Thursday, December 25, 2014

လက်ပံတောင်းပဋိပက္ခတွင်လူသေဆုံးမှုအတွက်စိုးရိမ်ဝမ်းနည်းကြောင်းတရုတ်အစိုးရထုတ်ပြန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ကျော့ပြန် အဓိကရုဏ်းတွင် လူသေဆုံးခဲ့မှု နှင့်ပတ်သက်၍ စိုးရိမ်ဝမ်းနည်း ရကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၂၄ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒ ပြသည့် ဒေသခံအမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေ ဆုံး ပြီးနောက် နှစ်ရက်အကြာတွင် တရုတ်ဘက်က ယင်းကဲ့သို့ပြော ကြားလာခြင်းဖြစ်သည်။ လူသေ ဆုံးမှုနှင့်ပတ်သက်၍ တရုတ်အစိုး ရအနေဖြင့် စိုးရိမ်ဝမ်းနည်းရ ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟွာ ချောင်းယင်းက ဗုဒ္ဓဟူးနေ့က ဘေ ဂျင်း၌ ပြုလုပ်သည့်ပုံမှန်သတင်း စာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

‘‘သက်ဆိုင်ရာဒေသက ဥပ ဒေတွေကို အလေးထားဖို့ တရုတ် ကုမ္ပဏီတွေကို ကျွန်မတို့ တိုက် တွန်းပါတယ်’’ဟု ဟွာချောင်း ယင်းကပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ဒီဇင်ဘာ ၂၂ရက်က မြေယာ လျော်ကြေးမယူသည့် လယ်ယာ မြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများကတားဆီးရာမှ ဒေသ ခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြားပဋိပက္ခဖြစ်ပွားရာ မိုးကြိုး ပြင်အလယ်ရွာသူဒေါ်ခင်ဝင်းသေ နတ်ကျည်ဆန်ထိမှန်သဖြင့် ဦး ခေါင်းပွင့်ထွက်သေဆုံးခဲ့ပြီး ဒဏ် ရာရရှိသူ နှစ်ဆယ်ခန့်ရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်ရှိ ယင်းကြေးနီစီမံကိန်းမှာ ၀မ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ် တပ်၏ စီးပွားရေးလုပ်ငန်းတစ်ခု က ပူးတွဲရင်းနှီးမြှုပ်နှံထားသော စီ မံကိန်းဖြစ်သည်။ 

မြန်မာဝမ်ပေါင် ကုမ္ပဏီသည် တရုတ်လက်နက် ထုတ်လုပ်ရေးကော်ပိုရေးရှင်း တစ်ခုဖြစ်သည့် China North Industries Group၏ လက် အောက်ခံကုမ္ပဏီဖြစ်ကြောင်းသ တင်းများလည်းထွက်ပေါ်ထား သည်။ဒီဇင်ဘာ ၂၂ ရက်က ပဋိပက္ခဖြစ်ပွားပြီး မြန်မာအစိုးရ၏ သတင်းထုတ် ပြန်ချက်တွင် ကြေးနီစီမံကိန်းတိုး ချဲ့ကာရံရေးတွင်တားဆီးနှောင့် ယှက်ခံခဲ့ရကြောင်း၊ ဒေသခံများ က ရဲများကိုတိုက်ခိုက်ပြီးအလုပ် သမားများကို တားဆီးပိတ်ပင်ခဲ့ ၍ အဓိကရုဏ်းနှိမ်နင်းရေးလက် နက်ဖြစ်သည့် ၁၂ဗို့ ပြောင်းချောသေနတ်ကိုသုံးခဲ့ကြောင်း၊ လူတစ်ဦးသေဆုံးပြီး ရဲ တပ်ဖွဲ့ဝင်၁၁ဦး၊ ရွာသား ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြခဲ့ သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီက လည်း သတင်းထုတ်ပြန်ခဲ့ပြီး နိုင် ငံရေးသွေးထိုးလှုံ့ဆော်သူများနှင့် ဒေသခံများက ၀မ်ပေါင်ကုမ္ပဏီ နှင့် ရဲဝန်ထမ်းများကိုတိုက်ခိုက်ခဲ့ ကြောင်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် မြန်မာအစိုးရ၏ လမ်း ညွှန်ချက်နှင့်သဘောတူခွင့်ပြု ချက်အရ ကြေးနီစီမံကိန်းကို လုပ် ဆောင်နေခြင်းဖြစ်ကြောင်း၊ ဤစီ မံကိန်းကို ဒေသခံအများစုလက်ခံ ကြောင်းဖော်ပြထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဒေါ် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း ဒီဇင်ဘာ ၂၄ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၃ ကတည်းက တင်သွင်းပြီးဖြစ်ကြောင်း သမ္မတဖွဲ့စည်းထား သည့် အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီသည် ယခုအချိန်ထိ ကော်မရှင်၏အကြံပြုချက်များကို ထိရောက်စွာအ ကောင်အထည်ဖော်ဆောင်ရွက် ခြင်းမရှိကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခ များမှာကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာအကောင်အထည်ဖော်မှုမရှိ၍ ဖြစ်ကြောင်း NLDကဆိုသည်။

7Day Daily

No comments:

Post a Comment

My Blog List