Wednesday, December 24, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့တောင်းဆိုချက် (၄)ချက်အပေါ် မူအားဖြင့်သဘောတူညီမှုရ


Photo: တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့တောင်းဆိုချက် (၄)ချက်အပေါ် မူအားဖြင့်သဘောတူညီမှုရ
Wednesday, December 24, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့(NCCT) တို့မှ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူသူများ ဒီဇင်ဘာ ၂၃ ရက် က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ဆက်လက်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် (NCCT) မှ တောင်းဆို ထားသည့် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသော အချက်သုံးချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေထံမှ သိရသည်။

ပထမနေ့ ဆွေးနွေးပွဲအပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ခေါင်းစဉ် များဖြစ်သော 

(၁)လိုင်ဇာ ကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန်အတွက် နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ 

(၂) ခုနစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ စတင်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ တိုင်းတွင် နိုင်ငံတကာ လေ့လာသူများ ထားရှိရန်နှင့် သြဂုတ်လအတွင်းက သဘောတူညီခဲ့သည့် ပူးပေါင်းစောင့်ကြည့်ရေး (Joint Monitoring) နှင့် 

(၃)နှစ်ဖက်တပ်မှူး တပ်သားများ လိုက်နာရမည့် (Military Code of Conduct) ကိစ္စရပ်များအတွက် နှစ်ဖက်လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးရန် စသည့်အချက်များကို မူအားဖြင့် နှစ်ဖက်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ သော ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထ မူကြမ်း ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များအား အပြီးသတ်ဆွေးနွေး နိုင်ခဲ့သည်။

လာမည့် နှစ်ဖက်ဆွေးနွေးပွဲများတွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ ထားရှိရေးအချက်နှင့် ပတ်သက်ပြီး UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင် ရွှေက ''အစိုးရဘက်က နိုင်ငံတကာက ဘယ်အဖွဲ့အစည်းကိုမှ လေ့လာသူအဖြစ် ဖိတ်ကြားခဲ့တာမျိုး မရှိဘူး။ တိုင်းရင်းသားတွေဘက်က တောင်းဆိုခဲ့တာတွေရှိတယ်။ အစိုးရဘက်ကနေပြီး တိုင်းရင်းသားတွေ ယုံကြည်စိတ်ချမှုရအောင် သူတို့တောင်းဆိုခဲ့တဲ့ PDSG တရုတ်ကို လက်ခံပေးခဲ့ရတယ်။ အခုလည်း တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့အ တွက် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမယ် ပြောခဲ့တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ PDSG ဆိုတာ Peace Donor Support Groupကို ပြောတာ။ အဲ့ဒီထဲမှာ EU ၊ UN ၊ သြစတြေးလျနဲ့ USAIDတို့လို အစုံ ပါတယ်။ အဲဒီထဲကမှ သင့်တင့်တဲ့အဖွဲ့ကို လက်ခံပေးဖို့ဆိုတဲ့ သဘော ပါပဲ''ဟု ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုများအား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းမှုအဖွဲ့ (NCCT) အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ NCCT ခေါင်းဆောင်များအား နည်းပညာအထောက်အ ကူပြုအဖွဲ့၏ဆွေးနွေးခဲ့မှုများကို အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း NCCTအဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ (NCCT) တို့၏ သတ္တမအကြိမ် မြောက်ဆွေးနွေးပွဲအား ၂ဝ၁၅ ဇန်နဝါရီ ၁၅ ရက်တွင် ဆွေးနွေးနိုင် ရန်နှင့်ယင်းဆွေးနွေးပွဲ၌ ရလဒ်ကောင်းများ ရရှိပါက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် ဆန္ဒပြုကြောင်း UPWC ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၎င်း၏ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

NCCT ၏ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကလည်းNCCT အဖွဲ့အနေဖြင့်လည်း အမြန်ဆုံးNCA ကို ရေးထိုးလိုပါကြောင်း နှင့် ၂ဝ၁၅ ဖေဖော်ဝါရီ ၁၂ ရက် ''ပြည်ထောင်စုနေ့''ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စနစ် (NCA) လက်မှတ်ရေးထိုးနိုင်မည့်နေ့အဖြစ် ရည်မှန်းဆောင် ရွက်နိုင်ရန် NCCT ကိုယ်စားလှယ်အနေဖြင့် မြင်တွေ့ လိုပါသည်''ဟု အဆိုပါဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

MOI Webportal Myanmar

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့(NCCT) တို့မှ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူသူများ ဒီဇင်ဘာ ၂၃ ရက် က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ဆက်လက်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် (NCCT) မှ တောင်းဆို ထားသည့် ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသော အချက်သုံးချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေထံမှ သိရသည်။

ပထမနေ့ ဆွေးနွေးပွဲအပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ခေါင်းစဉ် များဖြစ်သော 

(၁)လိုင်ဇာ ကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ 

(၂) ခုနစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ စတင်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ တိုင်းတွင် နိုင်ငံတကာ လေ့လာသူများ ထားရှိရန်နှင့် သြဂုတ်လအတွင်းက သဘောတူညီခဲ့သည့် ပူးပေါင်းစောင့်ကြည့်ရေး (Joint Monitoring) နှင့် 

(၃)နှစ်ဖက်တပ်မှူး တပ်သားများ လိုက်နာရမည့် (Military Code of Conduct) ကိစ္စရပ်များအတွက် နှစ်ဖက်လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးရန် စသည့်အချက်များကို မူအားဖြင့် နှစ်ဖက်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ သော ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထ မူကြမ်း ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များအား အပြီးသတ်ဆွေးနွေး နိုင်ခဲ့သည်။

လာမည့် နှစ်ဖက်ဆွေးနွေးပွဲများတွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ ထားရှိရေးအချက်နှင့် ပတ်သက်ပြီး UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင် ရွှေက ''အစိုးရဘက်က နိုင်ငံတကာက ဘယ်အဖွဲ့အစည်းကိုမှ လေ့လာသူအဖြစ် ဖိတ်ကြားခဲ့တာမျိုး မရှိဘူး။ တိုင်းရင်းသား တွေဘက်က တောင်းဆိုခဲ့တာတွေရှိတယ်။ အစိုးရဘက်ကနေပြီး တိုင်းရင်းသားတွေ ယုံကြည်စိတ်ချမှု ရအောင် သူတို့တောင်းဆိုခဲ့တဲ့ PDSG တရုတ်ကို လက်ခံပေးခဲ့ရတယ်။ အခုလည်း တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့အ တွက် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမယ် ပြောခဲ့တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ PDSG ဆိုတာ Peace Donor Support Groupကို ပြောတာ။ အဲ့ဒီထဲမှာ EU ၊ UN ၊ သြစတြေးလျနဲ့ USAIDတို့လို အစုံ ပါတယ်။ အဲဒီထဲကမှ သင့်တင့်တဲ့အဖွဲ့ကို လက်ခံပေးဖို့ဆိုတဲ့ သဘော ပါပဲ''ဟု ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုများအား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းမှုအဖွဲ့ (NCCT) အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ NCCT ခေါင်းဆောင်များအား နည်းပညာအထောက်အ ကူပြုအဖွဲ့၏ဆွေးနွေးခဲ့မှုများကို အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း NCCTအဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ (NCCT) တို့၏ သတ္တမအကြိမ် မြောက်ဆွေးနွေးပွဲအား ၂ဝ၁၅ ဇန်နဝါရီ ၁၅ ရက်တွင် ဆွေးနွေးနိုင် ရန်နှင့်ယင်းဆွေးနွေးပွဲ၌ ရလဒ်ကောင်းများ ရရှိပါက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် ဆန္ဒပြုကြောင်း UPWC ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၎င်း၏ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

NCCT ၏ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကလည်းNCCT အဖွဲ့အနေဖြင့်လည်း အမြန်ဆုံးNCA ကို ရေးထိုးလိုပါကြောင်း နှင့် ၂ဝ၁၅ ဖေဖော်ဝါရီ ၁၂ ရက် ''ပြည်ထောင်စုနေ့''ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စနစ် (NCA) လက်မှတ်ရေးထိုးနိုင်မည့်နေ့အဖြစ် ရည်မှန်းဆောင် ရွက်နိုင်ရန် NCCT ကိုယ်စားလှယ်အနေဖြင့် မြင်တွေ့ လိုပါသည်''ဟု အဆိုပါဆွေးနွေးပွဲ၌ ပြောကြားခဲ့ သည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List