကောင်းတော့ ကျွန်တော်တို့ ဘက်မှာလဲ အရင်ထက် သုံးလာကြတာတွေ့ရ ပါတယ် ။ ဖေဖော်ဝါရီအတွင်းမှာ ဖော်ဆောင်မယ့် ဈေးကွက် နဲ့ဝန်ဆောင်မှုတွေကိုတော့ စိတ်ဝင်စားပါတယ်''ဟု ဧရာဝတီ တိုင်း ဒေသကြီး ဓနုဖြူမြို့နယ်နေထိုင်သူကို နိုင်ထူး က ပြောသည်။
MEC Tel CDMA 800MHz ဖုန်းများ၏ ကတ်ပျောက်လျှောက်ထား ခနှုန်းများကို လည်းကျပ်နှစ်သောင်းမှ ကျပ်တစ်ထောင့် ငါးရာထိ လျှော့ ချ ထားပြီး SMS တစ်စောင်လျှင် ယခင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ လည်းကောင်း၊ အင်တာ နက်လျှောက် ထားခကိုလည်း ယခင်ကျပ်တစ် သောင်းမှ ယခုအခါ အခမဲ့ သို့ပြောင်း လဲလျှော့ချသတ်မှတ်ပေးထားကြောင်း သိရသည်။
#Democracytoday

No comments:
Post a Comment