Wednesday, December 24, 2014

မလေးရှားနှင့် တရုတ်နိုင်ငံတို့ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်


 chi malay

မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ နှင့် တရုပ်စစ်တပ်မှ စစ်ဆင်ရေးဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် အကြီးတန်း ကပ္ပတိန် ကျန်ကေ (ရေတပ်)တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - thestar.com

ကွာလာလမ်ပူ၊ ဒီဇင်ဘာ၂၃။ မလေးရှားစစ်တပ်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ၂၂ရက်က စတင်ခဲ့သည်။

မလေးရှား စစ်တပ်၏ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှု စင်တာ(Pesama)တွင် ငါးရက်ကြာပြုလုပ်မည့် စားပွဲတင်စစ်ရေး လေ့ကျင့်မှုတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ နှင့် သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်မှုစစ်ဆင်ရေးများအတွက် နှစ်ဖက်စလုံးနှင့် ဆိုင်သည့် မူဘောင်တစ်ခုကို ချမှတ်ရန် မလေးရှား အရာရှိ ၂၀ဦးနှင့် PLA မှ ၂၁ ဦးပါ ကိုယ်စားလှယ် အဖွဲ့တို့က ၎င်းတို့၏ ကျွမ်းကျင်မှုများကို ပူးပေါင်း ကာ လေ့ကျင့်မည် ဖြစ်သည်။

စစ်ရေး လေ့ကျင့်မှုကို မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ ဖေလီမို့ဒ်ဇင်က ဖွင့်လှစ်ပေး ခဲ့ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှု များစွာကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကာ လာမည့်နှစ်တွင် နည်းဗျူဟာ ဆိုင်ရာ ကွင်းဆင်း လေ့ကျင့်မှု လုပ်ဆောင်ရန် မျှော်မှန်းထားသည်။.

“ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။ အထူး သဖြင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ နဲ့ ပင်လယ်ပြင်တွင် သင်္ဘောပြန်ပေးဆွဲမှု တိုက်ဖျက်ရေး တွေကို လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်”ဂျဲင်ဇူလ်ကီဖေလီက သတင်းထောက်များကို ပြောကြားသည်။ PLAအဖွဲ့ကို စစ်ဆင်ရေးဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် အကြီးတန်း ကပ္ပတိန် (ရေတပ်) ကျန်ကေက ဦးဆောင်သည်။

“ပူးတွဲစစ်ရေး လေ့ကျင့်မှု တွေကို လက်ရှိထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့် စစ်ပွဲမဟုတ်တဲ့ ဆက်စပ် စစ်ဆင်ရေး တွေကို လုပ်ဆောင်သွားမှာပါ”ဟု ပူးတွဲ စစ်ရေး လေ့ကျင့်မှု များကို ထိုးစစ်ဆင် တိုက်ခိုက်မှု ပုံစံ စစ်ဆင်ရေးများ အဖြစ်သို့ ပြောင်းလဲသွား နိုင်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ မေးမြန်သောအခါ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုသည် နှစ်ဘက် စစ်တပ်အတွက် သမိုင်းဝင်ကာလတစ်ခုဖြစ်ပြီး မလေးရှားနှင့် တရုတ် နိုင်ငံတို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်း သင်္ကေတ တစ်ခုဖြစ်ကြောင်း ထိပ်တန်းအရာရှိကျန်က ပြေကြားသည်။ ၂၀၀၅ စက်တင်ဘာလက မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပထမဆုံးအကြိမ် လက်မှတ် ရေးထိုးခဲ့သည်။

Mizzima

No comments:

Post a Comment

My Blog List