Wednesday, December 24, 2014

SSPP/SSA အဖွဲ့မှ အစားအသောက်များအတင်းအကြပ်တောင်းခံခြင်းကြောင့် ဒေသခံများဝန်ထုပ်ဝန်ပိုးဖြစ်နေ

Photo: SSPP/SSA အဖွဲ့မှ အစားအသောက်များအတင်းအကြပ်တောင်းခံခြင်းကြောင့် ဒေသခံများဝန်ထုပ်ဝန်ပိုးဖြစ်နေ
Wednesday, December 24, 2014 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသအတွင်းသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာများအား အစားအသောက်များ တောင်းခံလျက်ရှိကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် လွိုင်ဆောင်ထောက်ဒေသ၊ ဝမ်ပန်ယွက်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာထဲမှ ၎င်းတို့အတွက် ဆန်၊ဆီနှင့် အရက်များကို တောင်းရမ်းလျက်ရှိကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီအနီးအနား ပတ်ဝန်းကျင် ရွာတွေကနည်းတယ်လေ၊ သူတို့က အင်အားများတယ်လို့တော့ ပြောတာပဲ၊ ဘယ်လောက်လဲတော့မသိဘူး၊ တစ်ရက်ကိုပေးရရင် မနည်းဘူးလေ၊ နေ့တိုင်းဆိုတော့ ဘယ်ခံနိင်မလဲ”ဟု ရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့အား ကျေးရွာအုပ်စုများနှင့် ကျေးရွာများမှ နွား၊ ဝက်နှင့် ကြက်တို့ကို အလှည့်ကျပေးဆောင်နေရ ကြောင်း သိရသည်။
“လူကများတော့ ဦးတို့လည်း ပေးရတာမနိင်တော့ဘူးလေ၊ ရွာထဲမှာရှိတဲ့ နွား၊ ဝက်၊ ကြက်တွေလည်း တဖြည်းဖြည်းနဲ့ကုန်တော့မယ်၊ ရွာသားတွေမှာလည်း ဒါလေးတွေနဲ့ လုပ်စားနေရတာ၊ သူတို့က အခုလို တောင်းရမ်းနေတော့ ရွာသားတွေမှာဒုက္ခရောက်ရတာပေါ့”ဟု ရွာသားတစ်ဦးက ပြောကြားသွားသည်။

စိုင်းလူ
Shan News

No comments:

Post a Comment

My Blog List