Tuesday, December 23, 2014

အစိုးရသက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ဝေဖန်ခံရနိုင်ကြောင်း သူရဦးရွှေမန်းပြောကြား

Photo: အစိုးရသက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ဝေဖန်ခံရနိုင်ကြောင်း သူရဦးရွှေမန်းပြောကြား
Tuesday, December 23, 2014

အစိုးရသစ်သက်တမ်း အတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ပြည်သူများ ဝေဖန်စရာ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ သက်တမ်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းကာလမတိုင်မီ လယ်ယာမြေ ပြဿနာများကို အပြီးသတ် ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်သူတွေအတွက် တာဝန်မကျေတဲ့ ပြည်ထောင်စုလွှတ်တော် တာဝန်မခံ၊ တာဝန်မကျေတဲ့ အစိုးရအဖွဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရာတွင် မြေဂရန် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများထက် ဒေသခံများ၏ ထောက်ခံချက်သည်သာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်ထောင်စုအစိုးရက လယ်ယာမြေ အမှုအခင်းများကို ဖြေရှင်းရာတွင် မိုးသီးနှံများအတွက် ၂၀၁၄ ခုနှစ် ဇွန်လကုန် မတိုင်မီနှင့် ဆောင်းသီးနှံများအတွက် စက်တင်ဘာလ မတိုင်မီ ဖြေရှင်းပေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အတွင်း အတည်ပြုထားသည်။

ယင်းနောက် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဖွဲ့စည်းထားသော မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများထံသို့ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ခိုင်လုံသော အထောက်အထားများဖြင့် လျှောက်ထားနိုင်ကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

သို့သော်လည်း တောင်သူလယ်သမား အများစုမှာ ခိုင်လုံသော ဂရန်စာရွက် စာတမ်းများ မရှိခြင်းနှင့် စီမံကိန်းနှင့် သိမ်းဆည်းခံထားရခြင်းမှာ တပ်မတော်အစိုးရ လက်ထက်တွင် ဖြစ်သောကြောင့် လယ်ယာမြေ ပြဿနာများမှာ အစိုးရသစ် သက်တမ်းအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List