Thursday, December 25, 2014

ကချင်ပါတီများပေါင်းစည်းရန် အခက်အခဲ ရှိနေဟု ပါတီခေါင်းဆောင်များဆို


ကချင်ပါတီများအနေဖြင့် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်း၍ ရွေးကောက်ပွဲဝင်နိုင်ရန် ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်နေ သော်လည်း လက်တွေ့တွင် ပေါင်းစည်းရန် အခက်အခဲ များရှိနေကြောင်း ပါတီများ၏ခေါင်း ဆောင်များက ပြောသည်။

ကချင်အမျိုးသားဒီမိုကရေစီကွန် ဂရက်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေ စီပါတီနှင့် ကချင်ဒီမိုကရက်တစ် ပါတီ တို့အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ပါတီတစ်ခုတည်းအဖြစ် ပေါင်း စည်းယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာ ၁၉ ရက်က မြစ်ကြီးနားမြို့တွင် ဒုတိယအ ကြိမ် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ပါတီသုံး ခုက ပေါင်းစည်းရန် သဘောတူကြ သော်လည်း ပေါင်းစည်းရန် ပြင်ဆင်ချိန် မလုံလောက် သည့် အခက်အခဲ ရှိနေကြောင်း ကချင်ဒီမိုကရက်တစ်ပါ တီဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောသည်။

''ပေါင်းစည်းရေးကို သဘောတူ တယ်လို့တော့ အားလုံးကပြောတာပဲ။ ဒါပေမဲ့ လက်တွေ့မှာ အချိန် မလောက် တဲ့ အခက်အခဲရှိနေတယ်''ဟု ယင်း က ပြောသည်။

ယခုအခါ ကချင်ပြည်နယ်ဒီမို ကရေစီပါတီအနေဖြင့် ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီး ဖြစ်နေ၍ အခြားပါ တီများနှင့် တစ်ပါတီတည်းအဖြစ် ပူး ပေါင်းရန် အခက်အခဲရှိနေသည် ဟု ယင်းပါတီအတွင်းရေးမှူး ဦးဘယန် လီကပြောသည်။

''ကျွန်တော်တို့က အများနဲ့လုပ် ရတာဆိုတော့ ဘာမှဆုံးဖြတ်ချက် မချ နိုင်သေးဘူး''ဟု ယင်းက ပြောသည်။

သို့သော် ပါတီများပေါင်းစည်း နိုင်ရေးအတွက် အခြားပါတီများ၏ ဆုံးဖြတ်ချက်ကို ၂ဝ၁၅ ဇန်နဝါရီ ၅ ရက် အထိ စောင့်ဆိုင်းသွားမည်ဟု ဦးအောင် ခမ်းက ပြောသည်။

''ဘာဖြစ်လို့ ဒီလောက်ကြီးစောင့် ရလဲဆိုတော့ ရွေးကောက်ပွဲ နောက်ပိုင်း မှဆိုရင် ပါတီတွေ ပေါင်းဖို့ပိုခက်သွား လိမ့်မယ်။ ၂ဝ၁၅ ရွေးကောက်ပွဲပြီးရင် အသီးသီးက လွှတ်တော်အမတ်တွေ ဖြစ်လာမယ်။ သူ့ဟာနဲ့သူ ဖြစ်လာရင် ပေါင်းရခက်မယ်'' ဟု ပြောသည်။

ပါတီများပေါင်း စည်းလိုပါက ဇန်နဝါရီ ၉ ရက်နောက်ဆုံးထားကာ တင်ပြရန် ကြေညာထားကြောင်း သိ ရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List