Wednesday, December 24, 2014

ဂဠုန်ဆရာစံဦးဆောင်၍ တောင်သူလယ်သမားများက နယ်ချဲ့ကို စတင်တော်လှန်သောနေ့အား တောင်သူလယ်သမားနေ့ သတ်မှတ်ရန် လက်မှတ်များကောက်ခံ


Photo: ဂဠုန်ဆရာစံဦးဆောင်၍ တောင်သူလယ်သမားများက နယ်ချဲ့ကို စတင်တော်လှန်သောနေ့အား တောင်သူလယ်သမားနေ့ သတ်မှတ်ရန် လက်မှတ်များကောက်ခံ
Wednesday, December 24, 2014 

ဂဠုန်ဆရာစံဦးဆောင် သော တောင်သူလယ်သမားများ က နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်သော ဒီဇင်ဘာ ၂၃ရက်အား တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ပေးရန် လက် မှတ် ကောက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း) တို့က သာယာဝတီခရိုင်အ တွင်းရှိ ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ လက်မှတ်များ ကောက်ခံ၍ လွှတ်တော်သို့ တင် ပြ တောင်းခံသွားမည်ဖြစ်သည်။

‘‘စစ်အစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ တောင်သူ လယ်သမားနေ့ကို လုံးဝသဘော မတူပါဘူး။ လယ်သမားထု တစ် ရပ်လုံးက ရွေးချယ်အတည်ပြု မယ့် နေ့တစ်နေ့ကို သတ်မှတ်ပေး ဖို့ လိုတယ်။ ဒီနေ့ကို ပြင်ပေးဖို့ လည်း အကြိမ်ကြိမ်ပြောလာခဲ့ တာပါ’’ ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောသည်။

တောင်သူလယ်သမားများ ၏ သဘောဆန္ဒ ပါဝင်ခြင်းမရှိ သည့် တောင်သူလယ်သမားနေ့ သတ်မှတ်ထားခြင်းကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်ပြီး လယ် သမားများအတွက် ယင်းနေ့ သတ် မှတ်လိုက်ခြင်းမှာ အရေးကြီးအ ချက်မဟုတ်သော်လည်း လယ်သ မားထုတစ်ရပ်လုံး၏ ဆွေးနွေးအ ကြံပြုချက်များအတိုင်း သတ်မှတ် ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။လယ်သမားများ၏ အရေး ကြီးဆုံးအချက်ဖြစ်သည့် တောင် သူလယ်သမားများ၏ ဥပဒေ၊ နည်း ဥပဒေနှင့် မြေယာမူဝါဒများတွင် တောင်သူများကို ကာကွယ်ပေး ထားသည့်အချက်များ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၉၃၀ ဒီဇင်ဘာ ၂၃ ရက်တွင် ဆရာစံ ဦးဆောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး တစ်ရပ်အနေဖြင့် တောင်သူလယ်သမားများက စတင်ပုန်ကန်တော်လှန်ခဲ့ကြသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ သည်။ တောင်သူလယ်သမား နေ့ကိုမူ (မတ်လ၂ရက်) ဟု သတ် မှတ်ထားခဲ့သည်။

‘‘ရှစ်ဆယ့်ရှစ်အဖွဲ့က ဦး ဆောင်တာမဟုတ်ပါဘူး။ ဒေသ ခံတောင်သူတွေက ဦးဆောင်ပြီး လက်မှတ်ကောက်တာကို ၀ိုင်း ၀န်းကူညီတာပါ။ ရရှိတဲ့ လက် မှတ်တွေကို လွှတ်တော်တင်ပြီး တောင်းဆိုသွားမှာဖြစ်တယ်’’ ဟု လက်မှတ်ရေးထိုးကောက်ခံရာ တွင် ပါဝင်ကူညီဆောင်ရွက်သွား မည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ တောင်သူလယ် သမားရေးရာ ဒုတာဝန်ခံ ဦးမျိုးသန့် က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် ပေးရန် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ ပြည်သူများနှင့် NLD ဗဟိုကော်မတီဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာ တာဝန်ခံများ၊ NGO အဖွဲ့များသည် ဒီဇင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဖားရွှေကျော် ကျေးရွာ၌ ပြည်သူများစုပေါင်းကာ စတင်လက်မှတ်ထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာစံပူံတူရုပ်တုကျောက်တိုင် (ဓာတ်ပုံ −www.yeyintnge.com)

7Day Daily 
ဆရာစံပူံတူရုပ်တုကျောက်တိုင် (ဓာတ်ပုံ −www.yeyintnge.com)

ဂဠုန်ဆရာစံဦးဆောင် သော တောင်သူလယ်သမားများ က နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်သော ဒီဇင်ဘာ ၂၃ရက်အား တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ပေးရန် လက် မှတ် ကောက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း) တို့က သာယာဝတီခရိုင်အ တွင်းရှိ ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ လက်မှတ်များ ကောက်ခံ၍ လွှတ်တော်သို့ တင် ပြ တောင်းခံသွားမည်ဖြစ်သည်။

‘‘စစ်အစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ တောင်သူ လယ်သမားနေ့ကို လုံးဝသဘော မတူပါဘူး။ လယ်သမားထု တစ် ရပ်လုံးက ရွေးချယ်အတည်ပြု မယ့် နေ့တစ်နေ့ကို သတ်မှတ်ပေး ဖို့ လိုတယ်။ ဒီနေ့ကို ပြင်ပေးဖို့ လည်း အကြိမ်ကြိမ်ပြောလာခဲ့ တာပါ’’ ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောသည်။

တောင်သူလယ်သမားများ ၏ သဘောဆန္ဒ ပါဝင်ခြင်းမရှိ သည့် တောင်သူလယ်သမားနေ့ သတ်မှတ်ထားခြင်းကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်ပြီး လယ် သမားများအတွက် ယင်းနေ့ သတ် မှတ်လိုက်ခြင်းမှာ အရေးကြီးအ ချက်မဟုတ်သော်လည်း လယ်သ မားထုတစ်ရပ်လုံး၏ ဆွေးနွေးအ ကြံပြုချက်များအတိုင်း သတ်မှတ် ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။လယ်သမားများ၏ အရေး ကြီးဆုံးအချက်ဖြစ်သည့် တောင် သူလယ်သမားများ၏ ဥပဒေ၊ နည်း ဥပဒေနှင့် မြေယာမူဝါဒများတွင် တောင်သူများကို ကာကွယ်ပေး ထားသည့်အချက်များ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၉၃၀ ဒီဇင်ဘာ ၂၃ ရက်တွင် ဆရာစံ ဦးဆောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး တစ်ရပ်အနေဖြင့် တောင်သူလယ်သမားများက စတင်ပုန်ကန်တော်လှန်ခဲ့ကြသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ သည်။ တောင်သူလယ်သမား နေ့ကိုမူ (မတ်လ၂ရက်) ဟု သတ် မှတ်ထားခဲ့သည်။

‘‘ရှစ်ဆယ့်ရှစ်အဖွဲ့က ဦးဆောင်တာမဟုတ်ပါဘူး။ ဒေသခံတောင်သူတွေက ဦးဆောင်ပြီး လက်မှတ် ကောက်တာကို ၀ိုင်းဝန်းကူညီတာပါ။ ရရှိတဲ့ လက်မှတ်တွေကို လွှတ်တော်တင်ပြီး တောင်းဆိုသွား မှာဖြစ်တယ်’’ ဟု လက်မှတ်ရေးထိုးကောက်ခံရာ တွင် ပါဝင်ကူညီဆောင်ရွက်သွား မည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ တောင်သူလယ် သမားရေးရာ ဒုတာဝန်ခံ ဦးမျိုးသန့် က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် ပေးရန် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ ပြည်သူများနှင့် NLD ဗဟိုကော်မတီဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာ တာဝန်ခံများ၊ NGO အဖွဲ့များသည် ဒီဇင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဖားရွှေကျော် ကျေးရွာ၌ ပြည်သူများစုပေါင်းကာ စတင်လက်မှတ်ထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List