Monday, December 22, 2014

ကာချုပ်ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူ ခြောက်ချက်မှ အချက်အချို့ပြန်ပြင်



တပ်မတော်ဆေးတက္ကသိုလ်အမှတ်(၁၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသော ကာချုပ်မင်းအောင်လှိုင်(ဓာတ်ပုံ-မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ချမှတ်ထားပြီးတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ လက်မခံသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူခြောက်ချက်မှ အချို့အချက်အလက်များကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

‘‘အဓိကပြင်လိုက်တဲ့အချက် ကတော့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် ဆိုတဲ့နေရာမှာ တည်ဆဲဥပဒေများကို လိုက် နာရန်လို့ ပြောင်းလိုက်တာ’’ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချိုကပြောသည်။

တပ်ချုပ်က သတ်မှတ်ထား သော ငြိမ်းချမ်းရေးမူ ခြောက်ချက် ထဲမှ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနေဖြင့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အရ လိုက်ပါဆောင်ရွက်ရန် အ ချက်တို့ကို လက်မခံကြပေ။

ထို့အပြင် ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ နေရာတွင် ဒို့တာဝန်အရေးသုံးပါး နှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီးဟူ၍ လည်းကောင်း သဘောတူစာချုပ်များ၌ ကတိတည်ရန် နေရာတွင် သဘောတူစာချုပ်အတိုင်း ကတိတည်ရန်လည်းကောင်း ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန် နေရာတွင်ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တ ကယ်ဆန္ဒရှိရန်ဟုလည်းကောင်း ပြင်ဆင်လိုက်ကြောင်း သတင်းရရှိသည်။

‘‘တိတိကျကျလိုက်နာရန်နဲ့လိုက်နာရန်ဆိုတာ အတူတူပဲလို့ မြင်ပါတယ်’’ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သောRCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကပြောသည်။

ဒီဇင်ဘာ ၁၂ ရက်ကစတင် ပြောင်းလဲလိုက်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်း ချမ်းရေးနှင့် ပတ်သက်သည့် မူ ခြောက်ချက်မှာ ၁။ ထာဝရငြိမ်း ချမ်းရေးရယူရန်အတွက် အမှန် တကယ်ဆန္ဒရှိရန်၊ ၂။ သဘောတူ စာချုပ်အတိုင်း ကတိတည်ရန်၊ ၃။ ငြိမ်းချမ်းရေးသဘောတူညီချက် များအပေါ် အမြတ်မထုတ်ရန်၊ ၄။ ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ ၅။ နိုင်ငံတော် က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန်၊ ၆။ ဒို့ တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေ စီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List