Wednesday, December 24, 2014

လယ်ယာမြေပြဿနာများ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခြင်းမှာ အစိုးရနှင့် လွှတ်တော်အပေါ် ပြည်သူများယုံကြည်မှု ကျဆင်းစေနိုင်ဟု သူရဦးရွှေမန်းပြော


ရပ်ကျေးအဆင့်ရှိ မြေ ယာစီမံခန့်ခွဲရေး တာဝန်ရှိသူများ က လယ်ယာမြေပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းမှာ အစိုးရအဖွဲ့နှင့် လွှတ်တော်အပေါ် ပြည်သူများ၏ ယုံကြည်မှု၊ အားထားမှု လျော့နည်းလာသည့်အကြောင်းရင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း ရပ်ကျေးအဆင့်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများအား သူရဦးရွှေမန်းက တိုက်တွန်းပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်က ပုသိမ် မြို့တွင် ပြုလုပ်သော တောင်သူ လယ်သမားများနှင့် တွေ့ဆုံပွဲ၊ ဒီဇင်ဘာ ၂၂ ရက်က ပဲခူးတိုင်းတွင်ပြုလုပ်သော တွေ့ဆုံပွဲတို့တွင် ရပ်ကျေးအဆင့်ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများအား အထက်ပါအတိုင်းတိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ရပ်ကျေးအဆင့်ရှိတဲ့ လယ် ယာမြေစီမံခန့်ခွဲနေကြတဲ့ အုပ် ချုပ်ရေးအဖွဲ့က ဆောင်ရွက်နေ တဲ့ နေရာမှာ ကြန့်ကြာနေရတာ က ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ပြည်သူတွေရဲ့ ယုံ ကြည်မှုတွေ လျော့နည်းကျဆင်း လာပြီး အထင်သေးခံရနိုင်တယ်။ ဒီလိုမဖြစ်အောင် အောက်ခြေက ရပ်ကွက်ကျေးရွာမှာရှိတဲ့ တာဝန် ရှိတဲ့သူတွေက အင်မတန်အရေး ကြီးပါတယ်’’ဟု သူရဦးရွှေမန်းက ပဲခူးမြို့တွင် ပြုလုပ်သော တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

လယ်ယာမြေ ပြဿနာများ ကို ဆောင်ရွက်ရာတွင် ဥပဒေ လမ်းကြောင်းအရ ဖြေရှင်းဆောင် ရွက်ရန် လိုအပ်သည့်အပြင် သက်သေထွက်ဆိုချက်များကိုပါ ထည့် သွင်းအတည်ပြုကာ ပြဿနာရပ် ပြီးပြတ်နိုင်ရေးအတွက် ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ကျန်ရှိနေသည့် အစိုးရသက်တမ်းကာလအတွင်း လယ်ယာမြေပြဿနာများကို အပြီးအပြတ်ဆောင်ရွက် သွားနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရန် လယ်မြေပြဿနာများကို အနီးကပ်ဖြေရှင်းပေးကြသည့် ရပ်ကျေးအဆင့်ရှိသူများက တိကျသေချာသည့် အဖြေရှာပေးခြင်းကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းကထောက်ပြ သည်။

‘‘ဖြစ်လာတဲ့ လယ်မြေပြဿ နာတွေက ရပ်ကျေးအဆင့်မှာ ရှင်းလို့ရပါတယ်။ ဒီအဆင့်မှာ ရှင်းရင်ပြီးတယ်။ သက်သေခံမယ့်နေ ရာတွေမှာ သက်သေခံပေးပေါ့။ တစ်နိုင်ငံလုံးက ဒီလိုလုပ်ပေးဖို့ လိုတယ်။ ဒီလိုမျိုးတာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာတွေဟာ ပြည်ထောင် စုလွှတ်တော်ကို အမျိုးမျိုးပြစ်တင် ဝေဖန်တာတွေ ရှိပါတယ်’’ဟု ပုသိမ်မြို့တွင် ပြုလုပ်သောတွေ့ဆုံပွဲ၌ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လယ်သမားများနှင့်တွေ့ဆုံရာ သိမ်းဆည်းခံထားရသည့် လယ်ယာမြေပြဿနာများ ဖြေရှင်းပေးရန်နှင့် တောင်သူများထံပြန်ပေးမည့် လယ်ယာမြေများ ကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား ၎င်းကညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List