Tuesday, December 23, 2014

ဘင်္ဂလာဒေခ်ျ့မှ ရခိုင်မျိုးနွယ်စုဝင် လူပေါင်း ၃၀ ကျော် မြန်မာနိုင်ငံတွင် ခိုလူံရန် ရောက်ရှိ

Photo: ဘင်္ဂလာဒေခ်ျ့မှ ရခိုင်မျိုးနွယ်စုဝင် လူပေါင်း ၃၀ ကျော် မြန်မာနိုင်ငံတွင် ခိုလူံရန် ရောက်ရှိ
Tuesday, December 23, 2014 

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ  ထွက်ပြေးလာကြသော ရခိုင်မျိုးနွယ်စုဝင် ၃၀ ကျော်ခန့်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က   ကျောက်တော်မြို့ကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ အခု ထွက်ပြေးလာတဲ့သူ က စုစုပေါင်း  ၃၁ ဦး ဖြစ်ပြီး မိန်းမတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ အခု သူတို့ကို  ကျောက်တော်မြို့ပေါ်က သာသနာဗိမာန်နေရာချပေးထားပါတယ်” ဟု လူမှုရေး အကူအညီများ ကိုယ်တိုင်သွားရောက်ပေးခဲ့သူ ကျောက်တော် ဒေသခံ ဦးမောင်အေးသိန်းက ပြောသည်။

သူတို့အထဲတွင် ယောင်္ကျားကြီး ၉ ဦး၊ မိန်းမကြီး ၁၁ ဦး၊ ကလေးကယ် ၁၁ ဦး ပါဝင်သည်ဟု သိရသည်။

ယခုထွက်ပြေးလာကြသူများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရိုဘင်ခရိုင် (ရွာတော်ခရိုင်) တန်းဆိပ်မြို့နယ် ရမ္မက်ကြီး ကျေးရွာမှ ဖြစ်ကြကြောင်း၊ သူတို့သည် ပထမဆုံးအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ၀င်ရောက်လာပြီး ယင်းမှ တဆင့် ကျောက်တော်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

“ ဟိုမှာက မူဆလင်တွေက အနှောင့်အယှက်ပေးတော့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတယ်လို့ သူတို့က ပြောပါတယ်။ အခက်အခဲ ဖြစ်တော့ စီးပွားရေး အဆင်မပြေဘူး။ မူဆလင်တွေ နှောင့်ယှက်တာကိုလည်း ကြောက်ရတော့ ဒီကို ထွက်ပြေးလာကြတာလို့ ပြောပါတယ်” ဟု ဦးမောင်အေးသိန်းက ဆိုသည်။

ကျောက်တော်မြို့နယ် အာဏာပိုင်များမှ သူတို့ တည်းခိုနေရာသို့ လာရောက်ပြီး လူစာရင်းကို ကောက်ယူသွားသည်ဟု သိရသည်။

ယခုထွက်ပြေးလာသော အုပ်စုသည် ယခုနှစ်ပွင့်လင်းရာသီတွင် ပထမဆုံးဝင်ရောက်လာ အုပ်စု ဖြစ်ပြီး ယခင်နှစ်များက ၀င်ရောက်လာသူ အရေအတွက်မှာ စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

သူတို့ နေထိုင်ရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းဒေသသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး မကြာခဏဆိုသလို ဘင်္ဂလီများ၏ တိုက်ခိုက်မှုကို ခံနေကြရသည်ဟု သိရသည်။

ယခုလ ၁၆ ရက်နေ့ကလည်း စစ်တကောင်း တောင်တန်းနယ် ရန္တဂါမတီ ခရိုင်တွင် ဘင်္ဂလီ ပြောင်းရွှေ့ အခြေချသူ ၅၀၀ နီးပါးခန့်သည် ဗုဒ္ဓဘာသာ သက်လူမျိုးများနေထိုင်ရာ ကျေးရွာ (၃) ရွာကို ၀င်ရောက် လာပြီး မီးရှို့သဖြင့် အိမ်ခြေ ၆၀ နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

Narinjara 

(ယခင်က ဘင်္ဂလာဒေခ်ျ့်မှ ၀င်ရောက်လာကြသူများ)

No comments:

Post a Comment

My Blog List