Thursday, December 25, 2014

ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)၏သားကို သေနတ်ကိုင်ဆောင်မှု အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲဆိုမည်ဟုဆို


ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘ၏သား ဂျီအီးတပ်ဝင်းအတွင်း သေနတ်ပစ်ဖောက်ခဲ့သူအား တရားစွဲဆိုရန် ဥပဒေ အ ကြံပြုချက်ကို ဒီဇင်ဘာ ၂၂ ရက်က တရားဝင်ရရှိခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း ဒဂုံမြို့နယ် တရားရုံး၌ တရားစွဲဆိုမည်ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

နိုဝင်ဘာ ၂၇ ရက်က ဒဂုံမြို့ နယ်အမှတ် (၉၅၄)ဆောက်လုပ် ရေးအင်ဂျင်နီယာ တပ်ဝင်း အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် ပစ္စတိုသေနတ်ကိုင်ဆောင် ပြီး သေနတ်နှစ်ချက်မိုးပေါ်ထောင် ပစ်ဖောက်ခဲ့၍ ဦးအောင်အောင်ဦး ကို တပ်ဖွဲ့ဝင်များလုံးထွေးဖမ်းဆီး ခဲ့ပြီး ဒဂုံစခန်း၌ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

‘‘တရားစွဲဆိုဖို့ ဥပဒေအကြံ ပြုချက်ကျပါပြီ။ အမှုတွဲတည် ဆောက်ပြီးရင် ဒဂုံမြို့နယ်တရား ရုံးကိုတင်မယ်။ ကျတာကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကကျတာ။ ဒီရက်ပိုင်းအတွင်း တရားစွဲမှာပါ’’ဟု အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ထားရသူ ဦးအောင်အောင်ဦး၏ ယာဉ်အတွင်း သေနတ်နှစ်လက်၊ ကျဉ်တစ်ကတ်၊ ဓားတစ်ချောင်း နှင့် စတီးတုတ်များသိမ်းဆည်းရမိ ခဲ့ပြီး ၎င်းအား သေကြောင်းကြံ စည်မှု၊ အကျိုးဖျက်ဆီးမှု၊ ဝတ္တ ရားနှောင့်ယှက်မှု၊ လက်နက်ကိုင် ဆောင်မှုတို့ဖြင့် တရားစွဲဆိုသွား မည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List