Monday, December 22, 2014

တိုက်ပွဲအခြေအနေအပါအဝင် တပ်မတော်နှင့်ပတ်သက်သည့်သတင်းများ အချိန်နှင့်တစ်ပြေးညီ အတည်ပြုရေးသားခွင့်ရရန် မီဒီယာများတောင်းဆို


တိုက်ပွဲအခြေအနေအပါအဝင် တပ်မတော်နှင့် ပတ်သက် သည့် သတင်းရေးသားရာတွင် အချိန်နှင့် တစ်ပြေးညီ အတည်ပြုပြီး သတင်းဖော်ပြ နိုင်ရန်အတွက် တပ်မတော်ဘက်မှ မြန်မြန် ဆန်ဆန်၊ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးရန် သတင်းမီဒီယာများမှ တောင်းဆိုလိုက်ကြ သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံးတွင် ဒီဇင် ဘာ ၂ဝ ရက်က တပ်မတော် ကိုယ်စားလှယ် များနှင့် သတင်းမီဒီယာများအကြား သတင်း စီးဆင်းမှု ချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲ တွင် သတင်းစာဆရာများက တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

တပ်မတော်နှင့် ပတ်သက်သည့် စစ်ပွဲသတင်းများနှင့် နယ်စပ်အခြေအနေ သတင်းများကို ရေးသားရာတွင် တပ်မတော် ဘက်မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တချို့ ကို ပြန်လည်ဖြေကြားပေးမည့်သူမရှိခြင်း၊ အတည်ပြုရန် ခက်ခဲခြင်းကြောင့် အချိန်နှင့် တစ်ပြေးညီ သတင်းတင်ပြရန် အခက်အခဲရှိ နေသည်ဟု ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သည့် ဆဲဗင်းဒေးသတင်းစာမှ သတင်းထောက်ချုပ် ကိုအောင်သူရ က ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သတင်းမီဒီယာများကို လွတ်လပ်ခွင့် အတန်အသင့် ပေးခဲ့ပြီးဖြစ်သော်လည်း တပ်မတော်နှင့်ပတ်သက်သည့်သတင်းများတွင် သတင်းမီဒီယာများ အနေဖြင့် အတည်ပြု ချက် ရယူရန် အခက်ခဲများရှိနေဆဲဖြစ်သည် ဟု သတင်းထောက်များက ပြောသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလာပါက တိုင်းရင်းသား လက်နက် ကိုင်များဘက်မှ အတည်ပြုချက်ရယူရန် လွယ် ကူသော်လည်း တပ်မတော်ဘက်မှ အတည် ပြုချက်ရယူရန် ခက်ခဲနေသည့် အတွက် တိုက်ပွဲသတင်း တော်တော်များများတွင် တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှ အတည် ပြုချက်ဖြင့်သာ ရေးသားရမှုများ ရှိနေသည် ဟု ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ သတင်းများကို အဓိကထား ရေးသားနေ သည့် သတင်းထောက်တစ်ဦးကပြောသည်။

တပ်မတော်နှင့် သတင်းမီဒီယာ များအကြား ရေရှည်တွင် လက်တွဲ ဆက် သွယ်နိုင်ရန် တိုင်းဒေသကြီး များနှင့် ပြည်နယ်များအလိုက် တပ်မတော်မှ သတင်းထုတ် ပြန်ပေးရန်၊ သတင်းထောက်များ၏ ဆက် သွယ်မေးမြန်းချက်များ ဖြေကြားပေးရန်ကို လည်း ဒီဇင်ဘာလ ၂ဝ ရက်က ကျင်းပသည့် ဆွေးနွေးပွဲတွင် မီဒီယာများဘက်မှတင်ပြ ခဲ့သည်။

သတင်းထောက်များနှင့် တပ်မ တော်အကြားတွင် ရင်းနှီးသည့်ဆက်ဆံရေး လိုအပ်နေပြီး ရေရှည်ဆွေးနွေးပါက အခက် အခဲများ ပြေလည်သွားမည်ဟု ဒုတိယဗိုလ် မှူးကြီးကိုကိုဦးက ပြောသည်။

''ရှင်းရှင်းပြောရရင် နိုင်ငံ့ဝန်ထမ်း တွေက မီဒီယာကိုကြောက်ကြပါတယ်။ ကျွန် တော်လည်း ကြောက်ပါတယ်။ သူရေးတာ က တစ်မျိုး၊ ကျွန်တော်ပြောလိုက်တာက တစ် မျိုးဖြစ်နေမှာ ကြောက်တာ။ ပြီးတော့ ပြော လိုက်ရင်ရော တစ်ခုခု ဖြစ်သွားမလားပေါ့''ဟု ယင်းက ဆက်ပြောသည်။
ဒီလိုဆွေးနွေးမှုတွေက ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက် အများကြီးအထောက် အကူပြုစေမှာဖြစ်သလို တပ်မတော်ရဲ့ သ တင်းမီဒီယာအပေါ် အလေးထားမှု ကိုလည်း ပေါ်လွင်စေပါတယ်ဟု ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးလှမောင်ရွှေကပြောသည်။

သတင်းမီဒီယာများနှင့် တပ်မ တော်အကြား သတင်းများ ထုတ်ပြန်ရာ တွင် အဆင်ပြေချောမွေ့နိုင်ရန် တပ်မတော် နှင့် မြန်မာစာနယ်ဇင်းကောင်စီတို့ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List