Wednesday, December 24, 2014

မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ


Photo: မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ
Wednesday, December 24, 2014

မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူ၊ မြေစာရင်းဦးစီးဌာန  တာဝန် ရှိသူများနှင့် တောင်သူများတွေ့ ဆုံခဲ့ပြီး မကွေးမြို့၊ မြို့ပြစီမံကိန်း အတွက် တောင်သူများ၏ ယာမြေများကို ကာလပေါက်ဈေးပေး၍ သိမ်းယူခဲ့ပါက တောင်သူများ၏ ဆန္ဒသဘောထားမည်သို့ရှိမည် ကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ တောင်သူအများစုက  ၎င်းတို့ ၏ ယာမြေများကို စွန့်လွှတ်မည်မဟုတ် ကြောင်း ကန့်ကွက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ပါက ကျေးရွာအုပ်စု ၁၃စုရှိ ယာမြေအားလုံးဆုံးရှုံးမည်ဖြစ်သည်။

‘‘တောင်သူလယ်သမားကို လယ်ယာမြေတွေ သိမ်းလိုက်ရင် တောင်သူလယ်သမားတွေ ဘာ လုပ်ကိုင်စားမလဲ၊ မြို့ပေါ်တက်ပြီးတော့လည်း လုပ်ကိုင်မစားတတ်ဘူး။ တိုင်းပြည်အတွက် ဒီဒေသဆိုရင် ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်တာရှိတယ်။ ခုလို ယာမြေတွေ အကုန်ဆုံးရှုံးရရင်တော့ ဆီအိုးကြီးကွဲပြီလို့တောင် ပြောရ မှာပဲ’’ဟု မကျီးကန်အုပ်စု မကျီးကန်ကျေးရွာနေ တောင်သူဦးထွန်းစိန်က ပြောသည်။

မကျီးကန်ကျေးရွာအုပ်စုတွင်ရွာလေးရွာရှိပြီး      စီမံကိန်းနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံရာ၌ တောင်သူများအနေဖြင့် ကာလ ပေါက်ဈေးပေးမည်ဆိုလျှင်လည်း ယာမြေများကို မစွန့်လွှတ်နိုင် ကြောင်း၊ အခြားအလုပ်များလည်း မလုပ်ကိုင်တတ်သောကြောင့် ၎င်းတို့၏ သားစဉ် မြေးဆက်အထိ စားဝတ်နေရေးအတွက် ယာမြေများမှာ အရေးကြီးကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ကို အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက Town Plan ချပေးပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တာဝန်က အသေး စိတ်မြေစာရင်းကို ဆွဲထုတ်ပေးရ တယ်’’ဟု မြို့နယ်မြေစာရင်းဦးစီး ဌာနတာဝန်ရှိသူက ပြောသည်။

ကျေးရွာအုပ်စု ၁၃ စုတွင် ကျေးရွာပေါင်း ၂၀ကျော်ရှိပြီး မြို့မြေတိုးချဲ့ရန်မှာ နှစ် ၃၀စီမံ ကိန်းဖြစ်၍    ယာမြေများသိမ်း ဆည်းဝယ်ယူခြင်း၊ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ခြင်း ကိစ္စ ရပ်များမှာ ပြည်ထဲရေးက တာဝန် ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘Town Plan ကို နေပြည် တော်က ဆွဲပေးတာပါ။ ကျန်တဲ့ မြေယာတွေကို စီမံခန့်ခွဲတာကို ထွေအုပ်က လုပ်ပါတယ်။ အသေးစိတ်မြေစာရင်းတွေကို မြေစာရင်း ဌာနက လုပ်ရပါတယ်’’ဟု မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန   တာဝန်ရှိသူ က ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကျေးရွာအုပ်စု အများစုက ကန့်ကွက်ခဲ့ကြသည်။ မြို့ပြစီမံကိန်းပြုလုပ်ပါက နှစ်၃၀ စီမံကိန်းဖြစ်ပြီး    ကျေးရွာနှစ် ဆယ်ကျော်ရှိ ယာမြေဧကပေါင်း သုံးသောင်းကျော်အသုံးပြုရမည် ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန က ခန့်မှန်းပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုးရိမ်ပူ ပန်မှုများရှိနေပြီး မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးက မည် သည့်အတည်ပြုထုတ်ပြန်ကြေ ညာချက်မျိုးမှ မရှိကြောင်း ပြော ကြားသည်။

7Day

မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူ၊ မြေစာရင်းဦးစီးဌာန  တာဝန် ရှိသူများနှင့် တောင်သူများတွေ့ ဆုံခဲ့ပြီး မကွေးမြို့၊ မြို့ပြစီမံကိန်း အတွက် တောင်သူများ၏ ယာမြေများကို ကာလပေါက်ဈေးပေး၍ သိမ်းယူခဲ့ပါက တောင်သူများ၏ ဆန္ဒသဘောထားမည်သို့ရှိမည် ကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ တောင်သူအများစုက  ၎င်းတို့ ၏ ယာမြေများကို စွန့်လွှတ်မည်မဟုတ် ကြောင်း ကန့်ကွက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ပါက ကျေးရွာအုပ်စု ၁၃စုရှိ ယာမြေအားလုံး ဆုံးရှုံးမည်ဖြစ်သည်။

‘‘တောင်သူလယ်သမားကို လယ်ယာမြေတွေ သိမ်းလိုက်ရင် တောင်သူလယ်သမားတွေ ဘာ လုပ်ကိုင်စားမလဲ၊ မြို့ပေါ်တက်ပြီးတော့လည်း လုပ်ကိုင်မစားတတ်ဘူး။ တိုင်းပြည်အတွက် ဒီဒေသဆိုရင် ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်တာရှိတယ်။ ခုလို ယာမြေတွေ အကုန်ဆုံးရှုံးရရင်တော့ ဆီအိုးကြီးကွဲပြီ လို့တောင် ပြောရ မှာပဲ’’ဟု မကျီးကန်အုပ်စု မကျီးကန်ကျေးရွာနေ တောင်သူဦးထွန်းစိန်က ပြောသည်။

မကျီးကန်ကျေးရွာအုပ်စုတွင်ရွာလေးရွာရှိပြီး      စီမံကိန်းနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံရာ၌ တောင်သူများအနေဖြင့် ကာလ ပေါက်ဈေးပေးမည်ဆိုလျှင်လည်း ယာမြေများကို မစွန့်လွှတ်နိုင် ကြောင်း၊ အခြားအလုပ်များလည်း မလုပ်ကိုင်တတ်သောကြောင့် ၎င်းတို့၏ သားစဉ် မြေးဆက်အထိ စားဝတ်နေရေးအတွက် ယာမြေများမှာ အရေးကြီးကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ကို အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက Town Plan ချပေးပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တာဝန်က အသေး စိတ်မြေစာရင်းကို ဆွဲထုတ်ပေးရ တယ်’’ဟု မြို့နယ်မြေစာရင်းဦးစီး ဌာနတာဝန်ရှိသူက ပြောသည်။

ကျေးရွာအုပ်စု ၁၃ စုတွင် ကျေးရွာပေါင်း ၂၀ကျော်ရှိပြီး မြို့မြေတိုးချဲ့ရန်မှာ နှစ် ၃၀စီမံ ကိန်းဖြစ်၍    ယာမြေများသိမ်း ဆည်းဝယ်ယူခြင်း၊ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ခြင်း ကိစ္စ ရပ်များမှာ ပြည်ထဲရေးက တာဝန် ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘Town Plan ကို နေပြည် တော်က ဆွဲပေးတာပါ။ ကျန်တဲ့ မြေယာတွေကို စီမံခန့်ခွဲတာကို ထွေအုပ်က လုပ်ပါတယ်။ အသေးစိတ်မြေစာရင်းတွေကို မြေစာရင်း ဌာနက လုပ်ရပါတယ်’’ဟု မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန   တာဝန်ရှိသူ က ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကျေးရွာအုပ်စု အများစုက ကန့်ကွက်ခဲ့ကြသည်။ မြို့ပြစီမံကိန်းပြုလုပ်ပါက နှစ်၃၀ စီမံကိန်းဖြစ်ပြီး    ကျေးရွာနှစ် ဆယ်ကျော်ရှိ ယာမြေဧကပေါင်း သုံးသောင်းကျော်အသုံးပြုရမည် ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန က ခန့်မှန်းပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုးရိမ်ပူ ပန်မှုများရှိနေပြီး မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးက မည် သည့်အတည်ပြုထုတ်ပြန်ကြေ ညာချက်မျိုးမှ မရှိကြောင်း ပြော ကြားသည်။

7Day

No comments:

Post a Comment

My Blog List