Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်ဆန္ဒပြ ကျောင်းသားများ အနေဖြင့် မှန်မှန်ကန်ကန်၊ တာဝန်သိသိဖြင့် မိမိတို့ရပ်တည်ချက်အပေါ် ပရမ်းပတာ မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသား ပညာရေးဥပဒေအပေါ် လမ်းလျှောက် ဆန္ဒပြလျက်ရှိသော ကျောင်း သားများ အနေဖြင့် မှန်မှန်ကန် ကန်နှင့် တာဝန်သိသိလုပ်ဆောင်ရန်လိုအပ်ပြီး မိမိတို့ရပ်တည်ချက်အပေါ် ပရမ်းပတာမလုပ်ကြရန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၇ရက်က ကျင်းပ သောပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးမစတင် မီ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ အမျိုး သားပညာရေး ဥပဒေအပေါ် လမ်း လျှောက်ဆန္ဒပြနေသည့် ကျောင်းသား များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်၏သဘောထားကို သတင်း ထောက်များမှ မေးမြန်းရာတွင် ယင်း သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဘာပဲပြောပြော အလုပ်လုပ် တယ်ဆိုတာ ကိုယ်ကမှန်မှန်ကန်ကန် လုပ်ဖို့ပဲ အရေးကြီးတယ်။ ဘာအ လုပ်ပဲဖြစ်ဖြစ် အန်တီက ဒါပဲပြော တယ်။ တာဝန်သိသိနဲ့ လုပ်ရမယ်။ မှန်မှန်ကန်ကန်လုပ်ရမယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ တာဝန်သိသိလုပ် တယ်ဆိုလို့ရှိရင် ဒါဟာရပ်တည်ချက် အရ လုပ်တာပဲ။ ရပ်တည်ချက်အရ လုပ်တယ်ဆိုလို့ ပရမ်းပတာလုပ်ရ မယ်လို့ ပြောတာမဟုတ်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

ယင်းအပြင် ''ဒီဥပဒေက အန် တီတို့ထုတ်တဲ့ဥပဒေလဲမဟုတ်ဘူး။ အမျိုးသားပညာရေးကော်မတီထဲ မှာ အန်တီလုံးဝမပါဘူး။ စိတ်ဝင်စား တာတော့ စိတ်ဝင်စားတာပေါ့နော်။ နောက်ပြီးတော့ ကော်မတီဝင်တွေ ကလဲ အန်တီ့ကိုလဲ အသိပေးတာတွေ ရှိပါတယ်။ တတ်နိုင်သလောက်တော့ သူတို့အားလုံးက စုရုံးပြီးတော့ လုပ် ကြပါတယ်။ ဒီနိုင်ငံပဲဖြစ်ဖြစ်၊ ဘယ် နိုင်ငံပဲဖြစ်ဖြစ် ပြဿနာတွေကို အ ကောင်းဆုံးဖြေရှင်းတာကတော့ ညှိ နှိုင်းပြီးတော့ ဖြေရှင်းရတာပဲ။ ပြဿ နာဖြေရှင်းတယ်ဆိုတာ တစ်ဖက်တည်း တော့မဟုတ်ဘူး။ ဟိုဘက်ဒီ ဘက်ပေါ့ နော်။ အားလုံးကနေပြီးတော့ အပေး အယူလုပ်ဖို့ အဆင်သင့်ရှိရမှာပေါ့။

အန်တီအမြဲခဏခဏပြော တယ်။ ဒီမို ကရေစီမှာ အပေးအယူလုပ်တယ် ဆိုတာ တစ်ဖက်ကငါလိုချင်တာ တစ် ရာ ရာခိုင်နှုန်းရမှဆိုတဲ့ကိစ္စက အ ပေးအယူ ဘယ်တော့မှမဖြစ်ဘူး။ အ ပေးအယူဆိုတာ ကိုယ့်ဘက် ကလဲ ပေးရတယ်။ ဟိုဘက်ကလဲ ပေးရ တယ်။ ကိုယ့်ဘက်ကလဲယူမယ်။ ဟို ဘက်ကလဲယူမယ်။ ဒီလိုပဲ ရှိရမှာပဲ။ ဒါဒီမိုကရေစီရဲ့ ယဉ်ကျေးမှုအခြေ ခံပဲ''ဟုလည်း ထပ်လောင်းပြောကြား ခဲ့သည်။

လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများသည် ဇန်နဝါရီ၂၆ ရက်က မြင်းခြံဒီဂရီကောလိပ်တွင် ကျောင်း အုပ်ကြီးနှင့် ဆရာ၊ ဆရာမများ တားဆီးနေသည့်ကြားမှပင် ကျောင်း အတွင်းသို့ဝင်ရောက်ကာ ကျောင်းအ တွင်းလွှင့်ထူထားသည့် နိုင်ငံတော် အလံကိုဖြုတ်ချခဲ့ပြီး ကျောင်းသား သမဂ္ဂအလံကို လွှင့်ထူခဲ့သဖြင့် မြင်းခြံ ရဲစခန်းက အဆိုပါကျောင်းသားများ အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောင်းသားများလမ်းလျှောက် ဆန္ဒပြနေမှုနှင့်ပတ်သက်၍ တောင် သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးအောင်သောင်းက ''ပိတ် ဆို့တားဆီးတာတော့ အဘမသိပါ ဘူး။ ဒါကတော့ အုပ်ချုပ်ရေး ဘက်က လေ။ အဘတို့ဘက်ကတော့ ဘာမှ မလုပ်ပါဘူး။ နောက်ပြီးတော့ အဘတို့ က မေတ္တာရပ်ခံလိုက်၊ မြို့မိမြို့ဖတွေနဲ့ လွှတ်တော်ကလဲ လုပ်ပေးမယ်။ သမ္မ တကြီးကလဲ လုပ်ပေးမယ်။ ပညာရေး ဌာနက လဲ ပြန်ဆွဲနေတယ်။ ကျောင်း သားတွေလိုအပ်ချက် လေးချက်ပါမယ်။ အဲ့ဒါကြောင့် အေးအေးဆေးဆေး လုပ်ပါ။ ပြည်သူတွေက ခုလိုသွားရင် လန့်တယ်၊ ကြောက်တယ်၊ စိုးရိမ်နေ တယ်လို့။ ဒါကြောင့်မို့လို့ ကျောင်း သား တွေဆက်မလုပ်ဖို့ မေတ္တာရပ်ခံမယ်။ ဒါလေးပါပဲ။ အကယ်၍သွားမယ်ဆို လဲ သူ့ဘာသူဆက်သွားပေါ့။ တခြား နည်းနဲ့ ပိတ်တာဆီးတာတော့ အဘ တို့နဲ့မဆိုင်ဘူးလေ။ အဘတို့က လုပ် ပိုင်ခွင့်လဲမရှိပါဘူး။ အဘတို့မှာလဲ ဘာအဖွဲ့မှမရှိပါဘူး။ ဘာအင်အား စုမှမရှိဘူး။ အဘတို့မှာ မြို့မိမြို့ဖတွေ ပဲရှိပါတယ်။

အမျိုးမျိုးစွပ်စွဲနေတာ တွေလဲရှိတယ်။ တောင်သာတပ်မ တော်တို့၊ ဘာတို့ဆိုတာမရှိပါဘူး။ ရှိ လဲမရှိဘူး။ ဒါတွေက စွပ်စွဲတာပါ။ ဟိုတုန်းက တခြားအဖွဲ့အစည်းတွေက ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ပြော တာဖြစ်ပါတယ်။

လုံးဝတစ်ယောက်မှ မရှိပါဘူး။ ဒါတွေက အယူဝါဒ ကွဲပြားမှု၊ နိုင်ငံရေးအယူအဆကွဲလွဲ မှုတွေ နဲ့ ဖြစ်ပေါ် တဲ့ကိစ္စတွေ၊ တကယ် တော့ လုံးဝဘာမှမရှိဘူး'' ဟု ပြည် သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေး ခေတ္တနားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသွားခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List