Monday, December 22, 2014

ဆီးရီးယား - လက်ဘနွန် နယ်စပ်အနီးမှ လက်ဘနွန်ရွာသားများ ကာကွယ်ရေးတပ်များ ဖွဲ့စည်း


LebaneseSoldier
ဆီးရီးယား နယ်စပ်အနီး လုံခြုံရေး ဆောင်ရွက်နေသည့် လက်ဘနွန် စစ်သားများ။

ဆီးရီးယားနယ်စပ်အနီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဘီကာတောင်ကြား ရွာတွင် စစ်သွေးကြွများ၏ ရန်ကို ကာကွယ်ရန် ရွာသားများက လက်နက်စွဲကိုင်ကာ ကာကွယ်ရေးတပ်များ ဖွဲ့စည်းထားကြကြောင်း သိရ သည်။

ဒေသအတွင်းရှိ အယ်လ်ခိုင်ဒါအဖွဲ့ဖြစ်သည့် ဂျာဟတ်အယ်လ်နူဆရာစစ်သွေးကြွများနှင့် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေသည့် အိုင်အက်စ် စစ်သွေးကြွများကို ခုခံကာကွယ်ရန် ရွာသားများက ကိုယ်ပိုင် ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်။

ဘီကာတောင်ကြားရှိအဆိုပါ ရွာမှ ဒေသခံတစ်ဦးဖြစ်သူ အဘူဂျော့က "စစ်သွေးကြွတွေက ရွာထဲကို ၀င်တိုက်ဖို့ ကြိုးပမ်းခဲ့ကြတာကို ကျွန်တော် တို့ ဟန့်တားနိုင်ခဲ့ပါတယ်။ နောက်နှစ်ပတ်အကြာမှာ ထပ်ပြီး ၀င်ဖို့ကြိုးစားတာကို ကျွန်တော်တို့ ပြန်ပြီးတိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အလုပ်တွေလည်း ပျက်နေပါပြီ။ ကိုယ့်မိသားစုတွေ အန္တရာယ်ရှိနေတဲ့ အချိန်မှာ အလုပ်လည်း မလုပ်နိုင်တော့ပါဘူး" ဟု ပြောကြားခဲ့သည်။

ဂျာဟတ်အယ်လ်နူဆရာ စစ်သွေးကြွများက ရွာကို ၀င်ရောက်တိုက်ခိုက်ခိုက်ကာ ဆီးရီးယားနိုင်ငံ အတွင်းမှ ခရစ်ယာန်ဘာသာ ၀င်များနေထိုင်သည့် မာလူလာမြို့ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ၀င်ရောက်ဖျက် ဆီးပြီးနောက် ဘီကာတောင်ကြားရွာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အဆိုပါ စစ်သွေးကြွများနှင့် လက်ဘနွန် စစ်တပ်တို့အကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များအတွင်း လက်ဘနွန် စစ်သားနှင့် ရဲ ၂၇ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

မိမိတို့က တိုက်ပွဲများကို စတင်ဆင်နွှဲရန် ရည်ရွယ်မထားသော်လည်း အိုက်အက်စ် စစ်သွေးကြွများ ဒေသအတွင်းရှိ ရွာများသို့ မ၀င်ရောက်နိုင်ရန် ကာကွယ်သွားမည်ဟု ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ ၀င် များက ပြောကြားသည်။ ၎င်းတို့အနေဖြင့် လက်ဘနွန်စစ်တပ်နှင့် လက်တွဲကာ ကာကွယ်မှုများကို လုပ် ဆောင်သွားပြီဖြစ်ပြီး ရန်သူများ ၀င်ရောက်နိုင်ဖွယ်ရှိသည့် နေရာများတွင် ကင်းစခန်းများကို ဆောက် လုပ်ထားကြောင်း သိရသည်။

Mizzima

No comments:

Post a Comment

My Blog List