Monday, December 22, 2014

ထွက်ပြေးနေသာ သံဃာတစ်ပါးကို ၀ိုင်းဖမ်းပေးရန် ထိုင်းအာဏာပိုင်များက အခြားနိုင်ငံများသို့ အကူအညီတောင်း

Photo: ထွက်ပြေးနေသာ သံဃာတစ်ပါးကို ၀ိုင်းဖမ်းပေးရန် ထိုင်းအာဏာပိုင်များက အခြားနိုင်ငံများသို့ အကူအညီတောင်း
Monday, December 22, 2014 

ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းတော်ကြီး ၀ီရာပိုအား ရှာဖွေဖမ်းဆီးရေးတွင် ပြည်ပနိုင်ငံများက အကူ အညီပေးရန် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ပနိုင်ငံများအား အကူအညီ တောင်းခံလိုက်ကြောင်း သိရသည်။

လူအမည် ၀ီရာပိုဆက်ဖော်ဟု ပြောင်းလဲယူထားသည့် ဘုန်းကြီးလူထွက် လွမ်ပူနန်ခမ်းသည် လိမ်လည်မှု၊ မတော်တတရား ပြုကျင့်မှုတို့ဖြင့် တရားစွဲဆိုမှု များကို ရှောင်ရှားနိုင်ရန် ယခုအခါ အမေရိကန်တွင် ပုန်းအောင်းနေသည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားသည်။

ထိုင်း အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၏ အမျိုးသား လုံခြုံရေးဗျူရို အကြီးအကဲ ရဲမှူးကြီး ဖွန်အင်း အင်တရာခေါင်က ရဲအရာရှိများ က နိုင်ငံ အများအပြားမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် ကာ ၀ီရာပိုအား ရှာဖွေ ဖမ်းဆီးနိုင်ရေး အတွက် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံသို့ အမြန်ဆုံးပြန်လည် ခေါ်ယူကာ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်ကြောင်း ပြောကြားသည်။

အသက် ၃၅ နှစ်အရွယ် ၀ီရာပိုသည် ဇိမ်ခံ လူ့အသုံးအဆောင် ပစ္စည်းများ အသုံးပြုနေကြောင်း ယမန်နှစ်အတွင်း က ဖော်ထုတ် တွေ့ရှိ ပြီးနောက် ၎င်းအား ထိုင်းသံဃာ့အဖွဲ့အစည်းက ရဟန်းအ ဖြစ် အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းလိုက်သည်။ ၀ီရာပိုမှာ ယခင်ကလည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ်တွင် တင်ခဲ့သောကြောင့် ကိုယ်ပိုင်လေယာဉ် ရှိသည့် ဘုန်းကြီးဟု အွန်လိုင်း အသုံးပြုသူများ အကြား ရေပန်းစားခဲ့သေးသည်။ ထို့ပြင် အမျိုးသမီး တစ်ဦးနှင့် အိပ်စက်နေသည့် ဓာတ်ပုံမှာလည်း အွန်လိုင်းပေါ် ရောက်ရှိ လာခဲ့သည်။

သို့သော် ၀ီရာပိုသည် အ၀ါရောင်သင်္ကန်းကို ၀တ်ဆင်ကာ ပန်းများ ၀န်းရံထားသည့် စားပွဲခုံတစ်လုံးတွင် ထိုင်နေသည့်ပုံသည် ပြီးခဲ့သည့် လအတွင်းက အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ ၀ီရာပို၏ ၀က်ဘ်ဆိုက်တွင်လည်း ၎င်း၏ နိုင်ငံကူးလက်မှတ်အား ထိုင်းအစိုးရက ဖျက်သိမ်း လိုက်သော် လည်း ယခုအခါ အမေရိကန်တွင် နေထိုင်ကြောင်း ရေးသားဖော်ပြထားသည်။

ယမန်နှစ်အတွင်းက ၀ီရာပိုသည် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီးနောက် ပြင်သစ်တွင် ဒုက္ခသည်အဖြစ် ခံယူပြီး အမေရိကန်သို့ ရောက်ရှိ သွားခြင်းဖြစ်ကြောင်း သိရသည်။

Mizzima

မိန်းမတစ်ဦးနှင့် အိပ်စက်နေသည်မှာ ဦးဇင်းဝီရာပို ဖြစ်ကြောင်း တိုက်ဆိုင် စစ်ဆေးထားပုံ။ ဓာတ်ပုံ - Bangkok Post 

ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းတော်ကြီး ၀ီရာပိုအား ရှာဖွေဖမ်းဆီးရေးတွင် ပြည်ပနိုင်ငံများက အကူ အညီပေးရန် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ပနိုင်ငံများအား အကူအညီ တောင်းခံ လိုက်ကြောင်း သိရသည်။

လူအမည် ၀ီရာပိုဆက်ဖော်ဟု ပြောင်းလဲယူထားသည့် ဘုန်းကြီးလူထွက် လွမ်ပူနန်ခမ်းသည် လိမ်လည်မှု၊ မတော်တတရား ပြုကျင့်မှုတို့ဖြင့် တရားစွဲဆိုမှု များကို ရှောင်ရှားနိုင်ရန် ယခုအခါ အမေရိကန်တွင် ပုန်းအောင်းနေသည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားသည်။

ထိုင်း အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၏ အမျိုးသား လုံခြုံရေးဗျူရို အကြီးအကဲ ရဲမှူးကြီး ဖွန်အင်း အင်တရာခေါင်က ရဲအရာရှိများ က နိုင်ငံ အများအပြားမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် ကာ ၀ီရာပိုအား ရှာဖွေ ဖမ်းဆီးနိုင်ရေး အတွက် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံသို့ အမြန်ဆုံးပြန်လည် ခေါ်ယူကာ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်ကြောင်း ပြောကြားသည်။

အသက် ၃၅ နှစ်အရွယ် ၀ီရာပိုသည် ဇိမ်ခံ လူ့အသုံးအဆောင် ပစ္စည်းများ အသုံးပြုနေကြောင်း ယမန်နှစ်အတွင်း က ဖော်ထုတ် တွေ့ရှိ ပြီးနောက် ၎င်းအား ထိုင်းသံဃာ့အဖွဲ့အစည်းက ရဟန်းအ ဖြစ် အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းလိုက်သည်။ ၀ီရာပိုမှာ ယခင်ကလည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ်တွင် တင်ခဲ့သောကြောင့် ကိုယ်ပိုင်လေယာဉ် ရှိသည့် ဘုန်းကြီးဟု အွန်လိုင်း အသုံးပြုသူများ အကြား ရေပန်းစားခဲ့သေးသည်။ ထို့ပြင် အမျိုးသမီး တစ်ဦးနှင့် အိပ်စက်နေသည့် ဓာတ်ပုံမှာလည်း အွန်လိုင်းပေါ် ရောက်ရှိ လာခဲ့သည်။

သို့သော် ၀ီရာပိုသည် အ၀ါရောင်သင်္ကန်းကို ၀တ်ဆင်ကာ ပန်းများ ၀န်းရံထားသည့် စားပွဲခုံတစ်လုံးတွင် ထိုင်နေသည့်ပုံသည် ပြီးခဲ့သည့် လအတွင်းက အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ ၀ီရာပို၏ ၀က်ဘ်ဆိုက်တွင်လည်း ၎င်း၏ နိုင်ငံကူးလက်မှတ်အား ထိုင်းအစိုးရက ဖျက်သိမ်း လိုက်သော် လည်း ယခုအခါ အမေရိကန်တွင် နေထိုင်ကြောင်း ရေးသားဖော်ပြထားသည်။

ယမန်နှစ်အတွင်းက ၀ီရာပိုသည် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီးနောက် ပြင်သစ်တွင် ဒုက္ခသည်အဖြစ် ခံယူပြီး အမေရိကန်သို့ ရောက်ရှိ သွားခြင်းဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment

My Blog List