Monday, January 26, 2015

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်း သီးသန့်တွေ့ဆုံခဲ့


သူရဦးရွှေမန်း ၊ သမ္မတဦးသိန်းစိန်ဆက်ဆံရေးမပြေမ လည်ဖြစ်နေသည်ဟု သတင်း ထွက်ပေါ်နေသော လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ် တော်နာယကသူရဦးရွှေမန်းတို့သည် ဒီဇင်ဘာ နောက် ဆုံးပတ်တွင် သီးသန့်တွေ့ဆုံခဲ့ကြောင်းသ တင်းရရှိသည်။
ထိုသို့တွေ့ဆုံနိုင်ရန် ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌအချို့က စီစဉ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ဘက်က သက်သေ အဖြစ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို ခေါ်လာခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ခြင်း နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာ သူကိုကျော်လင်းဦး က‘‘အဆင်မ ပြေလောက် ဘူးထင်တယ်။ ပြီးခဲ့ တဲ့ ဗဟိုကော်မတီအစည်းအဝေး က ရလဒ်တိတိကျကျထွက်မလာ တာကိုကြည့်ခြင်း အားဖြင့်’’ဟု သုံး သပ်သည်။

ထို့အပြင်လွှတ်တော်အစည်းအဝေးစတင်ပြီးနောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့် အမျိုး သား ပညာရေးဥပဒေကိစ္စတို့တွင် နှစ်ဖက် အပြန်အလှန်ပေးပို့သော စာများကိုကြည့်ခြင်းအား ဖြင့်သိနိုင်ကြောင်းနိုင် ငံရေးလေ့လာသူတစ်ဦးကဆိုသည်။

‘‘လွှတ်တော်အမတ်တွေ လ စာတိုးပေးရေးကိစ္စမှာ သမ္မတကညှိနှိုင်းပြီး တဖြည်းဖြည်းတိုးသွားဖို့ ပြောတာ ကို ဦးရွှေမန်းကလက်မခံ ဘူး။ ကျောင်းသား ကိစ္စမှာလည်း သမ္မတက လွှတ်တော်ရဲ့တာဝန် လို့ ပြောတယ်။ လွှတ်တော်က ပ ညာရေးဝန်ကြီးဌာနကို ပြန်လွှဲ တယ်။ ဒါတွေကို ကြည့်ခြင်းအား ဖြင့်တော့ ဆက်ဆံရေး မကောင်း လာဘူးလို့ သုံးသပ်ရမှာပဲ’’ဟု အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည် သူ့လွှတ်တော်အမတ်ဦးမြင့်ဦး က သုံးသပ်သည်။

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်း တို့ ဆက်ဆံရေးမကောင်းသည်မှာ ကာလ အတန်ကြာပြီဖြစ်ပြီးလက်ရှိပါတီ တွင်း၌လည်း ဦးသိန်းစိန် ကို ထောက်ခံသူနှင့် ဦးရွှေမန်းကို ထောက်ခံသူဟူ၍ ကွဲပြားလျက်ရှိကြောင်းသတင်း များ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ သမ္မတဖြစ်လာသော ဦးသိန်းစိန် နှင့် လက်ရှိပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ၏ အဆိုပါတွေ့ဆုံမှုမှာ သုံးနှစ်အတွင်းပထမ ဆုံးအကြိမ်သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိ သည်။

7 day

No comments:

Post a Comment

My Blog List