Tuesday, December 23, 2014

ကျောက်မျက်ဘဏ် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံကို လုပ်ငန်းရှင်ကြီးရှစ်ဦးက ထည့်ဝင်ရန် အဆိုပြုထား


Photo: ကျောက်မျက်ဘဏ် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံကို လုပ်ငန်းရှင်ကြီးရှစ်ဦးက ထည့်ဝင်ရန် အဆိုပြုထား
Tuesday, December 23, 2014 

ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေး အများပိုင်ဘဏ် တည်ထောင်ရန် သတ်မှတ်ထားသည့် ဘဏ်မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံကို ကျောက်မျက် ရတနာလုပ်ငန်း ရှင်ကြီးရှစ်ဦးက ထည့်ဝင်ရန် အဆိုပြုထားသည် ဟု မြန် မာ့ကျောက် မျက်ရတနာလုပ် ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က မဇ္ဈိမကို ပြောသည်။

ဘဏ်၏ မတည်ငွေရင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနှင့် အသင်းခွဲတို့မှ လုပ်ငန်းရှင်များ အားလုံး ပါဝင်စေနိုင်ရေးအတွက် ကျောက် မျက်လုပ်ငန်းရှင်များသည် မိမိဆန်္ဒအလျောက် ကနဦး ထည့်ဝင်လိုသည့်ငွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားခဲ့သည်။

သို့သော် စိတ်ဝင်စားသူ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ စဉ်းစားဆုံးဖြတ်နိုင်ဖို့ ပိုမိုအချိန်ရရှိစေရန်နှင့် ထည့်ဝင်သူဦးရေ များပြားစေရန် မတည်ငွေရင်း ထည့်ဝင်လို ငွေအဆိုပြုလွှာကို ဒီဇင်ဘာ ၂၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကျောက်မျက် လုပ်ငန်းရှင်ရှစ်ဦးက မတည် ငွေရင်းထည့်ဝင်ရန် အဆိုပြုထားသည်။

ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေး အများပိုင်ဘဏ် တည်ထောင်ရန် အများပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) ဖွဲ့စည်းဆောင် ရွက်နေခြင်းဖြစ်ပြီး မတည်ငွေရင်းကို ထည့်ဝင်မည့် ကျောက်မျက်လုပ် ငန်းရှင်ရှစ်ဦးကို လက်ရှိအချိန်တွင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဘဏ်ဥက္ကဋ္ဌအပါအ၀င် ဘဏ်၏ တာဝန်ရှိသူများ ရွေးချယ်သတ်မှတ်ပြီးချိန်၌ သိရှိလာမည်ဟု ကျောက်မျက်အသင်းမှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်းတွင် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ကမ္ဘောဇအုပ်စု မှ ဦးအောင်ကိုဝင်း၊ ထူးအုပ်စုမှ ဦးတေဇ၊ ကျောက်စိမ်းနဂါး ကျောက်မျက် ကုမ္ပဏီပိုင် ရှင် ဦးနေဝင်းထွန်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဦးစိုးဝင်းရှိန် စသည်တို့ ပါဝင်သည်။

အဆိုပြုလွှာထည့်ဝင်ငွေ စည်းကမ်း သတ်မှတ်ချက်တွင် ကျောက်မျက် လုပ်ငန်းရှင်များသည် ကနဦးထည့်ဝင်မည့် ငွေရင်းအဆိုပြုလွှာကို တင်ပြရာတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင် စင် ထုတ်ပေးခြင်းမပြုမီနှင့် ဘဏ် ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်မပြုမီအထိ ထည့်ဝင်ပြီး မတည်ငွေရင်း အပေါ် အကျိုးခံစားခွင့်မရှိဟု သတ်မှတ်ထားသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများတွင် ကျောက်မျက်ရတနာများသည် တန်ဖိုးဖြတ်ရခက်ခဲသည့်အတွက် အာမခံအပေါင်လက်ခံကာ ချေးငွေ ထုတ်ပေးခြင်းမရှိဘဲ လက်ရှိ အချိန်တွင် ကျောက်မျက်ဘဏ် အကောင် အထည်ဖော်ဆောင် ရွက်ခြင်းသည် ကျောက်မျက်များကို အာမခံ အပေါင်ထား ကာ ချေးငွေထုတ်ပေးနိုင်ရေး အတွက် အဓိကရည်ရွယ် တည်ထောင်ခြင်းဖြစ်သည် ဟု ကျောက်မျက် အသင်းမှ တာဝန်ရှိသူများက ပြော ဆိုထားသည်။

Mizzima - News in Burmese
ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေး အများပိုင်ဘဏ် တည်ထောင်ရန် သတ်မှတ်ထားသည့် ဘဏ်မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံကို ကျောက်မျက် ရတနာလုပ်ငန်း ရှင်ကြီးရှစ်ဦးက ထည့်ဝင်ရန် အဆိုပြုထားသည် ဟု မြန် မာ့ကျောက် မျက်ရတနာလုပ် ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က မဇ္ဈိမကို ပြောသည်။

ဘဏ်၏ မတည်ငွေရင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနှင့် အသင်းခွဲတို့မှ လုပ်ငန်းရှင်များ အားလုံး ပါဝင်စေနိုင်ရေးအတွက် ကျောက် မျက်လုပ်ငန်းရှင်များသည် မိမိဆန်္ဒအလျောက် ကနဦး ထည့်ဝင်လိုသည့်ငွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားခဲ့သည်။

သို့သော် စိတ်ဝင်စားသူ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ စဉ်းစားဆုံးဖြတ်နိုင်ဖို့ ပိုမိုအချိန်ရရှိစေရန်နှင့် ထည့်ဝင်သူဦးရေ များပြားစေရန် မတည်ငွေရင်း ထည့်ဝင်လို ငွေအဆိုပြုလွှာကို ဒီဇင်ဘာ ၂၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကျောက်မျက် လုပ်ငန်းရှင်ရှစ်ဦးက မတည် ငွေရင်းထည့်ဝင်ရန် အဆိုပြုထားသည်။

ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေး အများပိုင်ဘဏ် တည်ထောင်ရန် အများပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) ဖွဲ့စည်းဆောင် ရွက်နေခြင်းဖြစ်ပြီး မတည်ငွေရင်းကို ထည့်ဝင်မည့် ကျောက်မျက်လုပ် ငန်းရှင်ရှစ်ဦးကို လက်ရှိအချိန်တွင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဘဏ်ဥက္ကဋ္ဌအပါအ၀င် ဘဏ်၏ တာဝန်ရှိသူများ ရွေးချယ်သတ်မှတ်ပြီးချိန်၌ သိရှိလာမည်ဟု ကျောက်မျက်အသင်းမှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်းတွင် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ကမ္ဘောဇအုပ်စု မှ ဦးအောင်ကိုဝင်း၊ ထူးအုပ်စုမှ ဦးတေဇ၊ ကျောက်စိမ်းနဂါး ကျောက်မျက် ကုမ္ပဏီပိုင် ရှင် ဦးနေဝင်းထွန်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဦးစိုးဝင်းရှိန် စသည်တို့ ပါဝင်သည်။

အဆိုပြုလွှာထည့်ဝင်ငွေ စည်းကမ်း သတ်မှတ်ချက်တွင် ကျောက်မျက် လုပ်ငန်းရှင်များသည် ကနဦးထည့်ဝင်မည့် ငွေရင်းအဆိုပြုလွှာကို တင်ပြရာတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းမပြုမီနှင့် ဘဏ် ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်မပြုမီ အထိ ထည့်ဝင်ပြီး မတည်ငွေရင်း အပေါ် အကျိုးခံစားခွင့်မရှိဟု သတ်မှတ်ထားသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများတွင် ကျောက်မျက်ရတနာများသည် တန်ဖိုးဖြတ်ရခက်ခဲသည့်အတွက် အာမခံအပေါင်လက်ခံကာ ချေးငွေ ထုတ်ပေးခြင်းမရှိဘဲ လက်ရှိ အချိန်တွင် ကျောက်မျက်ဘဏ် အကောင် အထည်ဖော်ဆောင် ရွက်ခြင်းသည် ကျောက်မျက်များကို အာမခံ အပေါင်ထား ကာ ချေးငွေထုတ်ပေးနိုင်ရေး အတွက် အဓိကရည်ရွယ် တည်ထောင်ခြင်းဖြစ်သည် ဟု ကျောက်မျက် အသင်းမှ တာဝန်ရှိသူများက ပြော ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List