Tuesday, December 23, 2014

မိကျောင်းကန် ဆန္ဒပြသူများကို တရားစွဲရန် ဦးဆောင်သူငါးဦး ခေါ်တွေ့

Photo: မိကျောင်းကန် ဆန္ဒပြသူများကို တရားစွဲရန် ဦးဆောင်သူငါးဦး ခေါ်တွေ့
Tuesday, December 23, 2014

ရန်ကုန်မြို့တော်ခန်းမ ရှေ့ ဂိတ်တံခါးပိတ်၍ သပိတ် စခန်းဖွင့်ကာ တောင်းဆိုနေသည့် မိကျောင်းကန်မှ ဆန္ဒပြသူများကို တရားစွဲဆိုရန် ဦးဆောင်သူငါးဦး အား ဒီဇင်ဘာ ၂၂ ရက်က ရန် ကုန်တိုင်း ရဲတပ်ဖွဲ့က ပထမအ ကြိမ် ခေါ်ယူအသိပေး တွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းချ၍ ဆန္ဒပြတောင်း ဆိုလျက်ရှိသော မိကျောင်းကန် ပြည်သူများသည် အရှိန်အဟုန် မြှင့်တောင်းဆိုရန် ဒီဇင်ဘာ ၁၁ ရက်မှစ၍ မြို့တော်ခန်းမရှေ့ ၀န် ထမ်းများ ၀င်၊ထွက်ပေါက် တံခါးရှေ့တွင် ထပ်မံသပိတ်စခန်းချပြီး တောင်းဆိုလျက်ရှိသည်။ ယင်း တောင်းဆိုမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးရာ ကော်မတီ မှ ဌာနမှူးက ကျောက်တံတားမြို့ နယ် ရဲစခန်းတွင် ဒီဇင်ဘာ ၁၄ ရက်က အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ပြစ်မှုကြောင်းအရ ကျူး လွန်တာဖြစ်တဲ့အတွက် တရားစွဲ အဖွဲ့က ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့က ဥပဒေအရ တရားစွဲတင်မှာဖြစ်ပါတယ်။ ကျွန် တော်တို့ဘက်ကလည်း အချိန်မ တော်ကြီး လာရောက်ဖမ်းဆီးတာ မဖြစ်စေချင်ဘူး။ အမှုကိစ္စအ တွက် လာတာပါ။ မြေယာကိစ္စ ဆွေးနွေးတာမဟုတ်ပါဘူး။ တ ရားရေးကို နည်းလမ်းမှန်မှန် ဒီမို ကရေစီဖြစ်တဲ့အတွက် ထင်သာ မြင်သာရှိအောင် ပွင့်ပွင့်လင်း လင်း မီဒီယာရှေ့မှာ လာရောက် ချပြတာဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စ မပြောလိုဘူး’’ ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းရဲမှူးကြီး ၀င်းဗိုလ်က ပြောသည်။

သို့သော် ဆန္ဒပြတောင်းဆို နေသူများက ၎င်းတို့ လာရောက် မဖြေရှင်းပေးသည့် ကာလပတ် လုံး ဂိတ်ဝပိတ်၍ ဆက်လက် တောင်းဆိုမည်ဖြစ်ကြောင်း တုံ့ ပြန်ဖြေကြားခဲ့သည်။

‘‘ကိုယ့်မြေကိုယ်တောင်းလို့ ရပြီဆိုလို့ မီးဖိုချောင်ကနေ ထွက် ပြီး တောင်းဆိုတာ။ ညှိနှိုင်းမပေး မချင်း သပိတ်စခန်း ဆက်ဖွင့်ပြီး ညှိနှိုင်းပေးမယ့်အချိန်ထိ စောင့် နေမှာပဲ’’ ဟု မိကျောင်းကန်သ ပိတ်စခန်းမှ ဒေါ်ခင်ခင်ဝင်းက ပြောသည်။

ယင်းကဲ့သို့ မြို့တော်ခန်းမ ရှေ့ ဂိတ်ဝတံခါးပိတ်ပြီး ဆန္ဒပြမှု နှင့်ပတ်သက်၍ တရားစွဲဆိုရန် အ မည်စာရင်း ကောက်ခံမည်ဖြစ်ပြီး အဖွဲ့လိုက် တရားစွဲဆိုခံခြင်း (သို့ မဟုတ်) ဦးဆောင်သူများကသာ တရားစွဲဆိုခံမည်ဆိုသည့် သ ဘောထားအပေါ် စစ်ဆေးမေး မြန်းပြီးမှသာ တရားစွဲဆိုမည်ဖြစ် ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင် ထွန်းက ပြောသည်

မိကျောင်းကန်သပိတ်ခေါင်းဆောင်ငါးဦးကို ကျောက်တံတားရဲစခန်းတွင် ခေါ်ယူတွေ့ဆုံစဉ် (ဓာတ်ပုံ−နစ်ကီ)

7Day Daily

No comments:

Post a Comment

My Blog List