Thursday, January 29, 2015

ဦးသိန်းစိန် အစိုးရ နှင့် အာဏာရှင်စရိုက် စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာများ


ဇန်န၀ါရီ ၂ရ ရက်နေ့သည် မြန်မာပြည်သူ ပြည်သားများအတွက် ရင်ခုန်ထိတ် လန့်စရာနေ့တစ်နေ့ဖြစ်ခဲ့ သည်။ ဗဟိုချုပ်ကိုင်မှုများလွန်သည်ဟု ဝေဖန်ခံနေရသော ပညာရေးဥပဒေပြင်ဆင်ရေးသ ပိတ်မှောက်ကျောင်းသားများ ချီတက်ရာ မြင်းခြံ-တောင်သာလမ်းအား လက်နက်ကိုင် လုံထိန်းရဲများဖြင့် ပိတ်ဆို့ထားခဲ့ခြင်းကြောင့် သွေးထွက်သံယို အရေးအခင်းတစ်ခု ဖြစ်တော့ မည်လောဟု လူအများ စိုးရိမ်ပူပန်ခဲ့ကြသည်။
ထိုအခြေအနေက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသော ကျောင်းသားများအား အစိုးရက အကြမ်းဖက်ဖြိုခွင်း လိုသည့်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသ လိုက်ခြင်းဖြစ်သည်။

သို့သော်၊ သတင်းမီဒီယာများ မျက်စိဒေါက်ထောက်ကြည့်နေသော မျက်မှောက်ခေတ်တွင် ထိုကဲ့သို့လုပ်ရ မည်ကို အတန်အသင့် တွန့်ဆုတ်နေသော အာဏာပိုင်များက ပညာရေးဌာနတာဝန်ရှိသူများကို စေလွှတ်၍ သပိတ်ကျောင်း သားများ နှင့် အစိုးရအဖွဲ.တို့ တွေ့ဆုံပွဲပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။ထိုကမ်းလှမ်း ချက်အရ သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦးသိန်းဇော်၊ ပညာရေး ၀န်ကြီး ဒေါ်ခင်စန်းရီနှင့် ကျောင်းသား ကိုယ်စားလှယ်များ ယနေ့မနက်တွင်တွေ. ဆုံခဲ့သည်။ ရလဒ်အဖြစ် အစိုးရအဖွဲ့၊ လွှတ်တော်တာဝန်ရှိသူများ ၊ကျောင်း သားသပိတ်အဖွဲ.နှင့် ပညာရေးဥပဒေနှင့်ပတ်သက်၍ တက်ကြွစွာလှုပ်ရှားနေ သည့် NNER အဖွဲ.တို့ လေးပွင့်ဆိုင်တွေ.ဆုံမည်ဖြစ်ပြီး သပိတ်ဆင်နွှဲနေမှုအား လည်း ထိုဆွေးနွေးပွဲစတင်မည့် ဖေဖ၀ါရီ ၁ ရက်နေ့တွင် ရပ်နားထားရန် နှစ်ဖက် သဘောတူခဲ့သည်။

ပြဿနာများအား တွေ.ဆုံ ညှိနှိုင်းအဖြေရှာခြင်းသည် ယဉ်ကျေးသောလူ့အဖွဲ.အစည်း ၏ နည်းလမ်းဖြစ်ပြီး၊ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်လိုသည့် မြန်မာပြည် သူတို့၏ ဆန္ဒနှင့်ကိုက်ညီသော လုပ်ဆောင်မှု ဟုဆိုနိုင်သည်။ထို့ကြောင့် ယနေ့တွေ့ဆုံသဘောတူညီချက်များအား ကြိုဆိုရမည်ဖြစ်သည်။

သို့သော် တွေ့ဆုံညှိနှိုင်းမှုများ နှင့် နောက်ဆက်တွဲ သဘောတူညီချက်များ ပြုလုပ် သည့် ရည်ရွယ်ချက် များမှာ ပြဿနာများအားပြေလည်အောင် ဖြေရှင်းလို သည်မဟုတ်ဘဲ၊ ထိုတွေ.ဆုံမှုများအား အမည်ခံသက် သက်ပြုလုပ်ပြီး စစ်အာဏာရှင် အစိုးရလက်ထက်တွင်ကဲ့သို့ Psychological Warfare ခေါ် စိတ်ဓာတ် စစ်ဆင်ရေး နည်းဗျုဟာများဖြင့် ပြည်သူလူထုအား လှည့်ဖြားမည်ဆိုပါက တိုင်းပြည်အနာဂတ်အတွက် အလွန်ရင်လေးဖွယ်ဖြစ်သည်။

၂၀၀၇ ဆန္ဒပြမှုတွင် သံဃာများအား အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် သည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားသည်များကို မထောက်ခံဟုထုတ်ဖော်ပြောဆိုပါက ၄င်းနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင် သံကြားမှ သတင်းလွှင့်ခဲ့ သည်။ ထိုအချက်သည် သံဃာများအား အကြမ်းဖက်ခဲ့ သည်ကို ပြည်သူတို့အာရုံတွင် ရှုပ်ထွေး သွားစေ ရန် ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။

ထို့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ယခင်အလုပ် သမားရေးရာဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်တို့ တွေ.ဆုံမှုများ အကြိမ်ကြိမ် ဖြစ်ပေါ် ခဲ့သော်လည်း ထိုဆွေးနွေးပွဲများသည် နိုင်ငံရေး အနှစ်သာရ မရှိခဲ့ကြောင်းတွေ့ရ သည်။ အကြောင်းမှာ ပြည်သူလူထုနှင့်နိုင်ငံတကာအား ရွှေဝါရောင်နှိမ်နင်းမှုကို အာရုံ လွှဲရန်သက်သက် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံရေးအကြပ်အတည်းကို ဆွေးနွေး အဖြေရှာရန်မဟုတ်ပါ။

နိုင်ငံရေး အကြပ်အတည်းတစ်ခု ကျရောက်လာတိုင်း ပြည်သူကို အာရုံလွှဲသည့် အလားတူဖြစ်စဉ်များလည်း ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီခေတ်တွင် ဆက်လက် ဖြစ်ပျက်နေသည် ကိုတွေ.မြင်ရသည်။

သမ္မတက ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ခံပြု၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံယှဉ်ရိုက်ကာ ပြည်သူ လူထု၏ အသဲနှလုံးကိုဖမ်းစားရန်ကြိုးပမ်းမှုသည် ဦးသိန်းစိန်အစိုးရ၏ ထင်ရှားသော အစကနဦး စိတ်ဓာတ် စစ်ဆင်ရေးဟုဆိုနိုင် သည်။

အခြားသော သာဓကများစွာလည်း ရှိပါသည်။ ဥပမာဆိုရသော်၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မုံရွာခရိုင် လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းရပ်ရန် သပိတ်စခန်းဖွင့် တောင်းဆိုနေသောတောင်သူများနှင့် သံဃာတော်တို့အား အစိုးရ၀န်ကြီး ဦးအောင်မင်းက သွားရောက်တွေ့ဆုံပြီး အခြေအနေကို ပြေ လည်အောင် သမ္မတဦးသိန်းစိန်အား တင်ပြမည်ဖြစ်ကြောင်း၊ သံဃာတော်များ အလေးထားသည့် ကြေးနီ စီမံကိန်း ဧရိယာတွင်းရှိသော လယ်တီသိမ်ကျောင်း အား မဖျက်စီးဘဲ ထီးတော်ပင်တင်ပေးမည်ဟု နှစ်သိမ့် စကားခြွေခဲ့သည်။

သို့သော် ဦးအောင်မင်း လက်ပံတောင်းတောင်ဒေသမှ ပြန်သွားပြီး ရက်ပိုင်း အတွင်း သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခဲ့သည်။ အကြမ်းဖက်နှိမ်နင်းပြီး ၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော် မတီတစ်ရပ်ဖွဲ.စည်းပေးခဲ့သော်လည်း၊ ကော်မတီ၏ တင်ပြချက်များကိုဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နောက်ပိုင်းပြောဆိုခဲ့သည်။ ထိုအချက်ကို ထောက်ရှုလျှင် လက်ပံတောင်း ပဋိပက္ခဖြေရှင်းရာတွင် စစ်အာဏာရှင်လက်ထက်ကကဲ့သို့ပင် စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျုဟာများ၊ Delaying Tactics ခေါ် အချိန်ဆွဲဗျူဟာများအား လက်ရှိဦးသိန်းစိန်အစိုးရက ပြုလုပ်နေသည်ဟု ကောက်ချက်ပြုနိုင်သည်။

အလားတူပင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် က လေးပွင့်ဆိုင် ဆွေးနွေး ရန်တောင်းဆိုခဲ့သော်လည်း ထိုတောင်းဆိုချက်သည် လွှတ်တော်၏ ဥပဒေပြုရေးမဏ္ဍိုင်ကို ကျော်လွန်စေ သည်ဟုအကြောင်းပြခဲ့သည်။ ထို့နောက် လူများပြီးပွဲမဖြစ်နိုင်သည့် တိုင်းရင်းသားရေးရာဝန်ကြီး အများ အပြား အား ဖိတ်ခေါ်ပြီး ၄၈ ပွင့်ဆိုင် သမ္မတအိမ်တော်တွင်လုပ်ကာ ပြည်သူများအား လှည့်ဖျားနေမှုများသည် စစ်အာဏာရှင်လက်ထက် အတိုက်အခံတို့ကိုထိုးနှက်ရန် ၊ပြည်သူလူထုကိုေ၀၀ါးစေရန် နည်းလမ်းများအား လက်ရှိအစိုးရက စနစ်ကျကျ ကျင့်သုံးနေကြောင်းပေါ်လွင်စေသည်။

(ထိုတွေ့ဆုံပွဲအား နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံတို့က တင်ဆက်ရာတွင် ထိုဆွေးနွေးပွဲအား အကောင်းမြင်ကြောင်း ပြောသော တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ မေးမြန်းခန်းများကိုသာ အထူးဦးစားပေးတင်ပြခဲ့သည်။)

ထို့ကြောင့် လက်ရှိကျောင်းသားသပိတ်အား ကိုင်တွယ်ရာတွင် အာဏာရှင်ခေတ် နည်းနာနိဿရည်းများ ဦးသိန်းစိန်အစိုးရ သုံးနေခြင်းဟုတ်မဟုတ် စောင့်ကြည့် ဆန်းစစ်ရမည်ဖြစ်သည်။

မြန်မာနိုင်င်ငံ လူငယ်များ၏ အနာဂတ်အရေးအတွက် လေးနက်စွာထည့်သွင်း စဉ်းစားလိုပါက တက္ကသိုလ် ပညာရေးစနစ် ကောင်းမွန်ရန်လိုလားသော ဆန္ဒပြကျောင်းသားများ၏ တောင်းဆိုချက်များအား အကြမ်းဖက် နည်းလမ်း များနှင့်သော်လည်းကောင်း၊စိတ်ဓာတ်စစ်ဆင်ရေး နည်းဟောင်းများကို သော် လည်းကောင်းမသုံး စွဲဘဲ မှန်ကန်မျှတစွာဖြေရှင်းရန် အစိုးရအားတိုက်တွန်းလိုက် ပါသည်။

The Yangon Globe

No comments:

Post a Comment

My Blog List