Wednesday, January 28, 2015

လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးမှု ဖိလစ်ပိုင် ရဲညွှန်မှူးကို ဆင့်ခေါ်


လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ဆင်ရေး ကိုင်တွယ်မှုအတွက် ဖိလစ်ပိုင် အထူး ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး လီယို နာပေးနတ်စ်ကို ဆင့်ခေါ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး မန်နျူရယ် ရောက် ဇက်စ်က ပြောပါတယ်။
“စုံစမ်းစစ်ဆေးရေး ဘုတ်အဖွဲ့ရဲ့ ရလဒ်တွေကို ဆိုင်းငံ့ထားပြီး သူ့လက်ရှိ တာဝန်တွေကနေ ဆိုင်းငံ့ထားဖို့ ကျနော်တို့ ညွှန်ကြားထားတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ ၂ ယောက်ကို ဖမ်းဆီးမယ့် စစ်ဆင်ရေးအတွက် စုံစမ်းဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သူပုန်တွေနဲ့ ၁၂ နာရီကြာ တိုက်ပွဲ ဖြစ်ခဲ့ရတယ်” လို့ ပြည်ထဲရေးဝန်ကြီးက ဇန်န၀ါရီ ၂၇ ရက်နေ့ မြို့တော်မနီလာက သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ ခေါင်းဆောင်ကတော့ ဒီစစ်ဆင်ရေးကို ထိပ်တန်းရဲအရာရှိတွေက မရှင်းလင်း ခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသား ရဲတပ်ဖွဲ့ ဒုညွှန်မှူး ဗိုလ်ချုပ် လီယိုနာဒို အဲ့စ်ပီနာက ကျဆုံး သူရဲကောင်း အားလုံးအတွက် ရွှေတံဆိပ် နဲ့ ညီမျှတဲ့ ဖြစ်နိုင်သမျှ အမြင့်ဆုံးဆုတံဆိပ်တွေ ချီးမြှင့်ဖို့ ထောက်ခံ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်ရဲတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုရှိဆဲဖြစ်ပြီး ဆက်လက် မြှင့်တင်သွားမယ် လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က မဂင်းဒနောင်းခရိုင် မာမာစာပါနိုမြို့မှာ တိုက်ပွဲကြောင့် အထူးရဲတပ်ဖွဲ့(အက် စ်အေအက်ဖ်)က အရာရှိ ၄၄ ယောက် သေဆုံးပြီး လူ ၁၂ ယောက် ဒဏ်ရာရပါတယ်။ သူပုန် ၈ ယောက် လည်း သေတယ်လို့ ရဲတွေက ပြောပါတယ်။

စစ်သွေးကြွ ၂ ယောက်ကို ဖမ်းမယ့် စစ်ဆင်ရေးအတွက် အထူးတပ်ဖွဲ့ အရာရှိ အယောက် ၄၀၀ နီးပါး ပါဝင် ခဲ့တာပါ။

အမေရိကန်ရဲ့ ဆုကြေးထုတ်ခံရတဲ့ အယ်လ်ကိုင်းဒါးနဲ့ ချိတ်ဆက်ထားတဲ့ မလေးရှား ဗုံးပညာရှင် ဘင်ဟီရာနဲ့ ဖိလစ်ပိုင် စစ်သွေးကြွ အူစမာတို့ဟာ နိုင်ငံရဲ့ အကြီးဆုံး သူပုန်အုပ်စု မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေး တပ်ဦး (အမ်အိုင်အယ်လ်အက်ဖ်)က တိုက်ခိုက်ရေးသမားတွေနဲ့အတူ ခိုလှုံနေတာ ဖြစ်ပါတယ်။

အရာရှိတွေကတော့ တိုက်ပွဲအတွင်း ဘင်ဟီရာ သေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အမ်အိုင်အယ်လ် အက်ဖ်တွေဟာ နိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးအတွက် နှစ်ပေါင်း ၄၀ ကျော်ကြာ တိုက်ပွဲဝင်နေတာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရဖြစ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် တပ်ကို ဖျက်သိမ်းဖို့နဲ့ လက်နက်တွေ စွန့်လွှတ်ရေး ဖလှယ်ဖို့ သဘောတူထား ပါတယ်။

DVB

No comments:

Post a Comment

My Blog List