Monday, December 22, 2014

လွှတ်တော်များအားလုံး အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဦးရွှေမန်း တိုက်တွန်း


ပြည်ထောင်စုနှင့် ပြည် နယ်၊ တိုင်းလွှတ်တော်များ အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက် ရန်နှင့် ဥပဒေပြုဇယားများ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်နယ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည် ထောင်စုလွှတ်တော်နှင့် တိုင်းဒေ သကြီး၊ ပြည်နယ်လွှတ်တော်များ အကြား အသင်းအဖွဲ့စိတ်ဓာတ် ဖြင့်
ပူးပေါင်းဆောင်ရွက်ကြရန် နှင့် အရည်အသွေးမြှင့်တင်ကြရန်၊ လွှတ်တော်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်း လင်းတင်ပြဆွေးနွေးကြရန် ဒီဇင်ဘာ ၂၀ က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီးဖြစ်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးအရေးကြီးအဆိုနှင့် စပ်လျဉ်း သည့်ကိစ္စများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက် ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဗဟိုက တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများထံ လိပ်မူ၍ အသိပေးအကြောင်းကြားသည့် စာတစ်စောင်ကို ယခုလ ၁၃ ရက်၌ ထုတ်ပြန် အကြောင်းကြားထားသည်။

ပါတီ၏ မူဝါဒကို ထိခိုက်မှု မရှိစေရေးအတွက် ယင်းကဲ့သို့ အသိပေးစာထုတ်ပြန်ရခြင်းဖြစ် သည်ဟု ယင်းစာတွင် ဖော်ပြပါရှိ ထားပြီး ရန်ကုန်တိုင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်တို့ တွင် ၁၂ ပွင့်ဆိုင်သာဖြစ်ရန် တင် ပြအတည်ပြုခဲ့သည်များကို ရည်ရွယ်၍ အသိပေးခြင်းဖြစ်ကြောင်း ပါတီတိုင်း တာဝန်ခံတစ်ဦးက ဆို သည်။

သို့ရာတွင် ဒီဇင်ဘာ ၂၀ ရက် အစည်းအဝေး၌မူ အဆိုပါကိစ္စ နှင့်ပတ်သက်၍ ဆွေးနွေးမှုကို မ ပြောကြားနိုင်ကြောင်း အစည်းအ ဝေးတက်ရောက်သူ လွှတ်တော် ဥက္ကဋ္ဌအချို့က ပြောသည်။

‘‘ကျွန်တော်တို့ကတော့ ရှမ်း ပြည်နယ်လွှတ်တော်က အရေး ပေါ်အစည်းအဝေးခေါ်တဲ့ကိစ္စက ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုဖို့ပါဆိုပြီး လွှတ်တော်ရဲ့ လုပ် ငန်းတွေကို တင်ပြခဲ့ပါတယ်’’ ဟု ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး စိုင်းလို့စိုင်းက ပြောသည်။

ထို့ပြင် အခြေခံဥပဒေပါ ပြည်ထောင်စုနှင့် ပြည်နယ်၊တိုင်းများ၏ ဥပဒေပြုခွင့်ဇယားများ ပြင်ဆင် ရာတွင် ပြည်နယ်၊ တိုင်းများ၏ ပြင် ဆင်လိုသည့်အချက်များကို ထပ်မံတင်ပြ၍ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

‘‘အခြေခံဥပဒေပြင်ဆင်တဲ့ အခါမှာ ဇယားတွေက အပြောင်း အလဲတွေရှိနိုင်တဲ့အတွက် ညှိနှိုင်း တာပါ။ ညှိနှိုင်းပြီး တကယ်လို့ ဥပ ဒေပြင်ပြီးသွားရင် ပြည်နယ်၊ တိုင်း တွေဘက်က ဥပဒေပြုခွင့်ပိုရလာ မယ့် အခြေအနေဖြစ်နိုင်ပါတယ်’’ ဟု ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလို့စိုင်းက ဆက်လက်ပြော ကြားသည်

7Day Daily

No comments:

Post a Comment

My Blog List