Friday, December 26, 2014

လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်း အလောင်းကို စတင်စစ်ဆေး


Photo: လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်ထိမှန်သေဆုံးသူ
ဒေါ်ခင်ဝင်း အလောင်းကို စတင်စစ်ဆေး
Friday, December 26, 2014 

တောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ် ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အလောင်းကို ဒီဇင်ဘာ ၂၄ရက်က ဆားလင်းကြီးမြို့နယ် ဆေးရုံ၌ 
ဆရာဝန်များက ရင်ခွဲစစ် ဆေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဒီ ဇင်ဘာ ၂၂ရက်က ဒေသခံများ နှင့် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေး 
ယူထားသည့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့မှပစ် 
ခတ်ခဲ့သည့် ကျည်ဆန် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ် သက်ပြီး ဒီဇင်ဘာ၂၃ရက်က ဆား လင်းကြီးမြို့နယ် ရဲစခန်းမှူးက တရား လိုပြုလုပ်ကာ ပ-၄/၂ဝ၁၄ဖြင့် သေ မှုသေခင်းဖွင့်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ဝင်း၏ အလောင်း ကို ဆားလင်းကြီးမြို့နယ်မှ ဆရာ ဝန်များနှင့် မုံရွာဆေးရုံမှ ဆရာဝန် များက ခွဲစိတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုများ ထံ အတည်ပြု ပြောဆိုခဲ့ကြောင်း လက် ပံတောင်းတောင်ဒေသသို့ အကူအညီ ပေးရန် ရောက်ရှိနေသူ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုဥာဏ်လင်းက ရန်ကုန် တိုင်းမ်သို့ ပြောသည်။

''ဒါတောင်မှ ကျွန်တော်တို့က တော်တော် တောင်းဆိုရတာ။ ဆရာ ဝန်တွေဆီက မှတ်ချက်စကားလေးရ ဖို့။ သူတို့ဆေးစစ်ချက်နဲ့ ပတ်သက်လို့ မိသားစုတွေကို ပြောပြခဲ့တာ။ နဖူးက နေမှန်ပြီးတော့ နောက်ကနေ ပွင့်ထွက် သွားတာ''ဟု ပြောသည်။

သို့ရာတွင် ဒေါ်ခင်ဝင်းကို ထိမှန် ခဲ့သည့်ကျည်အမျိုးအစားနှင့် ပစ်ခတ် သည့် အကွာအဝေးခန့်မှန်းချက်ကို ဆရာဝန်များက ထုတ်ဖော်မပြောဆို ခဲ့ဟု ကိုဥာဏ်လင်းက ဆိုသည်။

ဒီဇင်ဘာ၂၂ရက် ပဋိပက္ခဖြစ်ပွား ချိန်အစပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖိုက်ဘာ ကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေါ်ခင်ဝင်းအား ကျည်အစစ်ဖြင့်ပစ် ခတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင် ကြုံတွေ့ခဲ့သူ ဆည်တည်းရွာသားတစ် ဦးက ပြောသည်။

''ပထမတော့ ဖိုက်ဘာကျည်နဲ့ပစ် တယ်။ နောက်တော့ ကျည်အစစ်တွေပါ လာတယ်။ ဒေါ်ခင်ဝင်းကို ကိုက်၃ဝ အတွင်းက ပစ်လိုက်တာလို့ ကျွန်တော် တို့ယူဆတယ်''ဟု ၄င်းက ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို မိုးကြိုးပြင်ရွာသို့ ပြန်လည်ယူဆောင် ကာ ဒီဇင်ဘာ ၂၄ ရက်ညနေဘက် တွင် သင်္ဂြိုဟ်မည်ဟု ဒေသခံများက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းဒေသရှိ လယ်ယာမြေ တချို့ကို ဝမ်ပေါင်ကုမ္ပဏီ၏စီမံကိန်း ပိုင်မြေများဖြစ်သည်ဟု ဆိုကာ ဝန်ထမ်း အင်အား၊ လုံခြုံရေးအင်အားဖြင့် ခြံ စည်းရိုးခတ်ခြင်း၊ ခြံစည်းရိုးခတ်ရာ နေရာတစ်လျှောက်ကို ဘူဒိုဇာများ၊ မြေ ကော်စက်များဖြင့် ဖယ်ရှားရှင်းလင်း ခဲ့ရာ ယင်းဒေသခံများ စိုက်ပျိုးထားသော အသီးအနှံခင်းများ ပျက်စီးခဲ့သည်။

ဒေသခံများက လာရောက်တား ဆီးကန့်ကွက်သည့်အတွက် ဒီဇင်ဘာ ၂၂ရက်နှင့်၂၃ရက်များတွင် ပဋိပက္ခ အခြေအနေတင်းမာခဲ့ပြီး နှစ်ရက်အ တွင်း ဒေသခံများဘက်မှ ဒဏ်ရာရသူ ၁၅ဦးအထိရှိခဲ့သည်ဟု ဆားလင်းကြီး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းခိုင်က ရန်ကုန် တိုင်းမ်သို့ပြောသည်။

ပဋိပက္ခတွင် ရဲတပ်ဖွဲ့မှ ဒဏ်ရာ ရသူများရှိခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရသည့် အတွက် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

|───────────Yangon Media Group ──────────|

တောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ် ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အလောင်းကို ဒီဇင်ဘာ ၂၄ရက်က ဆားလင်းကြီးမြို့နယ် ဆေးရုံ၌ဆရာဝန်များက ရင်ခွဲစစ် ဆေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဒီ ဇင်ဘာ ၂၂ရက်က ဒေသခံများ နှင့် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့မှပစ် ခတ်ခဲ့သည့် ကျည်ဆန် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ် သက်ပြီး ဒီဇင်ဘာ၂၃ရက်က ဆား လင်းကြီးမြို့နယ် ရဲစခန်းမှူးက တရား လိုပြုလုပ်ကာ ပ-၄/၂ဝ၁၄ဖြင့် သေ မှုသေခင်းဖွင့်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ဝင်း၏ အလောင်း ကို ဆားလင်းကြီးမြို့နယ်မှ ဆရာ ဝန်များနှင့် မုံရွာဆေးရုံမှ ဆရာဝန် များက ခွဲစိတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုများ ထံ အတည်ပြု ပြောဆိုခဲ့ကြောင်း လက် ပံတောင်းတောင်ဒေသသို့ အကူအညီ ပေးရန် ရောက်ရှိနေသူ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုဥာဏ်လင်းက ရန်ကုန် တိုင်းမ်သို့ ပြောသည်။

''ဒါတောင်မှ ကျွန်တော်တို့က တော်တော် တောင်းဆိုရတာ။ ဆရာ ဝန်တွေဆီက မှတ်ချက်စကားလေးရ ဖို့။ သူတို့ဆေးစစ်ချက်နဲ့ ပတ်သက်လို့ မိသားစုတွေကို ပြောပြခဲ့တာ။ နဖူးက နေမှန်ပြီးတော့ နောက်ကနေ ပွင့်ထွက် သွားတာ''ဟု ပြောသည်။

သို့ရာတွင် ဒေါ်ခင်ဝင်းကို ထိမှန် ခဲ့သည့်ကျည်အမျိုးအစားနှင့် ပစ်ခတ် သည့် အကွာအဝေးခန့်မှန်းချက်ကို ဆရာဝန်များက ထုတ်ဖော်မပြောဆို ခဲ့ဟု ကိုဥာဏ်လင်းက ဆိုသည်။

ဒီဇင်ဘာ၂၂ရက် ပဋိပက္ခဖြစ်ပွား ချိန်အစပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖိုက်ဘာ ကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေါ်ခင်ဝင်းအား ကျည်အစစ်ဖြင့်ပစ် ခတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင် ကြုံတွေ့ခဲ့သူ ဆည်တည်းရွာသားတစ် ဦးက ပြောသည်။

''ပထမတော့ ဖိုက်ဘာကျည်နဲ့ပစ် တယ်။ နောက်တော့ ကျည်အစစ်တွေပါ လာတယ်။ ဒေါ်ခင်ဝင်းကို ကိုက်၃ဝ အတွင်းက ပစ်လိုက်တာလို့ ကျွန်တော် တို့ယူဆတယ်''ဟု ၄င်းက ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို မိုးကြိုးပြင်ရွာသို့ ပြန်လည်ယူဆောင် ကာ ဒီဇင်ဘာ ၂၄ ရက်ညနေဘက် တွင် သင်္ဂြိုဟ်မည်ဟု ဒေသခံများက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းဒေသရှိ လယ်ယာ မြေ တချို့ကို ဝမ်ပေါင်ကုမ္ပဏီ၏စီမံကိန်း ပိုင်မြေများဖြစ်သည်ဟု ဆိုကာ ဝန်ထမ်း အင်အား၊ လုံခြုံရေး အင်အားဖြင့် ခြံ စည်းရိုးခတ်ခြင်း၊ ခြံစည်းရိုးခတ်ရာ နေရာတစ်လျှောက်ကို ဘူဒိုဇာများ၊ မြေ ကော်စက်များဖြင့် ဖယ်ရှားရှင်းလင်း ခဲ့ရာ ယင်းဒေသခံများ စိုက်ပျိုးထားသော အသီးအနှံခင်းများ ပျက်စီးခဲ့သည်။

ဒေသခံများက လာရောက်တား ဆီးကန့်ကွက်သည့်အတွက် ဒီဇင်ဘာ ၂၂ရက်နှင့်၂၃ရက်များတွင် ပဋိပက္ခ အခြေအနေတင်းမာခဲ့ပြီး နှစ်ရက်အ တွင်း ဒေသခံများဘက်မှ ဒဏ်ရာရသူ ၁၅ဦးအထိရှိခဲ့သည်ဟု ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းခိုင်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

ပဋိပက္ခတွင် ရဲတပ်ဖွဲ့မှ ဒဏ်ရာ ရသူများရှိခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရသည့် အတွက် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

|───────────Yangon Media Group ──────────|

No comments:

Post a Comment

My Blog List