Wednesday, December 24, 2014

လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်မှန်၍ သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်းအတွက် အမှုဖွင့်ခွင့်ရပြီ


Photo: လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်မှန်၍
သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်းအတွက် အမှုဖွင့်ခွင့်ရပြီ
Wednesday, December 24, 2014

လက်ပံတောင်းတောင်၏ လက်ရှိ ပဋိပက္ခအတွင်းသေဆုံးသွားခဲ့ရသော ဒေသခံ တောင်သူ ဒေါ်ခင်ဝင်းအတွက် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ က ဆာလင်းကြီးမြို့  နယ်ရဲစခန်းတွင် အမှုဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၂ ရက် က ပဋိပက္ခအတွင်း သေနတ်ဖြင့် အပစ်ခံရမှုကြောင့်သေဆုံးသွားခဲ့ရသူ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း ၏ နေအိမ်သို့ ၈၈ မျိုးဆက်မှ အဖွဲ့ ဝင်များဖြစ်သော ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ မနန်းစော၊ မသဉ္ဇာခိုင် တို့ နှင့် သံဃာတော်များက ရောက်သွားခဲ့ပြီးနောက် အခြေအနေအရပ်ရပ်ကို မေးမြန်းကာ ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲခန့် က အမှုဖွင့်ရန်ရဲစခန်းသို့ သွားခဲ့သော်လည်း အမှုဖွင့်ခွင့်အတွက် အထက်ညွှန်ကြားချက်မလာသေးသောကြောင့်ဟုဆိုကာ ချက်ခြင်းလက်မခံသဖြင့် အချိန်ယူညှိနှိုင်းခဲ့ရကြောင်း ၈၈ မျိုးဆက်၏လူမှုကွန်ရက်က သတင်းထုတ်ပြန်လာသည်။ 

ယင်းနောက် ည ၇ နာရီခွဲခန့် တွင် သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း အတွက် အမှုဖွင့်ခွင့်ရခဲ့ပြီး ဒေသခံ ရဲဝန်ထမ်းများနှင့်အတူ ကွယ်လွန်သူ ဒေါ်ခင်ဝင်း၏ ရုပ်ကလာပ်ကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ သယ်ယူ၍ ဆေးစစ်ချက်များရယူမည်ဟု ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၏ လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ကိုဥာဏ်လင်းထံက သတင်းပေးပို့ ထားကြောင်း ၈၈ မျိုးဆက်က သတင်းထုတ်ပြန်သည်။ 

၈၈ မျိုးဆက်က သွားရောက်ကူညီမှုလုပ်ငန်းစဉ်အတွင်း ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခအတွင်းက ရရှိသော ဒဏ်ရာမပြင်းထန်သဖြင့် သက်သာလာသော မိုးကြိုးပြင် အလယ်ရွာမှ ဦးသန်းမြင့်၊ ဒေါ်သန်းနွဲ၊ ကိုကျော်နိုင်ထွန်း၊ ကိုတိုးနိုင်ဝင်း၊ မဂျူး၊ မ၀င်းလှိုင် တို့ ၆ ဦးကို ၎င်းတို့၏ရွာသို့ ပြန်လည်ပို့ပေးရန် ခေါ်ဆောင်လာခဲ့ကြကြောင်း ၊ လမ်းခရီး၌ တုံရွာသို့ အရောက်တွင် ရဲအင်အား ၂၀၀ ခန့်၏ တားဆီးမှုကို ခံရသဖြင့် အချိန် နှစ်နာရီခန့် ကြံ့ကြာခဲ့ရကြောင်းလည်းသိရသည်။ 

Iris 
(24-12-2014 ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)
လက်ပံတောင်းတောင်၏ လက်ရှိ ပဋိပက္ခအတွင်းသေဆုံးသွားခဲ့ရသော ဒေသခံ တောင်သူ ဒေါ်ခင်ဝင်း အတွက် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ က ဆာလင်းကြီးမြို့  နယ်ရဲစခန်းတွင် အမှုဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၂ ရက် က ပဋိပက္ခအတွင်း သေနတ်ဖြင့် အပစ်ခံရမှုကြောင့်သေဆုံးသွားခဲ့ရသူ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း ၏ နေအိမ်သို့ ၈၈ မျိုးဆက်မှ အဖွဲ့ ဝင်များဖြစ်သော ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ မနန်းစော၊ မသဉ္ဇာခိုင် တို့ နှင့် သံဃာတော်များက ရောက်သွားခဲ့ပြီးနောက် အခြေအနေအရပ်ရပ်ကို မေးမြန်းကာ ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲခန့် က အမှုဖွင့်ရန်ရဲစခန်းသို့ သွားခဲ့သော်လည်း အမှုဖွင့်ခွင့်အတွက် အထက်ညွှန်ကြားချက်မလာသေးသောကြောင့်ဟုဆိုကာ ချက်ခြင်းလက်မခံသဖြင့် အချိန်ယူညှိနှိုင်းခဲ့ရကြောင်း ၈၈ မျိုးဆက်၏လူမှုကွန်ရက်က သတင်းထုတ်ပြန်လာသည်။ 

ယင်းနောက် ည ၇ နာရီခွဲခန့် တွင် သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း အတွက် အမှုဖွင့်ခွင့်ရခဲ့ပြီး ဒေသခံ ရဲဝန်ထမ်းများနှင့်အတူ ကွယ်လွန်သူ ဒေါ်ခင်ဝင်း၏ ရုပ်ကလာပ်ကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ သယ်ယူ၍ ဆေးစစ်ချက်များရယူမည်ဟု ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၏ လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ကိုဥာဏ်လင်းထံက သတင်းပေးပို့ ထားကြောင်း ၈၈ မျိုးဆက်က သတင်းထုတ်ပြန်သည်။ 

၈၈ မျိုးဆက်က သွားရောက်ကူညီမှုလုပ်ငန်းစဉ်အတွင်း ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခအတွင်းက ရရှိသော ဒဏ်ရာမပြင်းထန်သဖြင့် သက်သာလာသော မိုးကြိုးပြင် အလယ်ရွာမှ ဦးသန်းမြင့်၊ ဒေါ်သန်းနွဲ၊ ကိုကျော်နိုင်ထွန်း၊ ကိုတိုးနိုင်ဝင်း၊ မဂျူး၊ မ၀င်းလှိုင် တို့ ၆ ဦးကို ၎င်းတို့၏ရွာသို့ ပြန်လည်ပို့ပေးရန် ခေါ်ဆောင်လာခဲ့ကြကြောင်း ၊ လမ်းခရီး၌ တုံရွာသို့ အရောက်တွင် ရဲအင်အား ၂၀၀ ခန့်၏ တားဆီးမှုကို ခံရသဖြင့် အချိန် နှစ်နာရီခန့် ကြံ့ကြာခဲ့ရကြောင်းလည်းသိရသည်။ 

Iris 
(24-12-2014 ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)

No comments:

Post a Comment

My Blog List