Wednesday, December 24, 2014

ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို

Photo: ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို
Wednesday, December 24, 2014 

ကားတင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ်တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတော့မည်မဟုတ် ဘဲ တင်သွင်းမည့်သူ၏ ကားဝယ် ယူလာသည့် ဘောက်ချာ (သို့ မဟုတ်) အထောက်အထားကို သာ စစ်ဆေးပြီး တင်သွင်းခွင့်ပြု မည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစနစ်ကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင့် သုံးမည်ဖြစ်ပြီး တစ်ဦးချင်းတစ်နိုင် တစ်ပိုင်တင်သွင်းသူများ၊ ယာဉ် အိုယာဉ်ဟောင်းအစားထိုးအပ်နှံ ပါမစ်ရှိသူများအားလုံး အကျုံးဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကားတင်သွင်းရာတွင် သွင်း ကုန်လိုင်စင်  ပါမစ်လျှောက်ထား မှုကို ဒီဇင်ဘာ ၂၄ ရက် နောက် ဆုံးထားလျှောက်ထားရမည်ဖြစ် ကြောင်း ကြီးကြပ်ရေးကော်မတီ က သတင်းထုတ်ပြန်ပြီးနောက် ငါးရက်အကြာတွင် ကြေညာချက် တစ်ခုထပ်မံထွက်လာခြင်းဖြစ် သည်။

‘‘အခုလုပ်လိုက်တဲ့စနစ်က နိုင်ငံခြားကဝယ်လာတဲ့ စာရွက် ပေါ်မှာ အခွန်ကိုလျော့အောင် မသမာမှုတွေလုပ်လာလို့ရတယ်။ ကိုယ်ဝယ်လာတဲ့ဈေးနဲ့   မတူ အောင်လျှော့ပြီး Invoice မှာ ရေး ခိုင်းပြီးသွင်းလို့ရနိုင်တဲ့ သဘောရှိ လာပြီ’’ဟု မော်တော်ယာဉ်နှင့် ပတ်သက်သော ဆောင်းပါးများ ရေးသားနေသူ ကိုအရည်ကျိုက သုံးသပ်သည်။

ယခုစနစ်ကြောင့်     ပါမစ် လျှောက်ထားရာမှ   စတင်တင် သွင်းလာသည်အထိ    ဌာနကြီး သုံးခုဖြစ်သည့် စီးပွားကူးသန်း၊ အကောက်ခွန်နှင့် ကညနတို့တွင် ရှုပ်ထွေးမှုများ   ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းက သုံးသပ်သည်။

ထို့ကြောင့်    ယခုကဲ့သို့ ပြောင်းလဲလိုက်သည့်စနစ်မှာ ဌာနတွင်း ပွင့်လင်းမြင်သာမှုမရှိနိုင် ကြောင်း ကားတင်သွင်းသူများက ဝေဖန်သည်။

အရင်လို ကားတစ်စီးသွင်း ချင်ရင် လွယ်လွယ်သွင်းလို့ မရ တော့မယ့် အနေအထားတွေဖြစ်ကုန်ပြီ’’ဟု ကားတင်သွင်းသူ ဦး ဝင်းမင်းစိုးက ဆိုသည်။

ဘောက်ချာ   အထောက် အထား Invoice ကို စီးပွားကူး သန်းသို့ တင်ပြရာတွင် ယခင်ကဲ့ သို့ ဆိပ်ကမ်းအရောက်တန်ဖိုးဖြင့် မသတ်မှတ်ပေးသဖြင့် လျှောက် ထားသူတိုင်း ကားတင်သွင်းခွင့်ရ ရန် မသေချာနိုင်ကြောင်း ၎င်းက ပြောသည်။

ဌာနမှ      တင်ပြလာသည့် Invoice သည် အကျိုးအကြောင်း မခိုင်လုံဟု    အကြောင်းပြကာ သွင်းကုန်လိုင်စင်ကိုမထုတ်ပေး လျှင်လည်း တင်သွင်းလာသူများ သာ နစ်နာနိုင်ကြောင်း ၎င်းက ဝေ ဖန်သည်။

လက်ရှိတွင် ကားလောက အတွင်း CIF တန်ဖိုးကိုမထုတ်ပြန် တော့ခြင်း၊ အကောက်ခွန်ဦးစီး ဌာနက တင်သွင်းလာသည့် ကား အပေါ်တန်ဖိုးတစ်ခုသတ်မှတ် မည်ဆိုခြင်း၊ သွင်းကုန်ပါမစ်ကိုသုံးလအထိသာခွင့်ပြုမည်ဆို ခြင်း၊ ကားပါကင်ရှိမှသာ တင် သွင်းခွင့်ပြုတော့မည်ဆိုခြင်းတို့ ကြောင့် အများစုက ယခင်သတ် မှတ်ချက်များအတိုင်း နှစ်မကုန်မီ တင်သွင်းရန်ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ နှစ်သစ် တွင်ပြောင်းလဲလာနိုင်သည့် မူဝါဒ အသစ်များကြောင့် ကားဈေး အနည်းငယ်တက်လာနိုင်သည် ဟု   ပြည်တွင်းကားဈေးကွက်အတွင်း  အရောင်းအဝယ်ပြုလုပ် မည့်သူများက ဆိုကြသည်။

7Day

ဌာနမှ တင်ပြလာသည့် Invoice သည် အကျိုးအကြောင်း မခိုင်လုံဟု    အကြောင်းပြကာ သွင်းကုန်လိုင်စင် ကို မထုတ်ပေး လျှင်လည်း တင်သွင်းလာသူများ သာ နစ်နာနိုင်ကြောင်း ၎င်းက ဝေ ဖန်သည်။

လက်ရှိတွင် ကားလောက အတွင်း CIF တန်ဖိုးကိုမထုတ်ပြန် တော့ခြင်း၊ အကောက်ခွန်ဦးစီး ဌာနက တင်သွင်းလာသည့် ကား အပေါ်တန်ဖိုးတစ်ခုသတ်မှတ် မည်ဆိုခြင်း၊ သွင်းကုန်ပါမစ်ကိုသုံးလအထိသာခွင့်ပြုမည်ဆို ခြင်း၊ ကားပါကင်ရှိမှသာ တင် သွင်းခွင့်ပြုတော့မည်ဆိုခြင်းတို့ ကြောင့် အများစုက ယခင်သတ် မှတ်ချက်များအတိုင်း နှစ်မကုန်မီ တင်သွင်းရန်ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ နှစ်သစ် တွင်ပြောင်းလဲလာနိုင်သည့် မူဝါဒ အသစ်များကြောင့် ကားဈေး အနည်းငယ်တက်လာနိုင်သည် ဟု   ပြည်တွင်းကားဈေးကွက်အတွင်း  အရောင်းအဝယ်ပြုလုပ် မည့်သူများက ဆိုကြသည်။

7Day

No comments:

Post a Comment

My Blog List