Wednesday, December 24, 2014

လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံများကို ပြန်စိစစ်မည်ဟုဆို


Photo: လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံများကို ပြန်စိစစ်မည်ဟုဆို
Wednesday, December 24, 2014 

လက်ပံတောင်းတောင် တစ်ကျော့ပြန် အဓိကရုဏ်းတွင် တောင်သူအမျိုးသမီးတစ်ဦး သေ ဆုံးသည့်ဖြစ်ရပ် အပါအ၀င် ရဲ တပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစဉ် တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ လူစုခွဲရသည်အထိ ဖြစ် ပွားခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက် များမှာ ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းကြေးနီစီမံ ကိန်း နယ်မြေအတွင်း ဒီဇင်ဘာ ၂၂ ရက်က မြေယာလျော်ကြေး မယူသည့် လယ်ယာမြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများ က တားဆီးရာမှ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန် အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ အမျိုးသမီးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်သဖြင့် ဦးခေါင်းပွင့် ထွက် သေဆုံးခဲ့သည်။

‘‘အဲဒီနေ့က ပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားခဲ့ပုံနဲ့ ပစ်ခတ်လူစု ခွဲရတဲ့ထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ပွားပုံအ ဆင့်ဆင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်များဟာ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း များအတိုင်း ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိတွေကိုလည်း ပြန်လည် စိစစ်သွားမှာပါ။ လောလောဆယ် တော့ ပြည်ထဲရေးနဲ့ တိုင်းဒေသ ကြီးအစိုးရက ပြန်စိစစ်သွားမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူ အစိုးရအဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောကြား သည်။

‘‘ဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ် ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ် ရပါမယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော် တို့ဘက်က တပ်ကြပ်ကြီး ချစ်မင်း ကိုက ယာဘက်မျက်လုံးပေါက် ထွက်ဒဏ်ရာရပြီး အခြေအနေဆိုး လို့ မုံရွာပြည်သူ့ဆေးရုံကို တင် ထားရပါတယ်။ ကျန်တဲ့တပ်ဖွဲ့ ၀င် ၁၀ ဦးမှာလည်း ဒဏ်ရာတွေ အသီးသီးရထားကြလို့ မိုင်းတွင်းထဲက ဆေးရုံမှာ တင်ထားရပါ တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေး မှုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်စဉ် အ သေးစိတ်ကို ထုတ်ပြန်ပါမယ်’’ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုရဲမှူးကြီးဇော်မင်းဦးက ပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နံှ့နေသော ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံ သားဝန်ထမ်းအချို့ လက်ကိုင် တုတ်များ ကိုင်တွယ်၍ အကာအ ကွယ်ဒိုင်းများ ကာထားသည့် ပုံ များနှင့်ပတ်သက်၍ ၎င်းက တာ ၀န်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပ မည်သူ့ကိုမှ လက်နက်ကိုင် ဆောင်ခွင့် ပေးမထားကြောင်း ဆက်လက်ပြောကြားသည်။

‘‘တစ်ဖက်က ပစ်တာ၊ ခတ် တာတွေရှိလို့ ကျွန်တော်တို့ တပ် ဖွဲ့ဝင်တွေကာပေးထားတာပဲ ရှိ ပါတယ်။ သူတို့လက်နက်ကိုင် ဆောင်လို့ မရပါဘူး။ ကိုင်ခွင့် လည်း မပေးပါဘူး။ ဒီဟာကိုလည်း သေချာပြန်စိစစ်ပါ့မယ်’’ဟု ၎င်း က ပြောသည်။

ပဋိပက္ခဖြစ်စဉ်အတွင်း သေ ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ မည်သည့်ဘက်မှဖြစ်စေ လိုလား အပ်သည့် အရာမဟုတ်ဘဲ အမှန်၊ အမှားနှင့် မည်သည့်အတွက် ကြောင့် ပစ်ခတ်ရသည်ဆိုခြင်းကို ကောက်ချက်ချရန်မှာ တိကျသည့် စုံစမ်းစစ်ဆေးမှုပေါ်တွင် အခြေခံ ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ရန် မရှိသေးကြောင်း သမ္မတရုံးနှင့်နီး စပ်သူက ပြောသည်။

‘‘လက်ရှိ အခြေအနေမှာ လက်ပံတောင်း စီမံကိန်းနဲ့ပတ် သက်တဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်များကို ၀န်ကြီးဦးလှထွန်းဦး ဆောင်တဲ့အဖွဲ့က အကောင်အ ထည်ဖော်ပေးနေတာ ဖြစ်တဲ့အတွက် ဒေသခံအများစုက ကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်ပေး ချက်များအပေါ်မှာ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လက်မခံနိုင်သေးတဲ့ လူနည်းစုအနေနဲ့လည်း ပဋိပက္ခကို ရှေးရှုတဲ့လုပ်ဆောင်ချက်များအစား ၀န်ကြီးဦးလှထွန်းရဲ့ ကော်မတီနဲ့ ဆွေးနွေးဖြေရှင်းရေးကိုပဲ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား အခြေအနေတင်းမာနေစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

7Day Daily 
လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား အခြေအနေတင်းမာနေစဉ် (ဓာတ်ပုံ−မျိုးမင်းဦး) 

လက်ပံတောင်းတောင် တစ်ကျော့ပြန် အဓိကရုဏ်းတွင် တောင်သူအမျိုးသမီးတစ်ဦး သေ ဆုံးသည့်ဖြစ်ရပ် အပါအ၀င် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစဉ် တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ လူစုခွဲရသည်အထိ ဖြစ် ပွားခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက် များမှာ ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းကြေးနီစီမံ ကိန်း နယ်မြေအတွင်း ဒီဇင်ဘာ ၂၂ ရက်က မြေယာလျော်ကြေး မယူသည့် လယ်ယာမြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများ က တားဆီးရာမှ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန် အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ အမျိုးသမီးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်သဖြင့် ဦးခေါင်းပွင့် ထွက် သေဆုံးခဲ့သည်။

‘‘အဲဒီနေ့က ပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားခဲ့ပုံနဲ့ ပစ်ခတ်လူစု ခွဲရတဲ့ထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ပွားပုံအ ဆင့်ဆင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်များဟာ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း များအတိုင်း ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိတွေကိုလည်း ပြန်လည် စိစစ်သွားမှာပါ။ လောလောဆယ် တော့ ပြည်ထဲရေးနဲ့ တိုင်းဒေသ ကြီးအစိုးရက ပြန်စိစစ်သွားမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူ အစိုးရအဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောကြား သည်။

‘‘ဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ် ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ် ရပါမယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော် တို့ဘက်က တပ်ကြပ်ကြီး ချစ်မင်း ကိုက ယာဘက်မျက်လုံးပေါက် ထွက်ဒဏ်ရာရပြီး အခြေအနေဆိုး လို့ မုံရွာပြည်သူ့ဆေးရုံကို တင် ထားရပါတယ်။ ကျန်တဲ့တပ်ဖွဲ့ ၀င် ၁၀ ဦးမှာလည်း ဒဏ်ရာတွေ အသီးသီးရထားကြလို့ မိုင်းတွင်းထဲက ဆေးရုံမှာ တင်ထားရပါ တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေး မှုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်ပါမယ်’’ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုရဲမှူးကြီးဇော်မင်းဦးက ပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နံှ့နေသော ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံ သားဝန်ထမ်းအချို့ လက်ကိုင် တုတ်များ ကိုင်တွယ်၍ အကာအ ကွယ်ဒိုင်းများ ကာထားသည့် ပုံ များနှင့်ပတ်သက်၍ ၎င်းက တာ ၀န်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပ မည်သူ့ကိုမှ လက်နက်ကိုင် ဆောင်ခွင့် ပေးမထားကြောင်း ဆက်လက်ပြောကြားသည်။

‘‘တစ်ဖက်က ပစ်တာ၊ ခတ် တာတွေရှိလို့ ကျွန်တော်တို့ တပ် ဖွဲ့ဝင်တွေကာပေးထားတာပဲ ရှိ ပါတယ်။ သူတို့လက်နက်ကိုင် ဆောင်လို့ မရပါဘူး။ ကိုင်ခွင့် လည်း မပေးပါဘူး။ ဒီဟာကိုလည်း သေချာပြန်စိစစ်ပါ့မယ်’’ဟု ၎င်း က ပြောသည်။

ပဋိပက္ခဖြစ်စဉ်အတွင်း သေ ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ မည်သည့်ဘက်မှဖြစ်စေ လိုလား အပ်သည့် အရာမဟုတ်ဘဲ အမှန်၊ အမှားနှင့် မည်သည့်အတွက် ကြောင့် ပစ်ခတ်ရသည်ဆိုခြင်းကို ကောက်ချက်ချရန်မှာ တိကျသည့် စုံစမ်းစစ်ဆေးမှုပေါ်တွင် အခြေခံ ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ရန် မရှိသေးကြောင်း သမ္မတရုံးနှင့်နီး စပ်သူက ပြောသည်။

‘‘လက်ရှိ အခြေအနေမှာ လက်ပံတောင်း စီမံကိန်းနဲ့ပတ် သက်တဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်များကို ၀န်ကြီးဦးလှထွန်းဦး ဆောင်တဲ့အဖွဲ့က အကောင်အထည်ဖော်ပေးနေတာ ဖြစ်တဲ့အတွက် ဒေသခံ အများစုက ကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်ပေး ချက်များအပေါ်မှာ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လက်မခံနိုင်သေးတဲ့ လူနည်းစုအနေနဲ့လည်း ပဋိပက္ခကို ရှေးရှုတဲ့လုပ်ဆောင်ချက်များအစား ၀န်ကြီး ဦးလှထွန်းရဲ့ ကော်မတီနဲ့ ဆွေးနွေးဖြေရှင်းရေးကိုပဲ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်’’ဟု ၎င်းကပြော သည်။

7Day Daily

No comments:

Post a Comment

My Blog List