Thursday, December 25, 2014

ဝမ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို

Photo: ၀မ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို
Thursday, December 25, 2014 

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုကို ၀မ်ပေါင် ကုမ္ပဏီက ရှုတ်ချပြီးသေဆုံးသူ နှင့် ဒဏ်ရာရရှိသူများ၏ မိသားစု ၀င်များအား ကူညီပေးမည်ဟု ၀မ် ပေါင်ကုမ္ပဏီစီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယွမ်ဖေးကပြော ကြားသည်။

ဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးသွားသည့်အတွက် ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း၊ ကိုယ်ချင်းစာမိကြောင်း၊ လက်ပံတောင်းမိသားစုဝင်တစ်ဦးဆုံးရှုံးလိုက်ခြင်းပင်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းဝမ်းနည်းကြောင်းစာ ကို ဒီဇင်ဘာ ၂၃ ရက်က လက်ပံ တောင်းတောင်အရေးနှင့် ပတ် သက်ပြီး တရုတ်သံရုံးရှေ့၌ ဆန္ဒ ပြမှုကို လာရောက်သတင်းယူ သော မီဒီယာများအား ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများက တရုတ်သံရုံးထဲမှ ထွက်ကာ လာ ရောက်ပြောကြားသွားခြင်း ဖြစ် သည်။ ‘‘ဒီလိုမျိုးအကြမ်းဖက်နှိမ် နင်းတာကို ကျွန်တော်တို့ဝမ်ပေါင် ကုမ္ပဏီက မလိုလားပါဘူး။ နောက်လည်း ဒီလိုမျိုးအကြမ်း ဖက်နှိမ်နင်းမှုမရှိစေချင်ပါဘူး။ အကြမ်းဖက်နှိမ်နင်းလို့ အမျိုးသ မီးတစ်ဦးဆုံးသွားတယ်လို့ သိရပါ တယ်။ သေဆုံးတဲ့မိသားစုဝင်တွေ နဲ့ ဒဏ်ရာရရှိတဲ့ မိသားစုဝင်တွေ ရဲ့ အခက်အခဲတွေကို ကူညီ ဖြေ ရှင်းပေးဖို့အတွက် ၀မ်ပေါင်ကုမ္ပ ဏီက ဖိတ်ခေါ်ပါတယ်။ လာ ရောက်ဆွေးနွေးလှည့်ပါ။ အတတ်နိုင်ဆုံးကူညီပေးမှာပါ’’ဟု မစ္စတာ ဒေါင်ယွမ်ဖေးက 7 Day Daily အားပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို မြန်မာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန် ချက်အရ လုပ်ဆောင်နေခြင်းဖြစ် ပြီး စီမံကိန်းဒေသရှိ ဒေသခံ အများစု၏ ထောက်ခံပေးမှု ကြောင့် စီမံကိန်းတည်ဆောက် ရေးလုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာ အ ရှေ့ဘက်လိပ်ခွံတောင် အနီးရှိ လျော်ကြေးရယူခြင်း မရှိသော လယ်ယာမြေများပေါ်တွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံသည်ကို ဒေသခံများက တားဆီးရာ အဓိကရုဏ်းဖြစ်ပွား ခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများအကြား နှစ်ဖက်တင်းမာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာ ၂၂ ရက်က မိုးကြိုးပြင်အလယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ထိ လက်ပံတောင်းတောင်ဒေသခံကိုးဦးဒဏ်ရာရရှိခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်း ရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ် ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော် လည်း ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ ၂၃ ရက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ 

လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက် သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင် များကြား ပဋိပက္ခများဖြစ်ပွားပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ခြင်း ကြောင့် လက်ပံတောင်းတောင် အရေးလှုပ်ရှားသူများက ရန်ကုန် မြို့ တရုတ်သံရုံးရှေ့သို့ သွား ရောက်၍ တရုတ်လူမျိုးများ အသုံးပြုလေ့ရှိသော ရွှေစက္ကူ၊ ငွေစက္ကူများ မီးရှို့ဆန္ဒပြခဲ့ပြီး မြန်မာနိုင်ငံ မှ ၀မ်ပေါင်ကုမ္ပဏီထွက်ခွာသွားရန် ဒီဇင်ဘာ ၂၃ ရက် ညနေက တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ ၀င် ၂၀ ခန့်ကလည်း လက်ပံ တောင်းတောင်အရေးရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုကို ကန့် ကွက်ကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု) အမည်ရ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

7Day Daily 

No comments:

Post a Comment

My Blog List