Thursday, December 25, 2014

မိကျောင်းကန်မှ ဆန္ဒပြသူများကို အသံချဲ့စက်ဖြင့် တုံ့ပြန်ခြင်း ဥပဒေနှင့် ညီညွတ်ဟု စည်ပင်ဆို


မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁၂ ရက်က ပိတ်၍ ဆန္ဒ ပြတောင်းဆိုခဲ့သည့် မိကျောင်း ကန် သပိတ်စခန်း ပြည်သူများကို အသံချဲ့စက်ဖြင့် ခန်းမအတွင်းမှ သီချင်းဖွင့်ခဲ့ခြင်းမှာ ဥပဒေနှင့် အ ညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဦးညီညီက ပြောသည်။

ကော်မတီပိုင် နေရာအနီး တွင် ဖြစ်ပေါ်နေသောကြောင့် သွားရောက်တားမြစ်ပြောကြားခဲ့ သော်လည်း ပြေလည်မှုမရှိဘဲ ဆန္ဒပြသူများဘက်က စပီကာဖြင့် ဒို့အရေးဟု ကြွေးကြော်သံများ ပြားလာသောကြောင့် မိမိခြံဝင်း ထဲမှသာ ပြန်လည်တုံ့ပြန်၍ သီ ချင်းဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးညီ ညီက ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ ၀င်းထဲမှာ ဖွင့်တဲ့အတွက် ဥပဒေနဲ့ညီတယ် လို့ ထင်ပါတယ်’’ ဟု ဦးညီညီက ဒီဇင်ဘာ ၂၄ ရက်က မြို့တော် ခန်းမတွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ပြောကြားသည်။

အဆိုပါနေ့က ဆန္ဒပြသူများ မှာ မြို့တော်ခန်းမရှေ့တွင် ပိတ် ၍ ဆန္ဒပြတောင်းဆိုခဲ့သော ကြောင့် ဌာနတွင်းမှ ကားများဝင်၊ ထွက်၍မရဘဲ အခက်အခဲများ နှင့် ကြုံခဲ့ရပြီး ယခု မိကျောင်းကန်ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင် ကြောင်း ဦးညီညီကဆိုသည်။

သို့သော် အသံချဲ့စက်ဖွင့် မည်ဆိုပါက ပတ်ဝန်းကျင် အ နှောင့်အယှက်မဖြစ်အောင် ဆွမ်း လောင်းဓမ္မာရုံကဲ့သို့ နေရာမျိုး တွင်ပင် ဖွင့်မည်ဆိုပါက သက် ဆိုင်ရာ အာဏာပိုင်များထံ တောင်း ခံပြီးမှသာ ဖွင့်ခွင့်ရရှိကြောင်း စည်ပင်သာယာမှ ယခုကဲ့သို့ လုပ် ရပ်မှာ ဥပဒေအထက်တွင် ရောက် ရှိနေသကဲ့သို့ ဖြစ်နေသည်ဟု တ ရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းကိစ္စအပေါ် မှတ်ချက်ပြု သည်။

ယင်းနေ့က အဆိုတော် ဘန် နီဖြိုး၏ ‘‘လူပျိုလှည့်တေး’’၊ လွှမ်း ပိုင်၏ ‘‘ဒုံးပျံ’’၊ နီနီခင်ဇော်၏ ‘‘မာ ရီယို’’ စသည့် တေးသီချင်းခွေများ အပါအ၀င် လူငယ်ကြိုက် ခေတ်ပေါ်သီချင်းများကို မြို့တော်ခန်းမအတွင်းမှ အဆက်မပြတ် ကျယ် လောင်စွာ ဖွင့်ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List