Tuesday, December 23, 2014

ဗကသ ဥက္ကဌ အမည်ခံ ကျောင်းသားမိဘ ကျော်ကိုကိုအား ကျောင်းသားများ အစစ်များက ဝေဖန်ရှုတ်ချ

Photo: ဗကသ ဥက္ကဌ အမည်ခံ ကျောင်းသားမိဘ ကျော်ကိုကိုအား ကျောင်းသားများ အစစ်များက ဝေဖန်ရှုတ်ချ
Tuesday, December 23, 2014 

သက်တမ်း ၈ နှစ် ရှိခဲ့ပြီ ဖြစ်သော ဗကသအား မောင်ပိုင်စီးထားသည့် ဥက္ကဌ အမည်ခံ ကျော်ကိုကိုအား ကျောင်းသားအစစ်များက ဝေဖန်ရှုတ်ချလိုက်ကြောင်း သတင်း ရရှိသည်။

ဗကသ ဥက္ကဌ အမည်ခံထားသော ကျော်ကိုကိုသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မျိုးဆက်ကျောင်းသားများကို “ ဒီအတွေးအခေါ်မျိုးနဲ့သမဂ္ဂဖွဲ့တာ စစ်အုပ်စုဖြိုလှဲခဲ့တဲ့ ရာကျော် ကျောက်တိုင်ကို လက်ရှိမျိုးဆက်များကခွပြီး သေးနဲ့ပန်းရုံသက်သက်ထက်ဘာမှ မပိုဘူး ’’ ဟု ဝေဖန်တိုက်ခိုက်ခဲ့ခြင်းကို မကျေနပ်ရာမှ အစပြု၍ ကျောင်းသား အစစ်များ၏ ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ တတိယနှစ် စာရင်းအင်းပညာမှာ ကိုစည်သူမောင်က “ခင်ဗျားလက်ခံယုံကြည်တဲ့ နိုင်ငံရေးဝါဒ တစ်ခုရဲ့တေးသီချင်းကို ဘောလုံးကွင်းထဲစင်ထိုးပြီးပဲဆိုဆို ပစ္စည်းမဲ့တော်လှန်ရေးကြီး ထဲမှာပဲ လက်ခုပ်တီး ဆိုဆို ကိစ္စမရှိပါဘူး International Song မကလို့ Universal Song ပဲဖြစ်ဖြစ်ပေါ့ ။ တော်လှန်ရေးစကား လုံးတွေတွင်တွင်ပြော ဥက္ကဌကြီးကျော်လို့ တွင်တွင်သုံး သွေးတစ်စက်ကျန်တဲ့အထိ တိုက်မယ်လို့ရဲရဲတောက်စတေးတပ် တွေတင် နောင်ပေါ်ထွက်လာမယ့်ကြယ်နီ တစ်ပွင့်အဖြစ်ခင်ဗျားယုံကြည်ရာ ၀ါဒီများ ကအသိအမှတ်ပြုလာစေချင် ရင် ကျောင်းသားအမည်ခံမနေပါနဲ့တော့ ကိုယ်ယုံကြည်တဲ့ဝါဒရေးရာ အခြေခံပါတီထောင်လိုက်ပေါ့ဗျာ” ဟု စိန်ခေါ်ခဲ့သည်။

“ခင်ဗျားကိုယ်တိုင် လက်ရှိတက္ကသိုလ်ကျောင်းသားတစ်ဦး မဟုတ်ပါပဲ ၈နှစ်ကျော်ကြာ ဗ.က.သ ဥက္ကဌ အမည်ခံရာထူးက နုတ်ထွက်လိုက်ပေါ့ ကျနော်တိုက်တွန်းတာပါ ။ ဘယ်ကျောင်းသားထုကမှ ရွေးကောက် တင်မြောက်ထား တာလဲမဟုတ် ပဲအဖွဲ့ကအသိအမှတ်ပြုဥက္ကဌ အဆင့်လောက်ပဲ တရားဝင်မှုရှိနေတယ်ဆိုတာ ပြန်သုံးသပ်ဖို့အကြံပေးပါရစေ” ဟု ၄င်းက ရှုတ်ချလိုက်သည်။

၎င်းအပြင် “သေချာတာတစ်ခုကတော့ ကျောင်းသားသမဂ္ဂဆိုတာ လက်ရှိပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားတွေပဲ အဖွဲ့မှာဦးဆောင်ပါဝင်ခွင့်ရပါလိမ့်မယ် ဒါဟာသမဂ္ဂရဲ့အစဉ်အလာပါ ။ အခုမြင်နေရတာက ခင်ဗျားတာဝန်ယူထားတဲ့ ဗ.က.သ ဗဟိုလုပ်ငန်းကော်မတီမှာပါတဲ့ ကျောင်းသား မိဘအရွယ် အသက် ၄၀ကျော်တန်းတွေက ဗ.က.သရင်ထိုးထိုးပြီး ကိုယ်မွေးရင် ကိုယ့်သားသမီး လောက်ရှိမယ့် လက်ရှိကျောင်းသားများ ကို ဖောက်ပြန်ရေးသမားလို့ တံဆိပ်ကပ်လိုကပ် စစ်အုပ်စု လက်ဝေခံ ကျောင်းသားသမဂ္ဂလို့စွပ်စွဲလိုစွပ်စွဲ အာဏာရှင်ရဲ့ လက်ဝေခံသမဂ္ဂတွေကို ပြတ်ပြတ်သားသားဆန့်ကျင် ကြလို့ပြော လိုပြော နေတာတွေဟာ ကျောင်းသားညီညွတ်ရေးကို ပိုတောင်ဝေး ကွာသွားစေပါလိမ့်မယ်” ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ကြောင်း သိရသည်။

ကျော်ကိုကိုမှာ ကျောင်းသားညီလာခံ မပေါ်ပေါက်ခင်အချိန်တွင် ကျောင်းသား မိဘအရွယ် ရောက်ရှိနေပြီး ဗကသ ဥက္ကဌ ရာထူးကိုအာဏာရူးနေ သူတစ်ဦး ဖြစ်ကြောင်း၊ ကျောင်းသား များ၏ ကျောင်းသားအရေး လှုပ်ရှားမှုများကို ကွန်မြူနစ်တံဆိပ် ဇွတ်အတင်းကပ်၍ နိုင်ငံရေး ခုတုံးလုပ်နေသူ ဖြစ်ကြောင်း၊ ကျောင်းသား မဟုတ်သော ကျောင်းသား မိဘများကို ကျောင်းသားများက လက်ခံမည် မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ထွက်ပေါ်လာလျက်ရှိသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List