Wednesday, January 28, 2015

အာရှ-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာရေကြောင်းသွားလာမှုကို ထိန်းထားရမည်ဟု အိုဘားမားကဆို


အာရှ-ပစိဖိတ်တွင် လွတ်လပ်စွာရေကြောင်းသွားလာမှုကို ထိန်းထားရမည်ဟု နယူးဒေလီတွင် ဇန်နဝါရီ ၂ရ ရက်၌ အမေရိကန်သမ္မ တဘားရက်အိုဘားမားက ဆိုသည်။ အမေရိကန်၏ပြိုင်ဘက် တရုတ်သည် ဒေသ တွင်း၌ သူ၏အင်အား ကို အခိုင်အမာထုတ်ပြထားသည်။
''အာရှ-ပစိဖိတ်ဒေသမှာ အိန္ဒိယ ရဲ့အခန်းကဏ္ဍ ကြီးမားကျယ်ပြန့် လာတာကို အမေရိကန်ပြည်ထောင် စုက ကြိုဆိုပါတယ်။ အာရှ-ပစိဖိတ် ဒေသမှာ လွတ်လပ်စွာရေကြောင်း သွားလာမှုကို ထိန်းထားရမယ်။ ပြီး တော့ ဒေသတွင်းအငြင်းပွားမှုတွေကို အေးချမ်းစွာဖြေရှင်းရမယ်''ဟု အိုဘားမားကဆိုသည်။

နယူးဒေလီတွင် အိန္ဒိယဝန် ကြီးချုပ်နာရန္ဒရာမိုဒီနှင့် ဆွေးနွေး ပြီးနောက် အိုဘားမားကအထက်ပါ အတိုင်းဝေ ဖန်ချက်ပေး လိုက်ခြင်း ဖြစ်သည်။ မိုဒီသည် မန်မိုဟန်ဆင်း ထက်ပို၍ တရုတ်အပေါ်သဘော ထားတင်းမာ သည်။

အိုဘားမားက အရှေ့ကို မဏ္ဍိုင် ပြုလုပ်လာရာ သူ့ကိုအားဖြည့်ပေးမည့် မဟာမိတ်များကို ရှာဖွေလာသည်။ တရုတ်၏အင်အားကြီး ထွားလာခြင်းကို အဓိကချိန်ညှိပေးနိုင်မည့်သူအ ဖြစ်လည်း အိန္ဒိယကိုကြည့်လာ သည်။

တရုတ်သည်တောင်တရုတ် ပင်လယ်အတွင်းနေရာအတော်များများကို သူပိုင်သည်ဟုဆိုလာသည်။

သူအဆိုပြုသောနေရာများသည် ရေ ကြောင်းသွားလာမှုတွင် အဓိကကျပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် ပဓာနကျသည်။ တရုတ်သည်ဒေသတွင်း နိုင်ငံများနှင့် နယ်မြေအငြင်းပွားမှု ဖြစ်နေသည်။

Ref : AFP
#Democracytoday

No comments:

Post a Comment

My Blog List