Thursday, December 25, 2014

တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်


Photo: တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
Thursday, December 25, 2014 

တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီးတရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင်တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)

7Day Daily

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)


တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အလုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေး ကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီး တရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင် တယ်’’ ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။


7Day Daily

No comments:

Post a Comment

My Blog List