Tuesday, December 23, 2014

အီဂျစ်ရဲတပ်ဖွဲ့ နှင့် စစ်သွေးကြွများ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်သွေးကြွ ငါးဦး သေဆုံး

Photo: အီဂျစ်ရဲတပ်ဖွဲ့ နှင့် စစ်သွေးကြွများ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်သွေးကြွ ငါးဦး သေဆုံး
Tuesday, December 23, 2014

အီဂျစ်နိုင်ငံတွင် ရဲများနှင့် စစ်သွေးကြွအဖွဲ့ အန်ဆာဘေ့ထ်အယ်လ်မက်ဒစ်စ် အဖွဲ့တို့ ဒီဇင်ဘာလ ၂၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သွေးကြွ ငါးဦး သေဆုံးသွားခဲ့ကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အစ္စလာမ်မစ်စတိတ် စစ်သွေးကြွအဖွဲ့အား သစ္စာခံရန် ကတိပြုထားကြသည့် ထိုစစ်သွေးကြွများ ပုန်းအောင်းနေသော စိုက်ပျိုးမွေးမြူရေးခြံ တစ်ခုအား လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွများက ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်အဖွဲ့ဝင် ငါးဦး သေဆုံးသွားခဲ့ပြီး ရဲအရာရှိတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်” ဟု ကြေညာချက်က ဆိုသည်။

ထိုစိုက်ပျိုး မွေးမြူရေးခြံမှာ ကိုင်ရိုမြို့၏ အရှေ့မြောက်ဘက် ရှာကီယာ ဒေသရှိ နိုင်းမြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိခြင်း ဖြစ်သည်။ ထိုနေရာတွင် ဗုံးတပ်ဆင်ထားသော မော်တော်ကား တစ်စီးကို တွေ့ခဲ့ရရာ အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲခဲ့ရကြောင်း ကြေညာချက်က ဆိုသည်။ အသေခံ ဗုံးခွဲရေး ခါးပတ်များနှင့် လက်နက်ခဲယမ်း မီးကျောက်များ ကိုလည်း ရဲများက သိမ်းဆည်းရရှိ ခဲ့သည်။

မြောက်ပိုင်း ဆိုင်နိုင်း ဒေသတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ဦး သေဆုံးခဲ့ရကာ အီဂျစ်တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး၊ ထိုတိုက်ခိုက်မှုမှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း အန်ဆာဘေ့ထ်အယ်မက်ဒစ်စ် အဖွဲ့က ဆိုခဲ့သည်။ ဖြုတ်အချခံ အစ္စလာမ်မစ် သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူများအား အီဂျစ်အစိုးရက ပစ်မှတ်ထား နှိမ်နင်းနေခြင်းကို လက်စားချေသည့် အနေဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်သွေးကြွများက ဆိုခဲ့သည်။ အီဂျစ်တွင် မိုဟာမက် မော်စီအား စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် မော်စီကို ထောက်ခံသူများအား အီဂျစ်စစ်တပ်က နှိမ်နင်းခဲ့ရာ လူ ၁၄၀၀ ခန့် သေဆုံးခဲ့ရသည်။

Mizzima 

၂၀၁၃ ဒီဇင်ဘာက အန်ဆာဘေ့ထ်အယ်လ်မက်ဒစ်စ် အဖွဲ့မှ မန်ဆိုရာမြို့ ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း။

No comments:

Post a Comment

My Blog List