Tuesday, December 23, 2014

သူရဦးရွှေမန်း ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် သမ်္မတဖြစ်လာပါ့မလား

Photo: သူရဦးရွှေမန်း ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် သမ်္မတဖြစ်လာပါ့မလား
Tuesday, December 23, 2014 

       နိုင်ငံတော်သမ်္မတကြီး ဦးသိန်းစိန်ရဲ့ အစ်ကိုဦးထွန်းမြင့်ကညီဖြစ်သူ သမ်္မတအားယခုသက်တမ်းပြီးလျှင် အနားယူစေချင်တယ်ဆိုပြီးပြောပါသတဲ့။

       ““သူလည်း ၁၈ နှစ်သားကတည်းက တိုင်းပြည်တာဝန်ထမ်းလာတာဆိုတော့ မလုပ်စေချင်တော့ဘူး။သူ့နှလုံးက စက်တပ်ထားရတယ်။ မှန်တာပြောရရင်ဘာသာရေးကိုလုပ်စေချင်ပြီ၊ ဒီလောကီရေးဆိုတာတွေက ငရဲကျတဲ့အလုပ်တွေလေ။ ဒါကြောင့်ငါကတော့မလုပ်စေချင်တော့ဘူး””လို့ ဦးထွန်းမြင့်က ဆက်ပြီးပြောပါတယ်။

       ဒါပေမယ့် သမ်္မတကြီး ဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲအပြီးထိ သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းနေမယ်။ ပြည်သူလူထုကလည်း ဆက်လက်တာဝန်ထမ်းဆောင်စေချင်တယ်ဆိုရင်တော့သမ်္မတအဖြစ်ထပ်မံတာဝန်ထမ်းဆောင်ရေးစဉ်းစားမယ်ဆိုပြီးမယုတ်မလွန်ပြောပါတယ်။

       သမ်္မတဖြစ်ချင်သူ နောက်တစ်ယောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ပြည်သူလူထုကလည်း သူမကိုသမ်္မတဖြစ်စေချင်ပါတယ်။သူမသာ နိုင်ငံတော်သမ်္မတကြီး ဖြစ်လာမယ်ဆိုရင်မြန်မာနိုင်ငံကြီးဟာ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်မယ်။တည်ငြိမ်မှု၊ အေးချမ်းမှုရှိမယ်။ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်တက်လာမယ် ဆိုပြီး ယုံကြည်နေကြပါတယ်။ဒါပေမယ့် သူမဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ ပုဒ်မ ၅၉(စ)နဲ့ ငြိစွန်းနေပါတယ်။ဒီပုဒ်မကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ဖွယ်မရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သမ်္မတဖြစ်ဖို့ မျှော်လင့်ချက်မဲ့နေပါတယ်။ ဒါကြောင့် အကယ်၍ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရခဲ့ရင် သူရဦးရွှေမန်းကို NLD အနေနဲ့သမ်္မတအဖြစ် ထောက်ခံဖွယ်ရှိတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဘူးပါတယ်။သူရဦးရွှေမန်းရဲ့ သဘောထားကရော ဘယ်လိုလဲ။ နိုင်ငံတော်သမ်္မတရာထူးဟာ တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးအထိရောက်ဆုံး လုပ်ပိုင်ခွင့်ရှိတာမို့သမ်္မတ ဖြစ်ချင်ကြောင်း သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာရော ပြည်တွင်း၌ပါ အခွင့်ကြုံတိုင်းပြောခဲ့သူပါ။ မကြာသေးမီကပဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကိစ်္စ ၂၀၁၅ ခုနှစ် မေလမှာ ဆန်္ဒခံယူပွဲလုပ်မယ်။ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးကိစ်္စများကို၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်က ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားရင်း သူရဦးရွှေမန်းက သူသမ်္မတဖြစ်ချင်ကြောင်းထပ်ပြောပါတယ်။

       အခုချိန်ထိ သမ်္မတဖြစ်ချင်ကြောင်း လူသိထင်ရှားထုတ်ဖော်မပြောသေးပေမယ့် သမ်္မတပြိုင်ပွဲစည်းဝိုင်းအတွင်း နောက်ထပ်ဝင်လာနိုင်သူတစ်ဦးက လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ။သူဟာ ၂၀၁၅ အလွန်မှာ ကာချုပ်ရာထူးမှ သက်ပြည့်အငြိမ်းစားယူဖို့ရှိတယ်။ အဲ့ဒီလိုအငြိမ်းစားယူပြီးရင် နိုင်ငံရေးဘက်ကို ကူးဖို့အလားအလာရှိတယ်။ အကယ်၍များ အခြေအနေတစ်ရပ်ရပ်ကြောင့် သမ်္မတဦးသိန်းစိန်အနေနဲ့ သမ်္မတပြိုင်ပွဲ မ၀င်ဖြစ်ရင် သမ်္မတကြီးဟာ သူရဦးရွှေမန်းထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ်္မတရာထူးအတွက်ထောက်ခံဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်နေကြပါတယ်။       ဒီကနေ့ မြန်မာနိုင်ငံဟာ အကျပ်အတည်းပေါင်းစုံနှင့်ကြုံတွေ့နေရပါတယ်။ သမ်္မတအုပ်စု၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌအုပ်စု၊ တပ်မတော်အုပ်စုနှင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုများဆိုပြီး ၄ စုခွဲကြတယ်။       သမ်္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးမှုကို အကြောင်းပြုပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ကမ်္ဘာ့အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာကြ၊ အားပေးထောက်ခံလာကြ၊ အကူအညီပေးလာကြတယ်။ ဒီလိုနဲ့ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပါတယ်။ သူမနဲ့ ပြည်သူ့လွှတ်တော် ဥက်္ကဋ္ဌတို့ရဲ့ဆက်ဆံရေးရင်းနှီးနွေးထွေးလာတယ်။ တစ်ဖက်မှာသမ်္မတနှင့် သူမရဲ့ဆက်ဆံရေး တိုးတက်လာခြင်းမရှိတာတွေ့ရပါတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံရေး။ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတို့ကို အကြောင်းပြုပြီး သမ်္မတနှင့်ကာချုပ်ကတစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်သူရဦးရွှေမန်းက တစ်ဖက်ဆိုပြီး နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။       အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိဥက်္ကဋ္ဌဟာသူရဦးရွှေမန်းပါ။ ယခင်ဥက်္ကဋ္ဌက ဦးသိန်းစိန်ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်သမ်္မတဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက်္ကဋ္ဌမဖြစ်ရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်အရ သမ်္မတဦးသိန်းစိန်က သူရဦးရွှေမန်းတို့ ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ ရာထူးလွှဲပြောင်းပေးခဲ့တာပါ။ သူရဦးရွှေမန်းက သမ်္မတရာထူးအတွက် ပါတီတွင်းမှာ ဦးသိန်းစိန်နဲ့ပြိုင်ရမယ်ဆိုခဲ့ရင်လည်း ယှဉ်ပြိုင်မယ်ဆိုပြီးလူသိထင်ရှားပြောကြားထားပါတယ်။ ဒါကြောင့်အာဏာရပါတီတွင်းမှာ သမ်္မတဦးသိန်းစိန် အုပ်စု၊ သူရဦးရွှေမန်းအုပ်စုဆိုပြီးကွဲနေကြတယ်။ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရေးအဆိုကို ပြည်ခိုင်ဖြိုးပါတိက တင်သွင်းခဲ့တယ်။ တစ်ဖန်ပြည်ထောင်စုလွှတ်တော်မှာ ၆ ပွင့်ဆိုင်တွေ့ဆုံရေးအဆိုကို ပြည်ခိုင်ဖြိုးပါတီကပဲ တင်သွင်းခဲ့တယ်။ ဒါတွေအားလုံးဟာသူရဦးရွှေမန်းရဲ့ အစီအစဉ်တွေဖြစ်တယ်။ အကယ်၍သူရဦးရွှေမန်း ဦးဆောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကမဆလပါတီတစ်ဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကြုံရသလိုမျိုး စစ်တပ်ရဲ့ထောက်ခံမှုဆုံးရှုံးရဖွယ်ရှိကြောင်း နိုင်ငံရေးအကဲခတ်များကကြိုတင်ခန့်မှန်းနေကြပါတယ်။

       ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တကယ်လို့ NLDအပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင်တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပြောစကားဟာလည်း စဉ်းစားစရာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆိုတာ န၀တ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့ပြီးရင် နံပါတ်(၄)အဆင့်ရှိသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖယ်ရှားခံရပြီးနောက် နံပါတ်-၃ ခေါင်းဆောင်ဖြစ်လာပါတယ်။ သူဟာတစ်နေ့ကျရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ် နိုင်ငံတော်သမ်္မတဖြစ်လာနိုင်သူဆိုပြီး ထင်ကြေးပေးခံခဲ့ရသူဖြစ်ပါတယ်။       ဒါပေမယ့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲများအပြီးရာထူးနေရာများခွဲဝေတဲ့အခါ ဦးသိန်းစိန်က သမ်္မတဖြစ်လာပါတယ်။ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာချုပ်ဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌရာထူးဆိုတာသမ်္မတ၊ ကာချုပ်လောက်မှ အာဏာမရှိဘဲ သူ့ရဲ့ဂျူနီယာတွေက သူ့ရဲ့အထက်ရောက်သွားတဲ့ ကိစ်္စအပေါ်သူ့အနေနဲ့ မခံချိမခံသာဖြစ်ခဲ့ပုံရပါတယ်။ စစ်အစိုးရအဖွဲ့မှာ နံပါတ်- ၃ အဆင့် ခေါင်းဆောင်နဲ့ ကြည်း၊ရေ၊ လေ၊ ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပေမယ့် ဒီကနေ့မှာ သူရဦးရွှေမန်းဟာ စစ်တပ်အပေါ်သြဇာအာဏာရှိပုံမရတော့ဘူး။ သမ်္မတကြီးနှင့် ကာချုပ်အကြား အစ်ကိုကြီး၊ ညီလေးဆိုတဲ့ နီးစပ်သောဆက်ဆံရေးရှိပေမယ့် သူရဦးရွှေမန်းနှင့်သမ်္မတကြီးအကြား၊ ဦးရွှေမန်းနှင့် ကာချုပ်အကြား အစ်ကိုကြီး၊ညီလေး ဆက်ဆံရေးတွေ လျော့ကျနေပုံရတယ်လို့လည်းဆိုကြပါတယ်။

       ဒီကနေ့ တပ်မတော်ဟာ သူရဦးရွှေမန်းကိုမထောက်ခံသလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူရဦးရွှေမန်းကို ထောက်ခံဖွယ်မရှိဘူး။ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေး နွေးထွေးလာတယ်။ သူတို့နှစ်ဦးအကြားအကြိမ် ၄၀ ကျော်တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် စစ်တပ်က သံသယဖြစ်လာတယ်။ မယုံသင်္ကာဖြစ်လာတယ်။ မသက်မသာဖြစ်လာတယ်။ နောက်ဆုံး မျက်မုန်းကျိုးလာတယ်ဆိုပြီး နိုင်ငံရေးအကဲခတ်များကသုံးသပ်ကြပါတယ်။

       တကယ်တော့ ဒီကနေ့ဖြစ်ပေါ်နေတဲ့ အုပ်ချုပ် ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကွက်ချခဲ့တာပါ။ သမ်္မတရာထူးဘယ်သူလုပ်၊ ကာချုပ်နေရာဘယ်သူယူ၊ လွှတ်တော်ဥက်္ကဋ္ဌဘယ်သူဆိုပြီး သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ကာချုပ်နေရာကို မိမိအောက်ဂျူနီယာ အားပေးတဲ့အတွက် မကျေနပ်ဘဲ အစိုးရအဖွဲ့ဝန်ကြီးရာထူး မယူလို၊ တပ်ထဲမှာပဲဆက်နေမယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပြန်ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်တစ်ယောက် ရာထူးပြုတ်ရုံမက ထောင်ထဲရောက်သွားပါတယ်။ စီနီယာဖြစ်တဲ့ သူရဦးရွှေမန်းကိုလွှတ်တော်ဥက်္ကဋ္ဌပေး၊ ဂျူနီယာ သမားဦးသိန်းစိန်ကို သမ်္မတရာထူးပေးကာ အချင်းချင်းမတည့်အောင်၊ ပြိုင်ဘက်ဖြစ်အောင်လုပ်ခဲ့တာဟာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပြောင်မြောက်တဲ့မဟာဗျူဟာ၊နည်းဗျူဟာများဖြစ်ပါတယ်။ဒီနည်းဗျူဟာကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်ဗိုလ်မှူးချုပ်သိန်းအောင်ကိုပေးပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်ကို တိုင်းလွှတ်တော် ဥက်္ကဋ္ဌ ပေးကာရန်တိုက်ပေးခဲ့တဲ့ ကိစ်္စမှာတွေ့နိုင်ပါတယ်။အချုပ်ပြောရရင်တော့ သူရဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့နဂိုကတည်းက မယုံဘူး။ဒီအတွက် သမ်္မတရာထူးမပေးခဲ့ဘူး။ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဒီကနေ့ထိ အစိုးရ၊တပ်နဲ့အာဏာရပါတီအပေါ်သြဇာရှိနေဆဲဖြစ်တယ်။ ၂၀၁၅ မှာ NLD အနိုင်ရရင်တောင်စစ်တပ်မှ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦးအပေါ်သမ်္မတအဖြစ် ထောက်ခံဖို့မသေချာဘူး။ ဒါကြောင့်၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ သူရဦးရွှေမန်း သမ်္မတဖြစ်ရေးမသေချာဘူးလို့ သုံးသပ်ရကြောင်းပါခင်ဗျား။

Venus News

No comments:

Post a Comment

My Blog List